လုပ်ဖော်ကိုက်ဖက်ကောင်းတစ်ယောက်ဖြစ်ခြင်းကလည်း ဝန်ထမ်းတိုင်းမှာရှိသင့်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ အလုပ်ခွင်မှာအောင်မြင်ချင်တယ် ကိုယ်ရောက်နေတဲ့ နယ်ပယ်တစ်ခုမှာပျော်ရွှင်ချင်တယ်ဆိုရင် မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အလုပ်ခွင်ဝင်ရောက်နေသူတိုင်းသိထားသင့်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) လေးစားမှုရှိပါ

Source : YouWorkForThem

အလုပ်ခွင်တစ်ခုတည်းမှာ အတူတူအလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအချင်းချင်း လေးစားမှုရှိဖို့ကလည်း အရေးကြီးပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းလေးစားမှု Respect ထားချင်းက လုပ်ဖော်ကိုင်ဖက်ကောင်းတို့ရဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ ရာထူးကြီးသည် ငယ်သည်ကိုထည့်မတွက်ပဲ လူလူချင်းလေးစားမှုရှိစွာဆက်ဆံဖို့ လိုအပ်ပါတယ်။

(၂) နားထောင်ပေးပါ

Source : The Phat Startup

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ တစ်ဖက်လူရဲ့စကားတွေကို သေချာဂရုတစိုက်နားထောင်ပေးသင့်ပါတယ်။ တစ်ဖက်လူရဲ့စကားတွေကို သေချာအလေးနက်ထား နားထောင်ပေးတက်တဲ့အကျင့်က ပေါင်းသင်းဆက်ဆံရေးမှာ အခရာကျတဲ့အရာတစ်ခုဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစားမှုကိုလည်း ရရှိနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

(၃) အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်တက်ပါစေ

Source : Societeinclusive

Teamwork ဆိုတာယနေ့ခေတ် အလုပ်ခွင်တိုင်း ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းဖြစ်လာပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အကျင့်ကို သေချာလေ့ကျင့်ထားသင့်ပါတယ်။ အားလုံးနဲ့ လိုက်လျောညီထွေမှုရှိစွာနေတက်ပြီး Teamwork ကောင်းကောင်းနဲ့အလုပ်လုပ်တက်တယ်ဆိုရင် သင့်ဟာလုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်လို့ဆိုနိုင်ပါတယ်။

(၄) ကူညီပါ

Source : XAPT

လုပ်ဖော်ကိုင်ဖက်အချင်းချင်းဖေးမကူညီတက်တဲ့အကျင့်ကလည်း လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အခက်အခဲတိုင်းကို လိုက်လံဖြေရှင်းပေးဖို့မဖြစ်နိုင်ပေမယ့်လည်း ကိုယ့်အနေနဲ့ အပန်းမကြီးဘူး ကိုယ့်ရဲ့ကူညီမှုလေးတွေကြောင့် တဖက်လူလည်း တကယ်ပဲအဆင်ပြေသွားမယ်ဆိုရင် မျော်လင့်ချက်မပါတဲ့ကူညီမှုဖြင့် ရိုးသားစွာကူညီပေးလိုက်ပါ။