မနက်ခင်းတိုင်း လန်းလန်းဆန်းဆန်းတက်တက်ကြွကြွနိုးထနိုင်ဖို့အတွက် ညအိပ်ရာဝင်တဲ့အချိန်က အရေးကြီးဆုံးပဲဖြစ်ပါတယ်။ အလုပ်နားတဲ့ရက်မှာ တစ်ရက်တစ်လေလောက် နေ့ခင်းနေ့လည်အထိ အိပ်စက်လို့ရပေမယ့် ရုံးတက်တဲ့ရက်မှာတော့ ရုံးမနောက်ကျအောင် စောစောအိပ်ရာထသင့်ပါတယ်။

ဒါဆိုရင် မနက်စောစောအိပ်ရာထနိုင်ဖို့ ညအိပ်ရာဝင်ခါနီးမှာ ဘယ်လိုအလေ့အကျင့်တွေကို ပြုလုပ်ပေးရမလဲ။

သီချင်းနားထောင်ပါ။

Source: Videoblocks.com

သီချင်းက သင့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို လွတ်လပ်ပေါ့ပါးသလိုခံစားစေမှာဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် ကူညီပေးမှာပါ။ ဒါပေမဲ့ သာယာငြိမ့်ညောင်းတဲ့သီချင်းသံလေးတွေ ရွေးချယ်နားထောင်ဖို့တော့ လိုမယ်နော်။

စာဖတ်ပါ။

Source: chapterlilaria.wordpress.com

အိပ်ခါနီး စာဖတ်တဲ့အခါ အရမ်းတွေးခေါ်ရတဲ့ စာပေမျိုးမရွေးချယ်ဘဲ ပေါ့ပေါ့ပါးပါးဖတ်လို့ရမယ့် စာအုပ်မျိုးရွေးချယ်ပေးရပါမယ်။ အရမ်းကြီးစဉ်းစားတွေးခေါ်ရတဲ့ စာဖတ်တဲ့အခါ သင့်ဦးနှောက်ကို အနားပေးရာမကျဘဲ ပိုပြီး စိတ်ရှုပ်သွားပါလိမ့်မယ်။

ညအိပ်ဝတ်စုံ ဝတ်ထားပါ။

Source: marksandspencer.com

ညအိပ်ဝတ်စုံဝတ်ထားခြင်းအားဖြင့် သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို အိပ်ရတော့မယ်ဆိုတဲ့ အသိတစ်ခုပေးရာရောက်ပါတယ်။ ဒါ့ကြောင့် ညအိပ်ဝတ်စုံ အနည်းဆုံး နှစ်စုံလောက် ထားပေးဖို့ လိုအပ်ပါတယ်။

မနက်ဖြန် ဝတ်မယ့်အဝတ်အစားတွေကို ညကတည်းက ကြိုတင်ပြင်ဆင်ထားပါ။

Source: Freepik.com

နောက်နေ့ရုံးတက်တဲ့အခါ ဝတ်သွားမယ့် အဝတ်အစားကို ကြိုတင်ပြင်ဆင်ထားခြင်းက မနက်နိုးမှ အလောသုံးဆယ် ပြင်ဆင်နေရတဲ့ဒုက္ခကနေ ကင်းဝေးမှာပဲဖြစ်ပါတယ်။

တီဗွီကြည့်ရင်း စိတ်လက် အပန်းဖြေအနားယူပါ။

Source: Freepik.com

မိနစ် ၃၀၊ ၄၅ မိနစ်ခန့် ရုပ်ရှင်ကြည့်ခြင်းကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ သင်က တစ်နေ့တာလုံး အလုပ်လုပ်ရ၊ သင်ယူရနဲ့ ကိုယ့်ကိုယ်ကို တွန်းအားတစ်ခုပေးနေရတာပါ။ ဒါ့ကြောင့် ညရောက်တဲ့အခါ တစ်နေ့တာလုံးကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရလို့ ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ကို ဆုချပေးဖို့မမေ့ပါနဲ့။ ဒါ့ကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ အပန်းဖြေခြင်းကို အပြစ်ရှိသလို မခံစားပါနဲ့။

ရေသောက်ပါ။

Source: mitte.co

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့အတွက် ခန္ဓာကိုယ်က ရေဓာတ်လုံလောက်စွာရရှိဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အိပ်ခါနီးမှာ ရေအများကြီး သောက်ခြင်းကလည်း အပေါ့ခဏခဏ သွားရလို့ အိပ်ရေးပျက်စေမှာပါ။ ဒါ့ကြောင့် ညအိပ်ရာဝင်ခါနီး ရေတစ်ဖန်ခွက်သောက်ပါ။ မနက်အိပ်ရာနိုးလာတဲ့အခါမှာလည်း ရေတစ်ဖန်ခွက် သောက်ဖို့ မမေ့ပါနဲ့။