အလုပ်မှာ အမှီအခိုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်လုပ်နိုင်ဖို့ဆိုတာ တကယ်တော့သင့်ပေါ်မှာအဓိက မူတည်ပါတယ်။ တစုံတယောက်က နောက်ကနေစောင့်ကြည့်နေတာမျိုးမခံချင်ဘဲ သင်ကိုယ်တိုင်အလုပ်မှာ တိုးတက်ချင်တယ်ဆိုရင် အောက်ကအချက်လေးတွေကိုလိုက်နာဖို့အကြံပြုလိုက်ပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာသိရအောင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။

(၁) သင့်ရဲ့ယုံကြည်စိတ်ချရမှုကိုမြှင့်တင်ပါ

Source ; Shutterstock

အလုပ်မှာ သင်ဘယ်လောက်စိတ်ချရသလဲ ။အလုပ်ကိုနောက်ဆုံးမှရောက်ပြီး အရင်ဆုံးပြန်တတ်တဲ့သူလား။ သင့်အနေနဲ့ ယုံကြည်စိတ်ချခံရမှု လိုချင်တယ်ဆိုရင် ရေရှည်လုပ်ဆောင်ဖို့လိုပါတယ်။ မနက်ပိုင်းဖေ့စ်ဘုတ်သုံးတာ၊ ရေကြာကြာချိုးတာတွေလုပ်မယ့်အစား အလုပ်စောစောရောက်အောင်လာတာမျိုးကို အာရုံစိုက်သင့်ပါတယ်။ သင့်ရဲ့မန်နေဂျာကနောက်ကျနေရင်တောင် သင့်ကိုဖုန်းဆက်အကူအညီတောင်းလို့ရပါတယ်။ ဒါကသင့်ကို သတိထားမိလာစေမှာပါ။

(၂) သင့်ရဲ့အမှားအတွက် တာဝန်ယူပါ

Source ; Shutterstock

လူတိုင်းအမှားလုပ်ဖူးပါတယ်။ ဒါ့ကြောင့် ခဲတံတွေရဲ့နောက်မှာ ခဲဖျတ်ထည့်ပေးထားတာပေါ့။ ဘယ်နေရာမှာမဆို သင့်ရဲ့အမှားကိုသင်တာဝန်ယူတတ်ဖို့အရေးကြီးပါတယ်။ အထူးသဖြင့်လုပ်ငန်းခွင်ထဲမှာပိုအရေးကြီးနိုင်ပါတယ်။ အမှားလုပ်မိတဲ့အခါ ဝန်ခံပြီးအမှားကနေသင်ခန်းစာယူတာက ဝန်ထမ်းတွေအားလုံးကို အလုပ်ရှင်တွေလုပ်စေချင်တဲ့အချက်ပါပဲ။

(၃) ကိုယ်ပိုင်စည်းမျဉ်းသတ်မှတ်ပါ

Source ; Shutterstock

အလုပ်ထဲမှာ ဖေ့စ်ဘုတ်သုံးတာ၊ ဂိမ်းဆော့တာ၊ စာပို့တာ၊ အသစ်ထွက်မယ့် ရုပ်ရှင်ထွေလာကြည့်တာစတဲ့ အချိန်ခဏလေးတွေ ပေါင်းလိုက်ရင် သင့်အလုပ်ချိန်ကိုခိုးနိုင်တဲ့ အရာပါပဲ။ ဒါကို အထက်လူကြီးက ချက်ချင်းမသိနိုင်ဘူးဆိုရင်တောင် အလုပ်ပြီးမြောက်မှုကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်သူမှမသိရင်တောင် သင့်ကိုယ်တိုင်ပိုင်စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်ထားပြီးလိုက်နာသင့်ပါတယ်။

(၄) ရုံးတွင်းပြဿနာတွေနဲ့ ကင်းကင်းနေပါ

Source ; Shutterstock

ဘယ်ရုံးလုပ်ငန်းမဆို ရုံးတွင်းပြဿနာရပ်တွေရှိနိုင်တယ်ဆိုတာမဆန်းပါဘူး။ အလုပ်ရှင် (သို့) အထက်လူကြီးရဲ့ စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေကိုမကြိုက်လို့ဝေဖန်တာ ဒါမှမဟုတ် ကောလဟာလသတင်းတွေကို နားထောင်တာတွေကခနတာပျော်စရာလို့ထင်ရပေမယ့် ဒီအရာတွေကိုရှောင်ရှားပြီးတော့ သင့်အလုပ်တွေအပြီး သတ်ဖို့ကပိုအရေးကြီးပါတယ်။