တကယ်တွေးကြည့်လိုက်မယ်ဆိုရင် လူ့သက်တမ်းက ထင်သလောက် မရှည်ပါဘူး။ ပြီးတော့ လူ့ဘဝက ရခဲတယ်လို့ လူကြီးသူမတွေ ပြောတာကို ကြားဖူးကြမှာပါ။ ဒီလို ရခဲလှတဲ့ လူ့ဘဝကို ပျော်ရွှင်စွာဖြတ်သန်းမလား စိတ်ဆင်းရဲစရာတွေနဲ့ ဖြတ်သန်းမလားဆိုတာကတော့ သင့်အပေါ်မှာမူတည်ပါတယ်။ ဒီနေ့ kwee page က ပျော်ရွှင်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုတွေနေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
ကျန်းမာရေးဂရုစိုက်ပါ

Source: www.slma
ဘဝမှာ အရေးကြီးတာကို နံပါတ်စဉ်တပ်လိုက်မယ်ဆိုရင် ကျန်းမာရေးက နံပါတ် (၁) နေရာမှာရှိနေမှာပါ။ ကျန်းမာမှ ဘဝရည်မှန်းချက်တွေ ကိုအကောင်အထည်ဖော်နိုင်မှာဖြစ်သလို ကျန်းမာမှလည်း ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ တစ်ချို့တွေက ကျန်းမာရေးကို မေ့ထားပြီး ပိုက်ဆံကိုသာ ရှာဖွေနေကြပါတယ်။ တဖြည်းဖြည်းနဲ့ ကျန်းမာရေးက ချို့ယွင်းလာပြီး မကျန်းမာခြင်းတွေ ဖြစ်လာတော့မှ ဆရာဝန်တွေ ပြတာ ဆေးစားတာတွေ လုပ်တက်ကြတယ်။
တစ်ချို့ရောဂါတွေက ကုသလိုရပေမယ့် တစ်ချို့ရောဂါတွေကျတော့ ကုသလို့ မရဘဲ အခြေအနေ မဆိုးရွားလာအောင် ထိန်းထားလို့သာရပါတယ်။ ကျန်းမာရေး ဆိုးရွားလာမှ ဆရာဝန်ဆီသွားမယ်ဆိုတာက ကောင်းတဲ့အချက် မဟုတ်ပါဘူး။ တစ်နှစ်ကို အနည်းဆုံးတစ်ကြိမ်လောက်တော့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ ကျန်းမာရေးဆိုတာ မဖြစ်ခင်ကာကွယ်တာက အကုန်အကျ နည်းသလို စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ခြင်းကိုလည်း သက်သာစေပါတယ်။
အစာအာဟာရကို ဂရုစိုက်ပါ

Source: Medical News Today
ကျန်းမာအသက်ရှည်ဖို့ လူတစ်ယောက်က တစ်နေ့တာလိုအပ်တဲ့ အစာအာဟာရကို ပြည့်ဝစွာ စားပေးဖို့ လိုပါတယ်။ ကိုယ်က ဒါကြိုက်လို့ ဒါချည်းပဲ စားတာမျိုးထက် နည်းနည်းစီ အာဟာရစုံစုံလင်လင် စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဘာတွေစားရမလဲဆိုရင် အသား၊ ငါး၊ ပင်လယ်စာ၊ နို့ထွက်ပစ္စည်း၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဂျုံတွေကို နည်းနည်းစီစားပေးရမှာပါ။
လေ့ကျင့်ခန်းလုပ်ပါ

Source: Foundation for Sarcoidosis Research
အထိုင်များတဲ့အခါ လူက သွေးလေးပြီး ကယ်လိုရီတွေ မလောင်ကျွမ်းနိုင်ဘဲရှိတက်ပါတယ်။ အဝလွန်ခြင်းက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ၊ အသည်းအဆီဖုံးတာတွေ ဖြစ်စေနိုင်ပါတယ်။ လူက တက်တက်ကြွကြွမရှိတော့ လေးလံထိုင်းမှိုင်းပြီး ကြွက်သားတွေ၊ အရိုးအဆစ်တွေလည်း အားနည်းလာမယ်နော်။ ဒါကြောင့် အသက်ကြီးမှ ပိန်လှီပြီး အရိုးမကောင်းတဲ့အခြေအနေမျိုး မရောက်အောင် လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးဖို့ တိုက်တွန်းပါရစေ။
စိတ်ကျန်းမာရေး ဂရုစိုက်ပါ

Source: Wallpaper Data
လူတစ်ယောက်ပျော်ရွှင်ဖို့အတွက် စိတ်ချမ်းသာဖို့ကလည်း အရေးကြီးပါတယ်။ ရောဂါပေါင်းစုံဖြစ်စေတဲ့ စိတ်ဖိစီးမှုကို အမြန်ဆုံး လျှော့ချပါ။ လူကဘယ်လောက်ပဲ ဥစ္စာဓနပေါများနေနေ စိတ်မချမ်းသာ၊ လူမကျန်းမာရင် အလကားပါပဲ။
အတွေ့အကြုံသစ်တွေ ရှာဖွေပါ

Source: Society19
နေ့စဉ်တူညီတဲ့ ပတ်ဝန်းကျင်တူညီတဲ့ အလုပ်တွေမှာသာ လည်ပတ်နေရင် သိပ်ကို ပျင်းဖို့ ကောင်းသွားပါတယ်။။ အလုပ်မအားတဲ့ကြားက ကိုယ့်အတွက် သီးသန့်အချိန်ပိုလေး တစ်ခုထားထားပြီး အဲ့အချိန်မှာ ကိုယ်စိတ်ချမ်းသာစေမယ့် ဝါသနာလေးတွေလုပ်တာ၊ ဒါမှမဟုတ် ကိုယ်တစ်ခါမှ မလုပ်ဖူးတဲ့ အရာတစ်ခုကို စမ်းလုပ်ကြည့်တာ၊ လူမှုအဖွဲ့အစည်းတွေမှာ ဝင်ရောက်အားဖြည့်ကူညီပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ အနည်းဆုံးတော့ စိတ်ကို လွတ်လပ်ပေါ့ပါးစေပြီး တစ်သမတ်တည်းသွားနေရတဲ့ ဘဝသံသရာကလည်း လွတ်မြောက်နိုင်မှာပါ။
