လူသားတိုင်းရဲ့ ဘဝမှာ အရေးပါအရာရောက်ဆုံးဖြစ်ပြီး အခြေခံခိုင်မြဲဖို့အတွက် အဓိကကျတဲ့ အခြေခံအုတ်မြစ်တစ်ခုကို ပြောပါဆိုရင် စိတ်ဓာတ်ကြံ့ခိုင်မှုကိုပဲ ရည်ညွှန်းရပါလိမ့်မယ်။ စိတ်ဓာတ်ခိုင်မာ ကြံ့ခိုင်မှသာလျှင် အောင်မြင်မှုကို ဆွတ်ခူးရယူနိုင်မှာဖြစ်လို့ အောင်မြင်ချင်တဲ့လူတိုင်းမှာ အောင်စိတ်ရှိသင့်ပါတယ်။

ဒါဆိုရင် ဒီလိုမျိုး အဓိကကျတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ဘယ်လိုပုံစံတွေနဲ့မွေးမြူကြမလဲ။

ခွန်အားရှိတဲ့စိတ်ဓာတ်

Source: Business Advisers of Cleveland

လူတစ်ယောက်ဟာ ဘဝမှာ စိတ်ဓာတ်ခွန်အားတွေ မဖြစ်မနေလိုအပ်ပါတယ်။ လူ့ခန္ဓာကိုယ်က အားအင်ချိနဲ့ မမာမကျန်းဖြစ်နေလည်း စိတ်ဓာတ်ခွန်အားရှိတဲ့ လူတစ်ယောက်က ဘဝမှာဘယ်တော့မှ လဲပြိုတယ်ဆိုတာ မရှိနိုင်ပါဘူး။

ပြင်းထန်တဲ့စိတ်ဓာတ်

Source: Restaurant Business Magazine

ကိစ္စတစ်ခုကိုဖြစ်အောင်လုပ်မယ်၊ ရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးက ပြင်းထန်တဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။ မဖြစ်မနေ စိတ်ဓာတ်မျိုးကို ဘဝရဲ့အောင်မြင်မှုတွေအတွက် မွေးမြူထားသင့်ပါတယ်။

ထက်မြတ်တဲ့စိတ်ဓာတ်

Source: Magia Solutions

အောင်မြင်မှုတွေနဲ့ ရှေ့တန်းရောက်ချင်တဲ့သူတစ်ယောက်ဟာ စိတ်ဓာတ်ထက်မြက်နေဖို့လိုအပ်ပါတယ်။ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ဘဝတိုက်ပွဲတွေကို ရင်ဆိုင်တိုက်ခိုက်လိုက်ပါ။

ဇွဲရှိတဲ့စိတ်ဓာတ်

 

Source:

မဆုတ်မနစ်ပဲ ဇွဲလုံ့လရှိတဲ့ စိတ်ဓာတ်ကိုပိုင်ဆိုင်ထားတဲ့သူဟာ အောင်မြင်မှုပန်းတိုင်နဲ့ နီးစပ်နေတဲ့သူပဲ ဖြစ်ပါတယ်။ ဘဝအတွက်ဇွဲကောင်းတဲ့စိတ်ဓာတ်ကလည်း အခြေခံကျတဲ့ လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။