လူရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ဘဝမှာ ပျော်ရွှင်ကျေနပ်မှသာ လူဖြစ်ကျိုးနပ်မှာဖြစ်ပါတယ်။ ပျော်ရွှင်ကျေနပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင်လည်း စိတ်ဓာတ်ကျနေလို့တော့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ရှင်သန်နေထိုင်ရမှာ ဖြစ်ပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ ဘာတွေလိုအပ်တယ်လို့ ထင်ပါသလဲ။ အောက်က နည်းလမ်းတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ကြရအောင်ပါ။

Cheerful leader motivating his business team

Photo : Freepik

အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် အသေးဆုံးခြေလှမ်းက စလှမ်းပါ။ ရည်မှန်းချက်တွေဆီရောက်ဖို့ သေးသေးလေးက စတာဟာ အဆုံးအရှုံး အနည်းဆုံးပါပဲ။ အတွေ့အကြုံရလာတာနဲ့အမျှ ကိုယ့်ရဲ့ ခြေလှမ်းတွေကို ကျဲကျဲလှမ်းလို့ရပါပြီ။ စတင်ချိန်မှတော့ သေးသေးလေးနဲ့ စတာ အကောင်းဆုံးနည်းလမ်းပါပဲ။

လူတွေက များသောအားဖြင့် ကိုယ်တွေးသမျှတွေကို သိပ်မယုံကြည်တတ်ကြတာ များပါတယ်။ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်လည်း သူများတွေရဲ့ ဝေဖန်အကြံပေးချက်ကိုပဲ အတည်ယူပစ်လိုက်ကြတာမျိုးတွေချည်းပဲ လုပ်မိနေကြပါတယ်။ ကိုယ့်ရဲ့ အတွေးအမြင်တွေကို ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ အမှားလုပ်မိခဲ့ရင်တောင် နောက်တစ်ခါ မမှားအောင် ဂရုစိုက်ပါ။ ကိုယ့်ရဲ့ တွေးမြင်ချက်အတိုင်း ဆောင်ရွက်နိုင်အောင် ကြိုးစားပါ။

အချိန်မဆွဲနေပါနဲ့။ ဒါလုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဘာကို စောင့်ဆိုင်းနေမှန်းမသိဘဲ အချိန်တွေကို လေးဖင့်အောင် မလုပ်လိုက်ပါနဲ့။ အချိန်ဆွဲလိုက်တာဟာ သင့်ကိုယ်သင် ငါ မလုပ်နိုင်ဘူူးဆိုတဲ့ အထင်ကို ရောက်သွားစေနိုင်ပါတယ်။ ဒီတော့ လုပ်စရာရှိရင် အမြန် ထလုပ်လိုက်ပါ။ရှေးရိုးစွဲအမြင်တွေ ၊ ငယ်ငယ်က အမြစ်တွယ်လာခဲ့တဲ့ အကျင့်ဆိုး အသိဆိုးတွေကို မြောင်းထဲမြောပစ်လိုက်ပါ။ တိုးတက်လာတဲ့ ခေတ်စနစ်ကြီးထဲမှာ အရာအားလုံးနောက် အလျင်မီအောင် ပြေးလိုက်ပါ။ အတွေးအမြင်သစ်တွေအတွက် ဦးနှောက်ကို နေရာပေးပါ။ အကောင်းမြင်စိတ်နဲ့ အရာအားလုံးကို ကြည့်ပါ။

Businesspeople having a discussion in office

Photo : Freepik

ကြားဖူးမှာပါ။ သိတိုင်း အများကြီး မပြောနဲ့ ဆိုတာ။ ဖြစ်နိုင်ရင် စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ပါ။ အပြောတွေထက် အလုပ်မှာ သက်သေပြပါ။ ဘယ်သူ့ကိုသက်သေပြရမှာလဲ သူဌေးကိုလားဆိုရင်တော့ မဟုတ်ဘူးလို့ပဲ ဖြေပါရစေ။ သင်ဘယ်လောက်တော်သလဲ တတ်သလဲ လုပ်နိုင်သလဲဆိုတာကို သင့်ကိုယ်သင် ပြပါ။ ဒါမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ လူသားတစ်ယောက်အဖြစ် လူဖြစ်ရကျိုးနပ်မှာဖြစ်ပါတယ်။