လူဦးရေ (၅၀) ရာခိုင်နှုန်းဟာ ကျောင်းပြီးတာနဲ့ စာအုပ်မကိုင်ကြတော့တာ များပါတယ်။ ဒီထဲလူတော်တော်များများဟာ ကျောင်းတုန်းက စာတော်တဲ့ကျောင်းသားတွေထဲမှာ ပါတဲ့လူတွေပါ။ ဒီလူတွေဟာ အရာရာကို နားလည်ပြီးထားကြသူတွေပါ။ ကျောင်းမှာတော့ အမှတ်ကောင်းပြီး လူအထင်ကြီးလေစားမှုကို ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝထဲလည်းရောက်ရော အားလုံးရုတ်တရက် ပျောက်ကွယ်သွားကြပါတယ်။ ဒီလိုဖြစ်ရတာက အစွမ်းအစမရှိလို့မဟုတ်ဘဲ ပျင်းရိသွားကြလို့ပါ။

ဒီနေ့ kwee page က လူတော်တွေထက် ပိုတော်စေတဲ့ နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

ပိုက်ဆံ

Source: Debt.com

ဘယ်စာရေးဆရာရဲ့ စာအုပ်ကိုမှ ဖက်တယ်ဆိုတာ အရေးမကြီးပါဘူး။ လူတွေက စာရေးဆရာတွေ အပေါ် အစွဲအလန်းကြီးကြပါတယ်။ ပြီးတော့ ရောင်းအားအကောင်းဆုံး နဲ့ ဈေးအကြီးဆုံးဆိုတဲ့ စာအုပ်တွေဖက်မှ လူအထင်ကြီးခံရမယ်လို့ ယူဆကြပါတယ်။ ဒီလိုလုပ်တာက ပိုက်ဆံဖြုန်းရာရောက်ပါတယ်။

တကယ်အကျိုးရှိမယ့် စာအုပ်တစ်အုပ်၊ နှစ်အုပ်လောက်ကိုပဲဖတ်ပါ။ ပြီးရင်အစီအစဉ်တွေချပါ။ တကယ်တော့ ကုန်သွားတဲ့ ပိုက်ဆံကအရေးမကြီးပါဘူး။ ပိုက်ဆံကို ဘယ်လိုအကျိုးရှိရှိသုံးတတ်လဲ။ မဖြုန်းတီးတတ်လဲဆိုတာကသာ အရေးကြီးတာပါ။

စီးပွားရေးအကြောင်း ဖက်ရှုလေ့လာပါ

Source: Forbes

သင် ဘာအလုပ်လုပ်နေလဲဆိုတာ အရေးမကြီးပါဘူး။ စီးပွားရေးအကြောင်း ဖက်ရှုလေ့လာပါ။ ကောင်းကောင်းမလည်ပတ်နိုင်တော့တဲ့ စီးပွားရေးတွေ နလန်ပြန်ထူလာအောင် ဘယ်လိုပြောင်းလဲ နိုင်လဲဆိုတာကိုလည်း လေ့လာထားပါ။ အသေးစားစီးပွားရေးလုပ်ငန်းတွေ၊ စွန့်ဦးတီထွင်သူတွေ၊ ဒါတွေကိုလေ့လာထားပါ။

ဘဝအကြောင်း လေ့လာသင်ယူပါ

Source: Buddhaimonia

ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် လူတွေရဲ့သဘောသဘာဝကို လေ့လာထားပါ။ လူတွေရဲ့စိတ်နေစိတ်ထားပေါ့။ လူတွေအကြောင်း ပိုသိလေ၊ အလုပ်လုပ်ရပိုလွယ်လေပဲလေ။

ကျန်းမာရေးဂရုစိုက်ပါ

Source: Medical-Express-Clinic

ပိုက်ဆံ၊ အလုပ်၊ မိတ်ဆွေအပေါင်းအသင်း အစရှိတာတွေထက် အရေးကြီးတာကတော့ သင့်ရဲ့ကျန်းမားရေးပါပဲ။ ကျန်းမာရေးမကောင်းဘူးဆိုရင် ပိုက်ဆံလည်း ရှာနိုင်မှာမဟုတ်သလို အလုပ်လည်းလုပ်နိုင်မှာမဟုတ်ပါဘူး။ မိမိကိုယ်တိုင် ကျန်းမာရေးမကောင်းပါက မိသားစုကိုလည်း ဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အောင်မြင်နေသူတော်တော်များများဟာ ကျန်းမာရေးကို အခြားအရာတွေထက်ပိုပြီး ဂရုစိုက်ကြပါတယ်။