ကိုယ်ခံအားက ရောဂါပိုးတွေ ဖျားနာခြင်းတွေ ခန္ဓာကိုယ်ထဲ အလွယ်တကူ မဝင်ရောက်နိုင်အောင် တားဆီးပေးထားတဲ့ ဒိုင်းတစ်ခုလို့ဆိုလို့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က အဓိကအားဖြင့် ကျွန်တော်တို့နေ့စဉ် စားသောက်နေထိုင်မှု ပုံစံတွေမှာမူတည်နေတာကြောင့် ကိုယ်ခံအားကောင်းချင်ရင် အခုပြောပြမယ်အရာတွေလုပ်ဆောင်ဖို့ အကြံပြုလိုက်ပါတယ်။

(၁) ရေများများသောက်ပါ

Source : Store Insider

ခန္ဓာကိုယ်မှာ ရေဓာတ်ကမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အားအင်ပြည်ဝလန်းဆန်းစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာဖြစ်ပါတယ်။အခုလိုပူပြင်းတဲ့ နွေရာသီမှာ ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်စေတာကြောင့် မကြာခဏရေများများသောက်ပေးဖို့လိုအပ်ပါတယ်။

(၂) စိတ်ဖိစီးမှုနည်းအောင်နေပါ

Source : iStock

စိတ်ဖိစီးမှုများခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးက ခန္ဓာကိုယ်မှ ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်တာပဲပါတယ်။ ဒါကြောင့်အခုလို ကူးစက်ရောဂါတွေဖြစ်ပွားနေချိန်မှာ ကိုယ်ခံအားစနစ်ကို မထိခိုက်စေဖို့ စိတ်ဖိစီးမှုအတက်နိုင်ဆုံးနည်းအောင်နေထိုင်ပေးသင့်ပါတယ်။ စိတ်ဖိစီးမှုလျော့နည်းစေမယ့် တရားထိုင်ခြင်း ယောဂကစားခြင်း စတဲ့လေ့ကျင့်ခန်းတွေလည်း လုပ်ပေးနိုင်ပါတယ်။

(၃) လှုပ်လှုပ်ရှားရှားလုပ်ပါ

Source : Men’s Health

ခန္ဓာကိုယ် လှုပ်ရှားမှုမရှိရင် ကျန်းမာရေးချို့ယွင်းလာပြီး သွေးတိုး နှလုံး အဝလွန် စတဲ့ရောဂါတွေဖြစ်ဖို့အခွင့်အရေးများပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁ နာရီလောက်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ဒါမှလည်း စိတ်ကျန်းမားရေးကောင်းမွန်ခြင်းသာမကဘဲ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရရှိပြီး တော်ရုံရောဂါပိုးတွေကို မကူးစက်နိုင်အောင်ကိုယ်ခံအားစနစ်က ကာကွယ်ပေးနေမှာဖြစ်ပါတယ်။

(၄) အဟာရရှိစွာစားသုံးပါ

Source : Capital

ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ အဓိကအားဖြင့် အဟာရရှိတဲ့အစားအသောက်တွေ များများစားသုံးပေးရမှာဖြစ်ပါတယ်။ အသီးအရွှက် အသားငါး ဥအမျိုးမျိုး ပဲအမျိုးမျိုး နို့ အခွံမာသီး ဒိန်ချဉ် လက်ဆက်တဲ့အသီးအနှံတွေ စသည်ဖြင့် စုံလင်စွာစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အကောင်းမွန်ဆုံး မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးထိခိုက်စေတဲ့ ဆေးလိပ် အရက်တွေကိုတော့ လုံးဝရှောင်ကျဉ်သင့်ပါတယ်။

(၅) အိပ်ရေးဝဝအိပ်ပါ

Source : iStock

အိပ်ရေးပျက်ခြင်းက အစပိုင်းမှာသိပ်မသိသာပေမယ့် နေ့စဉ်ရက်ဆက်အိပ်ရေးပျက်တဲ့ညတွေများလာပြီဆိုရင်တော့ သင့်ရဲ့ ကိုယ်ခံအားစနစ်ကသိသိသာသာကျဆင်းလာမှာဖြစ်ပါတယ်။ဒါကြောင့် ညဘက်တွေမှာ စောစောအိပ်ပါ။ တစ်နေ့ကို ၇ နာရီအနည်းဆုံးအိပ်ချိန်ရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ်ခံအားစနစ်က ကောင်းမွန်နေမှာပါ။