လူငယ်ဆန်ဆန် Streetwear casual စတိုင်တွေဟာ ဒီနေ့အထိ ခေတ်စားနေဆဲ ဖြစ်ပါတယ်။ Street Style မှာဆို Jean တွေဟာ မပါမဖြစ် ဖက်ရှင်ဖြစ်ပါတယ်။ Streetwear ဝတ်မယ်ဆိုရင် အခုပြောတဲ့ Jeans ဖက်ရှင်တွေနဲ့ တွဲဝတ်ဖို့ အကြံပြုချင်ပါတယ်။
(၁) Skinny Jeans

Photo: DMarge
Skinny တွေဟာ Night Out အတွက် ဝတ်လို့ကောင်းတဲ့ ဖက်ရှင်တွေအဖြစ် နာမည်ကြီးပါတယ်။ Skinny Fit ဒီဇိုင်းဟာ လူကို ပိုပြီး အချိုးကျစေတယ်လို့ ထင်မြင်စေပါတယ်။ Skinny Jeans ဟာ ရိုးရှင်းတဲ့ Tee ဒါမှမဟုတ် Hoodie နဲ့ တွဲဝတ်လို့ ကောင်းတဲ့ ဘောင်းဘီလည်း ဖြစ်ပါတယ်။
(၂) Straight Leg

Photo: Freepik
တကယ်လို့ Classic Fit စတိုင်ကြိုက်ရင် Straight Leg ဘောင်းဘီတွေ ဝတ်သင့်ပါတယ်။ Jeans မှာ Straight Leg တွေက ယောင်္ကျားအဆန်ဆုံးနဲ့ သက်တောင့်သက်သာ အဖြစ်ဆုံးပါ။ Straight Leg ဂျင်းဘောင်းဘီတွေကို ဝတ်ရတာ ပိုပြီးလည်း လွတ်လပ်ပေါ့ပါးပါတယ်။
(၃) Alternatives

Photo: thedailybeast
Jeans လိုပဲ Streetwear မှာ ဝတ်လို့ကောင်းတာက Joggers နဲ့ Chino တွေပါ။ Joggers တွေဟာ နွေးထွေးပြီး ဝတ်ရတာ Sporty ဆန်တယ်။ သက်တောင့်သက်သာ ရှိဖို့အပြင် ဖက်ရှင်လည်း ပိုကျလို့အခုနောက်ပိုင်းမှာ အပြင်ထသွားထလာနဲ့ Gym ရုံတွေ သွားချိန်မှာ ဝတ်လာကြပါတယ်။
