သင်က လူတွေကိုဦးဆောင်ရတာကြိုက်တဲ့သူတစ်ယောက်လား။ ခေါင်းဆောင်ဆိုတဲ့ခေါင်းစဉ်အောက်ကလူတွေထဲမှာတောင် ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝတဲ့ လူတွေအပြည့်အဝမရှိပါဘူး။ နောက်လိုက်ဖြစ်ချိန်မှာ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ဖို့လိုသလို ခေါင်းဆောင်ဖြစ်လာချိန်မှာလည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နေဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့တော့ သင့်ရဲ့ ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။

Source : Benefits Bridge

နေ့တိုင်းလေ့လာသင်ယူပါ – တကယ်တော့ လူသိများတဲ့ခေါင်းဆောင်တွေကိုယ်တိုင် အားလုံပြည့်စုံအောင်မလုပ်နိုင်ပါဘူး။ သင့်ရဲ့အားသာချက်တွေကိုသာမက အားနည်းချက်တွေကိုပါသတိပြုမိပြီဆိုရင် သင်ဟာ ခေါင်းဆောင်ကောင်းဖြစ်လာဖို့အဆင်သင့်ဖြစ်နေပါပြီ။ နေ့စဉ်ကြုံတွေ့ရတဲ့အတွေ့အကြုံတွေကနေသင်ယူပါ။ မေးမြန်းစူးစမ်းပါ။

ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ရှိပါ – ခေါင်းဆောင်တယောက်မှာ သူတို့လုပ်ဆောင်မယ့်အရာနဲ့ပတ်သတ်ပြီးရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်ရှိတာက တခြားသူတွေရဲ့ အထင် ကြီးလေးစားတာကိုခံရပါတယ်။ သင်ရဲ့ အလုပ်မှာဖြစ်စေ မိသားစုမှာဖြစ်စေ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ဦး ဆောင်နိုင်ဖို့ဆိုရင် သင့်ရည်မှန်းချက်တွေကိုရှင်းရှင်းလင်းလင်းရှိပါစေ။ လူအများက သင့်ရည်ရွယ်ချက်ကိုဘယ် လိုအောင်မြင်အောင်လုပ်မလဲ မေးလာတဲ့အခါ ဖြေနိုင်အောင်ပြင်ဆင်ထားပါ။

Source : ChiefExecutive.net

တာဝန်ခံပါ – များသောအားဖြင့်ခေါင်းဆောင်ကောင်းတွေဆိုတာ ကိုယ့်လုပ်ရပ်အတွက်တာဝန်ယူရဲပြီး ယိမ်းယိုင်မသွားကြပါ ဘူး။ သင်လုပ်ဆောင်မှုရလဒ်က သိပ်မကောင်းတာမျိုးဖြစ်နိုင်ပေမယ့် အခြေအနေအမှန်ကိုဝန်ခံဖို့ အရေးကြီးပါ တယ်။ မှားသွားရင်တောင် ရှက်ကြောက်ပြီးပုန်းနေမယ့်အစား သင်လုပ်တဲ့အရာအတွက်ကိုယ့်ကိုယ်ကိုအမြဲတာ ဝန်ခံရဲတဲ့အခါလူအများကသင့်ကိုလေးစားပါလိမ့်မယ်။ အရေးကြီးတာအောင်မြင်ခဲ့ရင်လဲ မာနကြီးအောက်ခြေလွတ် မသွားဖို့ ကြိုးစားပါ။

စံနမူနာကောင်းဖြစ်ပါစေ – နောက်တချက်ကတော့ သင့်အနေနဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်လာချင်ရင် တခြားသူတွေကိုပဲ အတင်းအကျပ်စေခိုင်းတာမျိုးမလုပ်မိအောင် သတိပြုပါ။ အရေးကြီးတဲ့ကိစ္စရပ်တွေဆောင်ရွက်တဲ့အခါ ခေါင်းဆောင်တွေကိုယ်တိုင်က ပါဝင်တတ်ကြပါတယ်။ တခြားသူတွေအလုပ်ပြီးတဲ့အထိထိုင်စောင့်နေမယ့်အစား သူတို့နဲ့အတူတူအလုပ်အစီအစဉ်တွေချမှတ်ပေးပါ။

Source : ProjectManager.com

သင့်ကိုယ်သင်စိတ်ရှည်ပါ – သင့်အနေနဲ့ တခါတလေ သင်လက်အောက်ကလူတွေကြောင့်ဖြစ်စေ၊ သင့်ရဲ့အမှားတခုကြောင့်ဖြစ်စေ ကြိုးစားပေမယ့်အရာမထင်တာတွေရှိနိုင်ပါတယ်။ ဒီလိုခက်ခဲတဲ့အချိန်တွေမှာ သင့်ကိုယ်သင်အပြစ်မတင်ဘဲ ကိစ္စတခုလုံးကို အကောင်းမြင်စိတ်ထားရှိဖို့လိုအပ်ပါတယ်။ အခက်ခဲဆုံးအချိန်တွေဆိုတာ သင်ယူဖို့အဖိုးမဖြတ် နိုင်တဲ့အခွင့်အရေးတွေဖြစ်နိုင်ပါတယ်။