အခုဆိုရင် ကိုဗစ်တတိယလှိုင်းကြောင့် တချို့အလုပ်တွေက Work From Home အဖြစ် ပြန်လည်စတင်လိုက်ကြပြန်ပါပြီ။ တချို့ယောကျာ်းများအတွက်တော့ မိမိအိမ်မှာ အလုပ်လုပ်ရခြင်းသည် ရုံးမှာအလုပ်လုပ်ရတာလောက် အလုပ်လုပ်နိုင်စွမ်းရည် မမြင့်မားစေဘူးလို့ ယူဆကြပါတယ်။

အိမ်မှာ အလုပ်လုပ်ရခြင်းသည် ကိုယ်ပိုင်နားချိန်များကို ထိခိုက်စေပြီး အလုပ်လည်း မတွင်ကျယ်ဘူးလို့ ထင်မှတ်ကြပါတယ်။ ထိုကဲ့သို့ ထင်မှတ်နေကြသော ယောကျာ်းများအတွက် တစ်နေ့တာလုံးကို Productive ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

တစ်နေ့တာလုံးအတွက် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို ချရေးထားပါ

tips for men to be productive everday

လေ့လာတွေ့ရှိချက်များအရ ကိုယ့်ရဲ့တစ်နေ့တာ လုပ်ဆောင်စရာများအတွက် ချရေးထားခြင်းသည် စိတ်ထဲတွင်သာ မှတ်ထားသူများထက် ၃၃ ရာခိုင်နှုန်းခန့် အလုပ်ပိုမို ပြီးမြောက်တာကို လေ့လာတွေ့ရှိရပါတယ်။

ခက်ခဲသောအလုပ်ကို အရင်လုပ်ပါ

tips for men to be productive everday

ကျွန်တော်တို့တွေရဲ့အကျင့်က ခက်တဲ့အရာဆိုရင် နောက်ဆုံးမှ လုပ်ဖို့ အချိန်ဆွဲတတ်ကြပါတယ်။ အချိန်ဆွဲတာ များလာလေ လုပ်ချင်စိတ် မရှိလေပါပဲ။ ဒါ့ကြောင့် အခက်ခဲဆုံးအလုပ်ကို ထမင်းစားချိန်မတိုင်ခင်မှာ ပြီးအောင် အရင်လုပ်ရပါမယ်။

ဆိုရှယ်မီဒီယာများကို မသုံးမိအောင် ကြိုးစားပါ

tips for men to be productive everday

သင် အလုပ်လုပ်တဲ့အချိန်မှာ ဖုန်းကို သင် လက်လှမ်းမမှီတဲ့နေရာမှာ ထားထားပါ။ Facebook တို့ Twitter တို့ သုံးတယ်ဆိုရင်လည်း ခဏလောက် Log Out လုပ်ထားပါ။ ဒါဆိုရင်တော့ စိတ်အာရုံပျံ့လွှင့်ခြင်းမှ ကာကွယ်နိုင်ပြီး ကိုယ်လုပ်စရာရှိတဲ့အလုပ်များကို မြန်မြန်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါတယ်။

စည်းကမ်းချမှတ်ထားပါ

tips for men to be productive everday

အိမ်မှာ အလုပ်လုပ်ရတဲ့အခါ ကြိုက်တဲ့အချိန် အလုပ်လုပ်လို့ရပြီး အလုပ်ချိန်က Flexible ဖြစ်ပါတယ်။ သင် မုန့်စားချင်တဲ့အချိန် ထစားလို့ရသလို ညဝတ်အင်္ကျီနဲ့ အလုပ်လုပ်ချင်လည်း လုပ်လို့ရပါတယ်။ ဒါပေမဲ့ ထိုကဲ့သို့ ပြုလုပ်ဖန်များလာပါက သင့်ရဲ့ Motivation လည်း တဖြည်းဖြည်းကျလာမှာဖြစ်သလို စိတ်ကျရောဂါတောင် ခံစားရလာနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို အလိုမလိုက်ဘဲ စည်းနဲ့ကမ်းနဲ့ ထိန်းမတ်သင့်ပါတယ်။

မနက်စာ စားပြီးတဲ့အချိန်ထိ ဖုန်းမသုံးပါနဲ့

tips for men to be productive everday

ယနေ့ခေတ်မှာ လူ ၁၀၀ မှာ ၁ ယောက်လောက်က မနက်နိုးလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဖုန်းကို စစ်တတ်ကြပါတယ်။ ထိုကဲ့သို့ အိပ်ရာနိုးနိုးချင်း ဖုန်းသုံးခြင်းသည် သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် မနက်စာ စားပြီးတဲ့အချိန်ထိ ဖုန်းမသုံးဘဲ နေရပါတယ်။ မနက်အိပ်ရာနိုးပြီး နှစ်နာရီကြာမှ ဖုန်းသုံးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ထိုနှစ်နာရီအတွင်းမှာ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် တရားထိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်ပါ

tips for men to be productive everday

လေ့လာတွေ့ရှိချက်များအရ တစ်နေ့လျှင် ၁၀ မိနစ်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးရုံမျှဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေပြီး စိတ်ကျရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးပါတယ်။ ကမ္ဘာကျော်မင်းသားကြီး Tom Cruise သည်လည်း သူ့ရဲ့တစ်နေ့တာကို လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် အစပြုကာ တစ်နေ့တာလုံး Productive ဖြစ်အောင် ကျင့်ကြံနေထိုင်ပါတယ်။

Source: Clickup.com