စိတ်ကူး စိတ်သန်းတွေဆိုတာ အတွင်းစိတ်ရဲ့ဖန်တီးမှုတစ်ခုဖြစ်နိုင်သလို၊ ရင်ထဲကစစ်မှန်တဲ့တောင့်တမှုတွေဖြစ်နိုင်ပါတယ်။ တခါတရံမှာ စိတ်ကူးအကြံတစ်ခုက သင့်ရဲ့တနေ့တာလုံးကိုပြောင်းလဲစေတာမျိုး ကြုံဖူးမှာပါ။ လူတစ်ယောက်ချင်းစီအတွက်လည်း စိတ်ကူးစိတ်သန်းတွေ ကအရေးကြီးပါတယ်။ အလုပ်အကိုင် ဒါမှမဟုတ် ဘဝနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအသစ်အသစ်တွေဖန်တီးချင်တယ်ဆိုရင် ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေတိုးတက်ကောင်းမွန်အောင် လုပ်သင့်ပါတယ်။ ဒါဆို ဘယ်လိုလုပ်ရမလဲဆိုတာ အခုပြောပြပေးပါမယ်။
(၁) အိပ်ယာထပြီးတဲ့နောက် တရားထိုင်ပါ

Source : Be Meditation
သင်အိပ်ယာနိုးတဲ့အခါ ၁၅ မိနစ်၊ မိနစ် ၂၀ခန့် တရားထိုင်တာကသင့်စိတ်ကို ရှင်းလင်းစေနိုင်ပါတယ်။ တရားထိုင်ခြင်းကဦးနှောက်ကို အေးဆေးတည်ငြိမ်အောင်ကူညီပေးပြီး ခေါင်းထဲကနေ့စဉ်ဆူညံသံတွေနဲ့ပြည့်နေတဲ့အတွေးတွေကို ဖယ်ရှားပေးပါတယ်။ အတွေးလွန်တယ်ဆိုတာ စိတ်ကူးစိတ်သန်းတွေရဖို့တားဆီးနေတဲ့ ရန်သူပါပဲ။ သင့်စိတ်ကရှင်းလင်းနေတဲ့အခါ မှန်ကန်တဲ့အတွေးအခေါ်ကောင်းတွေပိုရနိုင်ပါတယ်။
(၂) စာရေးပါ

Source : 123RF.com
သင့်အနေနဲ့ စိတ်ကူးစိတ်သန်းကောင်းရဖို့ဆိုပြီး ဝတ္ထုတစ်ပုဒ်လုံးရေးစရာမလိုပါဘူး။ ဆိုလိုတာက သင့်ခေါင်းထဲမှာ ပေါ်လာတဲ့အတွေးအခေါ်တွေကို ချက်ချင်းချရေးလိုက်ဖို့ပါပဲ။ ဒီလိုချရေးလိုက်တဲ့အခါ ဦးနှောက်ကိုအတွေးအခေါ်သစ်တွေ ဆက်လက်တည်မြဲစေဖို့ လေ့ကျင့်ပေးသလိုပါပဲ။ ဒီအချက်က ခေါင်းထဲကအတွေးအဟောင်းတွေကို ရှင်းလင်းပြစ်ပြီး ကြောက်စိတ်မရှိဘဲမေ့လျော့သွားစေနိုင်ပါတယ်။ ဒီနည်းလမ်းအတိုင်းဆက်လုပ်သွားတဲ့အခါ သင့်ရေးခြစ်ထားတဲ့အရာတွေကနေ စိတ်ကူးအသစ်တစ်ခုရလာနိုင်ပါတယ်။
(၃) သီချင်းနားထောင်ပါ

Source : Daily Life
ကမ္ဘာကျော်တီထွင်ဖန်တီးရှင် အဲလ်ဘတ်အိုင်းစတိုင်းက သူရဲ့တီထွင်မှုတွေကိုလုပ်တဲ့အခါ မိုဇတ်ဂီတနားထောင်လေ့ရှိတယ်လို့ဆိုပါတယ်။ အချို့သော သီချင်းဂီတတွေကို နားထောင်နေစဉ် လူတွေရဲ့ဦးနှောက်မှာ ပိုမိုကောင်းမွန်တဲ့ တီထွင်ဖန်တီးမှုရှိတာက သိပ္ပံနည်းကျသုတေသနပြုချက်တွေနဲ့သက်သေပြခဲ့ပါတယ်။ ဂန္တဝင်ဂီတကိုနားထောင်ရတာကြိုက်တာလား ဒါမှမဟုတ် ခေတ်ပေါ်ဂီတကိုကြိုက်တာလားဆိုတာတော့ နားထောင်တဲ့သူတစ်ဦးချင်းပေါ်မှာပဲမူတည်ပါလိမ့်မယ်။
(၄) စာဖတ်ပါ

Source : AskMen
သင့်ရဲ့စိတ်ကူးအတွေးတွေကို လှုံ့ဆော်ဖို့ စာအုပ်ကောင်းတစ်အုပ်က စာမျက်နှာအနည်းငယ်ကိုပဲ အာရုံစိုက်ဖတ်ဖို့ အချိန်ပေးပါ။ စာဖတ်ခြင်းအထူးသဖြင့် စိတ်ကူးယဉ်ဇာတ်လမ်းတွေကိုဖတ်တဲ့အခါ စိတ်ကူးစိတ်သန်းကောင်းတွေအတွက် လေ့ကျင့်ခန်းလုပ်တာနဲ့တူပါတယ်။ ဒါက သင့်ရဲ့ဦးနှောက်ကို စာမျက်နှာပေါ်ကအကြောင်းအရာ အားလုံးကိုပုံဖော်ကြည့်ဖို့ တိုက်တွန်းအားပေးတာနဲ့အတူတူပါပဲ။
