ပထမဆုံးချိန်းဆိုမှုက သမီးရည်းစားမဖြစ်ခင်အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်လေ့လာအကဲခတ်ရမှာဖြစ်တဲ့အတွက်ကြောင့် အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။ ပထမဆုံးတွေ့ဆုံမှုကြောင့် အမှတ်ရသွားတဲ့သူတွေလည်း ရှိသလို နောက်ထပ် ထပ်မတွေ့ချင်တော့လောက်အောင်ကို စိတ်ပျက်သွားတဲ့သူတွေလည်း ရှိပါတယ်။

ပထမဦးဆုံး တွေ့ဆုံမှုမှာတင် ကိုယ့်ကိုကြွေသွားအောင် ပြုမူနေထိုင်ဖို့လိုပါတယ်။ ဘယ်လိုအပြုအမူတွေက သူမရဲ့နှလုံးသားကို သိမ်းပိုက်နိုင်မလဲဆိုတာ စာဖတ်သူတို့သိကြပါသလား။

မက်ဆေ့ခ်ျချည်းပဲ မပို့ပါနဲ့၊ ဖုန်းလေးဘာလေး ဆက်ပါ။

Source: businessinsider.com

သူမနဲ့ ပထမဦးဆုံး ချိန်းမတွေ့ခင်အချိန်မှာရော၊ ချိန်းတွေ့ပြီးတဲ့အချိန်မှာပါ လိုက်နာရမယ့် အရေးကြီးဆုံးအချက်ပါပဲ။ သင့်ဘက်က ဖုန်းမဆက်ဘဲ၊ မက်ဆင်ဂျာကနေ မက်ဆေ့ခ်ျချည်းပဲ ပို့နေမယ်ဆိုရင် သူ(မ)အတွက် ဒီလောက်လေးတောင် ဖုန်းဘေလ် အကုန်မခံနိုင်ဘူးလားလို့ ထင်သွားပါလိမ့်မယ်။ သူမကို အလေးမထားလို့ ဖုန်းဘေလ်အကုန်မခံချင်တာလို့ ထင်သွားရင် သင် လိုချင်တဲ့အဖြေရမှာမဟုတ်တော့ပါဘူး။ အရေးကြီးဆုံးတစ်ချက်က သူမနဲ့ တွေ့ဆုံနေတဲ့အချိန်မှာလည်း ဖုန်းမသုံးမိပါစေနဲ့။ သူမအပေါ် အာရုံမထားဘူးလို့ ထင်သွားပါလိမ့်မယ်။

အစီအစဉ်တကျချိန်းတွေ့ပါ။

Source: firstmet.com

သူမနဲ့ ကော်ဖီသောက်ဖို့ ချိန်းတွေ့ပြီးနောက် ဒုတိယအစီအစဉ်အနေနဲ့ ရုပ်ရှင်သွားကြည့်ချင်တာလား၊ စာအုပ်ဆိုင်သွားမှာလား စသည်ဖြင့် အစီအစဉ်ဆွဲထားပါ။ အဲ့ဒီလို အစီအစဉ်ဆွဲတတ်တဲ့အမျိုးသားတွေက ဒုတိယအကြိမ်ထပ်မံတွေ့ဆုံမယ်လို့ တောင်းဆိုရင် အငြင်းခံရမှာမဟုတ်ပါဘူး။

နောက်မကျပါစေနဲ့။

Source: freepik.com

ပထမဆုံးအကြိမ်တွေ့ပါမယ်ဆိုမှ ကောင်လေးဘက်က နောက်ကျနေမယ်ဆိုရင်တော့ သင့်ကိုတစ်ဖက်ကောင်မလေးက စိတ်ပျက်သွားမှာပဲဖြစ်ပါတယ်။ အထွေအထူးအကြောင်းကိစ္စမရှိဘဲ တွေ့ဆုံခြင်းကို နောက်ကျတယ်ဆိုတာ သူ(မ)ကို တန်ဖိုးမထားလို့ဆိုပြီး အထင်လွဲခံရပါလိမ့်မယ်။ သင့်ဘက်က အားစိုက်ထုတ်တဲ့အနေနဲ့ သူ(မ)ထက် အရင်ကြိုရောက်နေအောင် ကြိုးစားပါ။

လူကြီးလူကောင်းဆန်ပါ။

Source: bestlifeonline.com

ဘာမဟုတ်တဲ့ သေးသေးမွှားမွှားလေးတွေက သင် ပိုးပန်းနေတဲ့ကောင်မလေးရဲ့ နှလုံးသားကို လှုပ်ခတ်သွားစေတယ်ဆိုတာ သင် ယုံကြည်ပါသလား။ သူ(မ)အတွက် တံခါးဆွဲဖွင့်ပေးတာမျိုး၊ သူ(မ) ထိုင်မယ့် ကုလားထိုင်ကို စားပွဲခုံအောက်ကနေ ဆွဲထုတ်ပေးတာမျိုး၊ အလိုက်တသိနဲ့ ရေဘူးအဖုံးဖွင့်ပေးတာမျိုး စတဲ့အသေးအဖွဲလေးတွေက သင့်ကို လူကြီးလူကောင်းဆန်တဲ့သူပါလားဆိုပြီး စိတ်ထဲမှာအမှတ်ပြည့်ပေးနေပါလိမ့်မယ်။ နှစ်ယောက်သားချိန်းတွေ့ပြီးတဲ့အခါ သူ(မ)ကို ကားဂိတ်လိုက်ပို့ပေးတာမျိုး၊ အိမ်အထိလိုက်ပို့ပေးတာမျိုး ပြုလုပ်ပြီး သူ(မ)ဆီက အမှတ်ယူလိုက်ပါ။

နှစ်ရက်အတွင်း နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံဖို့ အရင်ပြောပါ။

Source: singleinthecity.ca

ပထမအကြိမ်တွေ့ဆုံပြီးတဲ့နောက်မှာ သူ(မ)နဲ့အတူရှိခဲ့တဲ့အချိန်က ဘယ်လောက်ပျော်ဖို့ကောင်းကြောင်း သူ(မ)သိအောင် ပြောပြပေးပါ။ နှစ်ရက်အတွင်းထပ်မံတွေ့ဆုံဖို့ ပြောပါ။ နှစ်ရက်ထပ်ကျော်သွားရင်တော့ သူ(မ) အပေါ်မှာစိတ်ဝင်စားမှုမရှိဘူးလို့ ထင်မှတ်သွားပြီး သင်တို့နှစ်ယောက်ရဲ့အဆင့်က ရှေ့ဆက်တက်ဖို့ အလားအလာရှိမှာမဟုတ်တော့ပါဘူး။

ဒီအချက် (၅) ချက်ကိုသာ လိုက်နာမယ်ဆိုရင် ကွီးတို့စိတ်ဝင်စားနေတဲ့ကောင်မလေးရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ပါပြီ။