စိတ်ပညာနှင့် စိတ်ကျန်းမာရေးမှာ အလွယ်တကူစိတ်ရှုပ်တတ်တာအတွက် သတ်မှတ်ချက်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုတာမျိုးတွေမရှိပါဘူး။ တကယ်တော့ အလွယ်တကူစိတ်ရှုပ်တတ်တယ်ဆိုတာ သင့်စိတ်ကသိပ်မကောင်းတဲ့ခံစားချက်မှာရှိနေပြီး ဘာကြောင့်မှန်းမသိတာကြောင့်ဖြစ်ပါတယ်။ ကိုယ့်မျက်နှာမှုန်တေတေဖြစ်တာကို ကိုယ်ဘာကိုမကျေနပ်ဖြစ်ပြီး ထပ်စိတ်ရှုပ်ရနဲ့ သံသရာလည်နေတတ်ပါတယ်။ သင်လဲဒီလိုလူတွေထဲက တစ်ယောက်ဆိုရင် အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။
(၁) စိတ်ရှုပ်နေတယ်ဆိုတာကို ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါ

Source : Shutterstock
ဒါနဲ့ပတ်သတ်လို့ ပထမဆုံးအမှားက ကိုယ့်ကိုယ်ကို မျက်နှာသုန်မှုန်နေတယ်၊ စိတ်ရှုပ်နေတယ်ဆိုတာကို ဟန် ဆောင်ဖုံးကွယ်ပြီး ငြင်းလိုက်တာပဲဖြစ်ပါတယ်။ သင်သတိမထားမိတဲ့ဘယ်အရာကိုမှ ပိုကောင်းလာအောင်လုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်ပထမဆုံးအနေနဲ့ သင်စိတ်ရှုပ်လာတဲ့အခါ သင့်အနေနဲ့ အဲ့ဒါကိုအသိအမှတ်ပြုရမှာဖြစ်ပါတယ်။
(၂) ဘာကြောင့်စိတ်ရှုပ်တယ်ဆိုတဲ့ အကြောင်းအရင်းကို စူးစမ်းပါ

Source : Shutterstock
သင့်အနေနဲ့ စိတ်ရှုပ်ရတဲ့အကြောင်းအရင်းကိုရှာတဲ့အခါ စိတ်ရှည်ဖို့လိုပါတယ်။ အစပိုင်းမှာ ပိုစိတ်ရှုပ်ထွေးတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒါကနောက်ပိုင်းမှာ သင့်ကိုပိုအဆင်ပြေစေတဲ့ နည်းလမ်းတစ်ခုနဲ့ မရှိမဖြစ်စွမ်းရည်တခုဖြစ်လာစေပါလိမ့်မယ်။ သင့်အတွေးတွေကို ဝေဖန်ကဲ့ရဲ့သုံးသပ်တာမျိုးမလုပ်ဘဲအရှိ အတိုင်းပဲတွေးဖို့ကြိုးစားပါ။
(၃) ရှောင်မပြေးပါနဲ့

Source : Shutterstock
အလွယ်တကူစိတ်ရှုပ်တတ်တဲ့ လူအများစုက သူတို့စိတ်ရှုပ်ရတဲ့အကြောင်းအရင်းကို စိတ်ပျက်ရင်ပျက်၊ မပျက်ရင် ရှောင်ပြေးတတ်ကြပါတယ်။ ပိုကောင်းတဲ့နည်းလမ်းက သင့်ရဲ့စိတ်ရှုပ်မှုကိုလိုလိုလားလား လက်ခံပေးဖို့ပါ။ ဆိုလိုတာက သင့်ကိုယ်သင်စိတ်ရှုပ်နေတာကိုအသိအမှတ်ပြုလိုက်ပြီး လုပ်စရာရှိတာကိုတော့အေးအေးဆေးဆေးပဲ ဆက်လုပ်သွားမယ်လို့ ကိုယ့်ကိုယ်ကိုအသိပေးလိုက်ဖို့ပါ။
(၄) ကြိုဆိုလက်ခံပါ

Source : Shutterstock
သင့်အနေနဲ့ စိတ်ရှုပ်တာကိုကြိုဆိုလက်ခံလိုက်တဲ့အခါ ဦးနှောက်ကိုမကောင်းတဲ့ ခြိမ်းခြောက်မှုမဟုတ်တဲ့ အကြောင်းသတင်းပို့လိုက်တာဖြစ်ပြီး နောက်ထပ်စိတ်ရှုပ်စရာ တွေထပ်မတွေးမိအောင်လေ့ကျင့်ပေး တာပဲဖြစ်ပါတယ်။ ဒါဆို အလွယ်တကူစိတ်ရှုပ်ထွေးတတ်ခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေ ကိုပါဖြေရှင်းပြီးသားဖြစ်သွားတာကို အံ့သြလောက်အောင်တွေ့ရပါလိမ့်မယ်။
”
