ယောကျ်ားတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ခံစားမှုဆိုင်ရာ ကျန်းမာကြံ့ခိုင်နေဖို့အရေးကြီးပါတယ်။ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာနေတယ်၊ ကျေနပ်ဖွယ်ကောင်းနေတယ်ဆိုရင် နေ့စဉ်ဘဝမှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်ပြီး လုပ်ဆောင်ရည်လည်း ပိုမိုကောင်းမွန်နိုင်ပါတယ်။ ဒီနေ့မှာတော့ ယောကျ်ားများ စိတ်ဓာတ်ခွန်အားမြင့်တက်စေဖို့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အစားအသောက်ဂရုစိုက်ပါ

Cute little girl and her beautiful parents are cutting vegetables and smiling

Source : Freepik

ကျန်းမာတဲ့ စားသောက်ပုံဟာ ရောဂါတွေကိုကာကွယ် ပေးရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးပါတယ်။ မကျန်းမာတဲ့အစားအသောက်ရွေးချယ်ပုံတွေဟာ ဦးနှောက်နဲ့ စိတ်ကို ထိခိုက်စေပါတယ်။ ဒါဆိုအားနည်းလာပြီး ကိုယ်ခံအားလည်း နည်းလာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီနဲ့ သကြားဓါတ်အနည်းငယ်သာ ပါတဲ့ စားသောက်ပုံဟာ ပိုမိုအိပ်ကောင်းခြင်း၊ ကြည့်ကောင်ခြင်း၊ အားပြည့်ခြင်းနဲ့ စိတ်နေလို့ပိုမိုကောင်းခြင်းတွေ ဖြစ်နိုင်စေပါတယ်။

(၂) ပြည့်ပြည့်ဝဝအိပ်ပါ

man sleeping

Source : Freepik

စိတ်ဓါတ်ကျနေတဲ့ လူတွေဟာ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်တဲ့ မျက်ကွင်းညိုခြင်းတွေ ဖြစ်တတ်ပါတယ်။ အလုပ်ရှုပ်နေတယ်ဆိုပြီး မအိပ်ဘဲ မနေသင့်ပါဘူး။ အိပ်ခြင်းဟာ တစ်နေ့တာလုံး စိတ်အခြေအနေကို ကောင်းမွန်စေပါတယ်။ အိပ်စက်မှုနည်းလေလေ ကိစ္စသေးသေးလေးတွေပေါ်မှာ ဒေါသထွက်မှုများလေလေဖြစ်တာကြောင့် သင့်ရုပ်ရည်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်ခြင်းက စိတ်ကျန်းမာရေးအပေါ် အများကြီးသက်ရောက်မူရှိစေပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ

Strong man training in gym

Source : Freepik

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ခန္ဓာကိုရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမူကိုလည်း လျှော့ကျစေပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းလုပ်ရတာကို မကြိုက်ရင်တောင် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဟာ အကျိုးရှိပါတယ်။ လမ်းလျှောက်ခြင်း၊ အကသင်တန်းတက်ခြင်းတွေဟာ တူညီတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။

(၄) မိတ်ဆွေကောင်းတွေရှိပါစေ

Good people take a selfie on the street

Source : Freepik

သူငယ်ချင်းတွေ အများကြီးရှိသူတွေဟာ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် သူငယ်ချင်းကောင်းတွေ ရှိသူတွေဟာ ပိုမိုပျော်ရွှင်ကြပါတယ်။ ပြဿနာတွေကို နားထောင်ပေးပြီး ကူညီမှုပေးနိုင်တဲ့ ဒုက္ခရောက်ချိန်တွေမှာ အမြဲဘေးမှာ ရှိနေပေးတဲ့ လူတွေကို လိုအပ်ပါတယ်။ နောက်တစ်နည်း ပြောရရင် ကိုယ့်ကိုဂရုစိုက်ပြီး ဘေးနားမှာ ရှိနေပေးတဲ့လူတွေကို လိုအပ်ကြပါတယ်။ ဒါမှသာ ဒုက္ခရောက်ခါနီးရင် သူတို့ဆီပြေးသွားပြီး စကားပြောလို့ရမှာဖြစ်ပါတယ်။ သင့်ကိုနားလည်တဲ့လူတွေနဲ့ စကားပြောခြင်းဟာ အဖြေတွေကို ပိုမိုလွယ်ကူစွာ တွေ့နိုင်စေပါတယ်။