အလုပ်မှာရော မိမိကိုယ်ပိုင်ဘဝမှာပါ အောင်မြင်တဲ့သူတွေက မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ လူအများနှင့် လိုက်လျောညီထွေမှုရှိစွာ ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ မျှော်လင့်မှုရှိခြင်းနှင့် အကောင်းမြင်စိတ်ရှိခြင်း စတဲ့ အရည်အချင်း (၄) မျိုးစီ ပိုင်ဆိုင်ထားကြပါတယ်။

သင့်အနေနဲ့ အောင်မြင်မှုကို အချိန်တိုအတွင်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အထက်ဖော်ပြပါအရည်အချင်း (၄) မျိုးစလုံး ပိုင်ဆိုင်ထားရမှာဖြစ်သလို အခုဖော်ပြပေးမယ့် အချက်များကိုလည်း တသဝေမတိမ်းလိုက်နာတတ်ဖို့လိုပါတယ်။

ကျေးဇူးတင်သင့်သည့်အရာများကို ချရေးထားပါ

tips for men to be successful within a short amount of time

Photo Source: Freedesignfile.com

သင် ဒုက္ခရောက်နေချိန်မှာ ကူညီပေးဖူးသည့်သူများ၊ ကျေးဇူးတင်စရာကောင်းသည့်အရာများကို ချရေးထားပါ။ သင် ဆန္ဒရှိမယ်ဆိုရင် ထိုသူများထံ ကျေးဇူးတင်လွှာ ပေးပို့ကာ ကျေးဇူးတင်လိုက်ပါ။ လက်ခံရရှိသူကလည်း ပီတိပျော်ရွှင်မှုကို ခံစားရမှာပါ။

ထို့အတူပဲ အိပ်ရာမဝင်ခင်မှာ တစ်နေ့တာလုံးအတွက် ခံစားခဲ့ရတဲ့ ကောင်းချီးမင်္ဂလာများကို ချရေးထားပြီးမှသာ အိပ်ရာဝင်ပါ။ ဘာ့ကြောင့် ထိုကဲ့သို့ ပြုလုပ်ခိုင်းရသလဲဆိုတော့ ကျွန်တော်တို့အားလုံးသည် အကြောက်တရားများ၊ ပြဿနာများကိုသာ အဓိကအာရုံထားမိပြီး မိမိမှာရှိတဲ့အရာများအတွက် ကျေးဇူးတင်ဖို့ကိုတော့ မေ့လျော့တတ်ကြလို့ပဲဖြစ်ပါတယ်။

စိတ်လက်အပန်းဖြေဖို့လည်း မမေ့ပါနဲ့

tips for men to be successful within a short amount of time

Photo Source: Freepik.com

သင့်မှာ အလုပ်တွေ တောင်ပုံယာယုံဖြစ်နေတယ်ဆိုရင်တောင်မှ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ဖို့နဲ့ မိနစ်အနည်းငယ်ခန့် တရားထိုင်ပေးဖို့ မမေ့ပါနဲ့။ ၁၅ မိနစ်ခန့် ပြုလုပ်ပေးနိုင်တယ်ဆိုရင်တောင်မှ သင့်ရဲ့စိတ်သည် ကြည်လင်မှာဖြစ်ပြီး ခေါင်းလည်းရှင်းပါတယ်။ ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

ပြဿနာများကို အခွင့်အရေးအဖြစ် ပြောင်းလဲလိုက်ပါ

tips for men to be successful within a short amount of time

Photo Source: iStock.com

လူတိုင်းသည် ဘဝမှာ တစ်နေ့မဟုတ်တစ်နေ့တော့ စိန်ခေါ်မှုတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ထိုစိန်ခေါ်မှုများ၊ ပြဿနာများကို စိုးရိမ်ပူပန်နေမယ့်အစား မိမိတတ်နိုင်သမျှ ခွန်အားနဲ့ အကောင်းဆုံးရင်ဆိုင်ကာ ထိုစိန်ခေါ်မှုများကို မိမိရဲ့အောင်မြင်မှုအတွက် လှေကားထစ်များသဖွယ် အသုံးချလိုက်ပါ။

လက်တွေ့ဆန်သော ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ထားပါ

tips for men to be successful within a short amount of time

Photo Source: Vecteezy.com

သင့်ရဲ့ရည်မှန်းချက်များသည် သင် အမှန်တကယ် ပြုလုပ်နိုင်သော ရည်မှန်းချက်ပန်းတိုင်များဖြစ်ပြီး လက်တွေ့ဆန်ဖို့လိုပါတယ်။ သင့်ရဲ့ပန်းတိုင်သည် သင့်အတွက် အရမ်းကြီး လွယ်ကူနေရမှာမဟုတ်သလို အင်မတန်ခက်ခဲလွန်းတဲ့ရည်မှန်းချက်တစ်ခုလည်း မဖြစ်ရပါဘူး။ ရည်မှန်းချက် အရမ်းမြင့်မားလွန်းတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တတ်ပြီး ပန်းတိုင်မရောက်ခင်မှာ လက်လျော့တတ်ကြပါလို့ပဲဖြစ်ပါတယ်။

မိမိရဲ့ပိုက်ဆံကို ဇိမ်ခံပစ္စည်းများအတွက် သုံးဖြုန်းမယ့်အစား အတွေ့အကြုံများအတွက် ရင်းနှီးမြှုပ်နှံပါ

tips for men to be successful within a short amount of time

Photo Source: iStock.com

မိမိစိတ်ဝင်စားတဲ့ ဝါသနာ၊ ဘာသာရပ်များနှင့် မိမိရဲ့လုပ်ငန်းအတွက် အထောက်အကူဖြစ်မယ့်အရာတွေအတွက် ရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။ ဇိမ်ခံပစ္စည်းများသည် သင့်လက်ထဲရောက်သွားသည်နှင့် မော်ဒယ်နိမ့်သွားမှာဖြစ်ပြီး အတွေ့အကြုံကောင်းများကတော့ သင့်ဘဝအောင်မြင်ရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

Source: Blogs.scientificamerican.com