ဖက်ရှင်ကျချင်တဲ့ အမျိုးသားများ ဘွတ်ဖိနပ်အသစ်တရံဝယ်တဲ့အခါ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဝယ်ယူလေ့ရှိကြပါတယ်။ အလုပ်ကို စမတ်ကျကျ ရုံးတက်ချင်၍သော်လည်းကောင်း၊ ခပ်မိုက်မိုက်စတိုင်လ်မျိုး ဖန်တီးချင်၍သော်လည်းကောင်း ဝယ်ယူဝတ်ဆင်လေ့ရှိကြပါတယ်။

ဘွတ်ဖိနပ်အသစ် ဝယ်ပြီးတဲ့နောက်မှာ ဖိနပ်ပေါက်ခြင်း၊ ခြေထောက်ပွန်းပဲ့ခြင်းဒဏ်ကိုလည်း သုံး၊ လေးရက်လောက်အထိ အလူးအလဲခံရတာသည်လည်း ပုံမှန်တစ်ခုလိုဖြစ်နေပါတယ်။

ဘွတ်ဖိနပ်အသစ်ဝယ်တဲ့အခါ ခြေထောက်ပွန်းပဲ့ခြင်းကိုလည်း သက်သာစေချင်တယ်။ မိမိရဲ့ ဖိနပ်ကိုလည်း အချိန်ကြာကြာ မပျက်မစီးဘဲ စီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို ပြုလုပ်နိုင်ပါတယ်။

အချိန်တိုတိုလေးနဲ့ ခဏ ခဏ စီးပါ

How to Break in New Boots

ဘွတ်ဖိနပ်အသစ်ကို တစ်နေ့ခင်းလုံး စီးရမယ့်အစား တစ်နာရီလောက်ပဲ စီးပါ။ ရုံးကို ဝတ်သွားတယ်ဆိုပါစို့။ ဖိနပ်အပိုတစ်ရံ ထပ်ယူသွားပါ။ တစ်နာရီလောက်ပဲ စီးပြီးတော့ နောက်ထပ် တစ်ရံ ပြောင်းစီးပေးလိုက်ပါ။ ဒါဆိုရင် တစ်ပတ်လောက်ကြာတဲ့အခါ သင့်ဖိနပ်က ချောင်ချောင်ချိချိလေးဖြစ်သွားပြီး ခြေထောက်ပေါက်ခြင်းဒဏ်ကို မခံရတော့ပါဘူး။ ထိုအချိန်ကျမှ တစ်နေ့ခင်းလုံး ထုတ်စီးနိုင်ပါပြီ။

အရည်အသွေးကောင်းတဲ့ ဘွတ်ဖိနပ်များသာ ရွေးဝယ်ပါ

How to Break in New Boots

အရည်အသွေးကောင်းတဲ့ ဘွတ်ဖိနပ်များသည် ကောင်းမွန်တဲ့ ကုန်ကြမ်းပစ္စည်းများနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ခြေထောက်ပွန်းပဲ့ခြင်းကိုလည်း မဆိုးရွားစေပါဘူး။ အချို့ဖိနပ်အကောင်းစားတွေဆိုရင် ခြေထောက်မပေါက်စေတဲ့အထိ အရည်အသွေးကောင်းမွန်ပါတယ်။

ကိုယ့်ခြေထောက်ဆိုဒ်နဲ့ တိုက်ပြီး သေချာရွေးဝယ်ပါ

How to Break in New Boots

Photo: iStock

ဖိနပ်က သင့်ခြေထောက်နဲ့ ကွက်တိဖြစ်နေတာမျိုး (သို့) ဆိုဒ် သေးနေတာမျိုးဆိုရင် ဝတ်ရတာ အဆင်မပြေဘဲ သင့်ခြေထောက်ကို ပွန်းပဲ့စေပါတယ်။ ဒါ့ကြောင့် ဖိနပ်ဝယ်တဲ့အခါ ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမယ့် ဖိနပ်ဆိုဒ်မျိုးကို သေချာရွေးဝယ်သင့်ပါတယ်။

မိမိဘွတ်ဖိနပ်များကို ပုံမှန် သန့်ရှင်းရေးလုပ်ပါ

How to Break in New Boots

Photo: Ciceroleather

ညစ်ပတ်ပေရေနေတဲ့ ဘွတ်ဖိနပ်က သင့်ရဲ့ ဖက်ရှင်ကို ပျက်ယွင်းစေသလို သင့်ရဲ့ဖိနပ်ကိုလည်း အချိန်တိုအတွင်း ပျက်စီးစေပါတယ်။ ဒါ့ကြောင့် မိမိရဲ့ဖိနပ်ကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပြီး ဖိနပ်အတွင်း လေဝင်လေထွက်ကောင်းအောင်လည်း ပြုလုပ်ရမှာဖြစ်ပါတယ်။

ဘွတ်ဖိနပ်ကို ရေမထိပါစေနဲ့

How to Break in New Boots

ဘွတ်ဖိနပ်များကို ရေထဲ စိမ်ထားခြင်း၊ အထူးသဖြင့် သားရေဘွတ်ဖိနပ်များကို ရေထဲစိမ်ထားခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ရေထဲ စိမ်ထားခြင်းကြောင့် သင့်ရဲ့ဖိနပ်ပျက်စီးသွားစေပြီး ဖိနပ်ရဲ့ကွာလတီကိုလည်း ကျသွားစေပါတယ်။

သင်ရော သင့်ရဲ့ဘွတ်ဖိနပ်ကို ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ပါသလဲ။

Source: Nextluxury.com

Featured Image Source: Toptrendsguide