ယောင်္ကျားဆန်ခြင်း Manliness ဆိုတာ အရင်ကတော့ အားကောင်းသန်မာတာ ၊ ထောင်ကျပြားကျနေနိုင်တာနဲ့ သတ္တိကောင်းတာလောက်ကို ညွှန်းပါတယ်။ အခုခေတ်လို ရှုပ်ထွေးပြီး စံနှုန်းတွေ ပြားလာတဲ့ခေတ်မှာ ယောင်္ကျားပီသခြင်းနဲ့ ယောင်္ကျားပီသသူတွေမှာ ပါတဲ့ အသွင်လက္ခဏာတွေအကြောင်း ယူဆချက်တွေလည်း ဆန်းသစ်လာပြီ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ယောင်္ကျားပီသတယ်ဆိုတာကို အခုပြောတဲ့အချက်တွေနဲ့ တိုက်ဆိုင်ညှိနှိုင်းလေ့ရှိကြပါတယ်။

(၁) စာနာစိတ် ရှိပါ

closeup-business-man-offering-hand-handshake

Photo: Freepik

စာနာစိတ်ရှိခြင်းဟာ လူသားဆန်မှုရဲ့ အဓိကအသွင်အပြင်ပါပဲ။ ယောင်္ကျားပီသသူတစ်ယောက်ဟာ ဆူကြုံနိမ့်မြင့်မရွေး ကြုံလာသူတွေကို လေးစားစာနာစိတ်နဲ့ ဆက်ဆံတဲ့အကျင့် ရှိပါတယ်။ ဒါကြောင့် ယောင်္ကျားပီသတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေရင် စာနာစိတ်ရှိရဲ့လားဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။

(၂) ကိုယ်သိထားတာတွေ မေ့ပစ်ပါ

student-online-learning-from-home

Photo: Freepik

အရင်က သိထားတဲ့ အရာတွေ မေ့ထားပါ။ ဘဝမှာ လေ့လာစရာတွေ သိပ်များပါတယ်။ ကိုယ်သိထားတာတွေအကြောင်းပဲ အာရုံစိုက်လွန်းရင် ကိုယ်မသိသေးတဲ့အရာတွေ ဆုံးရှုံးရနိုင်ပါတယ်။

(၃) မပြိုင်ဆိုင်နဲ့

young-smiling-asian-man-relaxing-using-laptop-computer-working-video-conference-meeting-home-young-creative-man-looking-screen-typing-message-with-smartphone-work-from-home-concept

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ယောင်္ကျားတစ်ယောက်ဟာ သူများတွေနဲ့ လိုက်ပြီး တုပ ပြိုင်ဆိုင်တာထက် ကိုယ့်အတွက် အကောင်းဆုံးဆိုတဲ့အရာတွေနောက် လိုက်ဖို့ပဲ အာရုံစိုက်လေ့ရှိပါတယ်။ ပြိုင်ဆိုင်မှုဆိုတာထက် အကောင်းဆုံးဖြစ်အောင် လုပ်တာဟာ တိုးတက်တဲ့ ယောင်္ကျားတွေရဲ့ စရိုက်ကောင်းတစ်မျိုးပါပဲ။

(၄) အတွေးအခေါ် ရှိပါ

young-smiling-asian-man-relaxing-using-laptop-computer-working-video-conference-meeting-home-young-creative-man-looking-screen-typing-message-with-smartphone-work-from-home-concept

Photo: Freepik

တွေးတတ်ခေါ်တတ်တဲ့သူ ဖြစ်ပါစေ။ ကိုယ့်ခေါင်းကို ချွန်အောင်မြအောင် တွေးတဲ့အကျင့်နဲ့ လုပ်ထားပါ။ ကိစ္စတိုင်းမှာ ခေါင်းအေးအေးနဲ့ အမြော်အမြင်ရှိရှိ ကြိုတွေးတတ်ဖို့ လိုပါတယ်။

(၅) ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်အောင်လုပ်ပါ

successfully-young-businessman-keeping-arms-raised-expressing-positivity-while-standing-outdoors

Photo: Freepik

ကိုယ့်မှာ ဖြစ်ချင်တဲ့ဆန္ဒတစ်ခု အိပ်မက်တစ်ခုရှိတယ်ဆိုရင် အဲ့ဒီဆန္ဒ ၊ အိပ်မက်ကို ဖြစ်အောင် အကောင်အထည်ဖော်ပါ။ ကိုယ်ဖြစ်ချင်ခဲ့တဲ့အရာတွေကို မျက်ကွယ်ပြုလိုက်ရပြီး ဘဝကို မျှောလိုက်သွားတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။