ဒီနေ့ခေတ်မှာ ကျောင်းသားတစ်ယောက်ဟာလည်း ကျောင်းတက်ရင်းနဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပြီ ဖြစ်ပါတယ်။ တကယ်တော့ ဘွဲ့ရတဲ့ လူတစ်ယောက်တောင် အလုပ်ရဖို့ မလွယ်တဲ့ ခေတ်ကြီးမှာ ကျောင်းတက်ရင်း လုပ်ငန်းတစ်ခု ထောင်နိုင်သူဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့်လည်း အခုပြောမယ့် နည်းလမ်းလေးတွေကို အသုံးချမယ်ဆိုရင်တော့ ကျောင်းတက်ရင်းနဲ့ လုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

(၁) ကော်ပိုရေးရှင်းတွေကနေ ပေးတဲ့ Training တန်းများ

Source: IT Slate Consulting

ဒီဘက်ခေတ်မှာ ကုမ္ပဏီကြီးတွေကနေ ကျောင်းတွေမှာ စပွန်ဆာပေးပြီး အပြင် သင်တန်းတွေ (ဥပမာ- Programming ၊ Web Design ၊ HR ၊ Business & Management အစရှိသည်) ဖွင့်ပြီး လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်လာပါတယ်။ ဒီလိုသင်တန်းတွေကို မလွတ်တမ်းတက်ဖို့ လိုပါတယ်။ ဒါမှသာ သင်တန်းပြီးတာနဲ့ ကျောင်းသားတွေဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးရဲ့ တွေးပုံ တွေးပေါက်ကို တွေးနိုင် သိနိုင်သလို လုပ်ငန်းတစ်ခုကို ဘယ်လို အကောင်အထည်ဖော်လို့ ရမလဲဆိုတာကို နားလည်သွားမှာ ဖြစ်ပါတယ်။

(၂) အလုပ်သင်အစီအစဉ်မှာ ပါဝင်လိုက်ပါ။

Source: iPleaders Blog

အလုပ်အတွေ့အကြုံ မရှိသေးသူတစ်ဦးအတွက် ပြတင်းတံခါးတစ်ချပ်ကတော့ အလုပ်သင်ပရိုဂရမ်တွေပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ကျောင်းပြီးမှ Intern ဆင်းစရာ မလိုဘဲ ကျောင်းမှာကတည်းက Intern ဆင်းနိုင်တဲ့ အစီအစဉ်တွေ ရှိနေပါပြီ။ ဒီလို Intern ဆင်းတဲ့ အတွေ့အကြုံကနေ ကျောင်းတက်နေရင်းနဲ့ အပြင် ပရောဂျက်လေးတွေမှာ ကိုယ့်ဘာသာ လုပ်နိုင်တဲ့ ပညာရလာမှာပါ။

(၃) ကျောင်းမှာ ရသလောက် လေ့လာ

Source: Parent Toolkit

ဒီအချက်က တကယ်ကို ရိုးရှင်းလွန်းပါတယ်။ ကျောင်းမှာ ရနိုင်သလောက် ပညာယူပါ။ လူမှုအသိုင်းအဝိုင်းကောင်းတွေ ဖော်ဆောင်ပါ။ အိုင်တီကျောင်းသားတစ်ယောက်ဆိုရင် ကျောင်းမှာ Programming ပိုင်းတွေ နှံ့ စပ်နေအောင် ကျောင်းသင်ခန်းစာတင်မဟုတ်ဘဲ ကိုယ့်ဘာသာ ကျောင်းစာကြည့်တိုက်က စာအုပ်တွေ ဆက်ဖတ်လေ့လာနေရပါမယ်။ ဖြစ်နိုင်ရင် ကျောင်းပြီးလို့ ကွန်ပျူတာပညာနဲ့ လုပ်ငန်းလေးလုပ်ချင်တယ်ဆိုရင် iOS ဖြစ်ဖြစ် Android အက်ပ်ဖြစ်ဖြစ် ကောင်းကောင်းရေးနိုင်ရင် ဘယ်ကုမ္ပဏီမှ ဝင်စရာ မလိုတော့ပါဘူး။

(၄) အောင်မြင်တဲ့သူတွေနဲ့ တွေ့ ပါ။

Source: justjaredjr.com

ကျောင်းမှာ Seminar တွေ Work shop တွေ လုပ်ရင် တက်ပါ။ Bar Camp တွေ Success Talks တွေ ဟောပြောပွဲတွေ ရှိရင် တက်ပါ။ အောင်မြင်တဲ့ သူတွေနဲ့ တွေ့ နိုင်အောင် ကြိးစားပါ။ သူတို့ နဲ့ စကားပြောပါ။ အကြံတောင်းပါ။ ကိုယ့်ခံယူချက် ကိုယ့်အမြင်ကို သူတို့ နဲ့ ဆွေးနွေးနှီးနှောပါ။ ကိုယ်အတွက် အခွင့်အလမ်းတွေ ၊ အမြော်အမြင်တွေ ၊ ဗဟုသုတတွေ နင့်နေအောင် ရမှာ ဖြစ်ပါတယ်။

(၅) ကျောင်းနေရင်းနဲ့ ကိုယ့်စိတ်ကူးကို အစီအစဉ်ရေးဆွဲနေပါ။

Source: shutterstock.com

အိုင်ဒီယာကောင်းတစ်ခု ရှိရင် သူ့ ကို ဆွဲထုတ်ပါ။ ချဲ့ ထွင်ပါ။ အလုပ်ဖြစ်အောင် မွေးယူနေပါ။ ကိုယ့်ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ လူ့ စွမ်းအား ၊ ပညာဗဟုသုတနဲ့ အဆက်အသွယ်တွေ ရှာဖွေပါ။ အခွင့်ရတာနဲ့ ဒါကို အကောင်အထည်ဖော်ပါ။ ဒါဆိုရင် ကျောင်းတက်နေရင်းနဲ့ လုပ်ငန်းရှင်လေးတစ်ယောက် ဖြစ်လာဖို့ အလားအလာကောင်းမှာ ဖြစ်ပါတယ်။