သင်က တစ်လတစ်လဝင်ငွေနဲ့ထွက်ငွေကို တွက်ချက်ပြီးတိုင်းစိတ်ညစ်ရတယ်ဆိုရင် ဒါကသင်တယောက်ထဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအလေ့အကျင့်ကိုပြောင်းလဲဖို့ကြိုးစားသင့်ပါတယ်။ အခုပြောပြမှာကတော့ သင်စိတ် ကလိုတယ်လို့ထင်တဲ့အရာတွေကို အကုန်လျှောက်ဝယ်တဲ့အကျင့်ကိုဖျောက်ဖို့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဖတ်ပြီးရင် သင်သဘောကျမှာသေချာပါတယ်။
(၁) ငှားပါ
Source : Real Estate
သင်ဝယ်လိုက်တဲ့အရာတွေထဲမှာ တကြိမ်နှစ်ကြိမ်ပဲသုံးပြီးပြန်မသုံးဖြစ်တော့တဲ့အရာတွေအများကြီးပါနေနိုင်ပါတယ်။ ဒါ့ကြောင့် ပစ္စည်းတခုကိုမဝယ်ခင် သင့်အနေနဲ့ခနခနသုံးဖြစ်မယ့်ပစ္စည်းလား၊ တခါလောက်ပဲသုံးမှာလား ဆိုတာအရင်စဉ်းစားသင့်ပါတယ်။ တကယ်လို့ သင်ဝယ်မယ့်ပစ္စည်းကအသုံးပြုမှု ၅ကြိမ်ထက်နည်းနေမယ် ဒါမှမ ဟုတ် ခနလောက်ပဲသုံးဖြစ်မယ့်ပစ္စည်းမျိုးဆိုရင် ဝယ်မယ့်အစားငှားတာကပိုအဆင်ပြေပါလိမ့်မယ်။
(၂) အရည်အသွေးကောင်းတဲ့ပစ္စည်းတွေကိုပဲ ဝယ်ပါ
Source : iStock
သင်အမြဲတမ်းသုံးတဲ့ပစ္စည်းတွေ ဥပမာ-ဂျင်းဘောင်းဘီ၊ ဖိနပ်၊ မုတ်ဆိတ်ရိတ်ဓါး စသဖြင့် မကြာခဏအသုံးပြုလေ့ ရှိတဲ့ပစ္စည်းတွေကို ဈေးသက်သာတာထက် အရည်အသွေးကောင်းတာမျိုးကိုရွေးချယ်သင့်ပါတယ်။ တချို့အသုံး အဆောင်ပစ္စည်းတွေမှာဆိုရင် အာမခံပေးတာမျိုးရှိရင်လဲ ပိုကောင်းပါတယ်။ ဥပမာ- အီလက်ထရောနစ်ပစ္စည်း တွေ၊ လျှက်စစ်ပစ္စည်းတွေပါ။ ဒါပေမယ့် တချို့အရာတွေက ဈေးကြီးတိုင်းလဲအရည်အသွေးမကောင်းတာမျိုးဖြစ် နိုင်တဲ့အတွက် သတိထားရွေးချယ်ဖို့လိုပါတယ်။
(၃) စိတ်လိုက်မာန်ပါ မဝယ်ပါနဲ့
Source : NYIT
သင်ဈေးဝယ်ထွက်ခါနီးဝယ်ရမယ့်စာရင်းထဲကပစ္စည်းတွေအားလုံးက မဖြစ်မနေလိုအပ်တယ်လို့ထင်ရပေမယ့် ဝယ်ပြီးမှနောင်တရရတာမျိုးဖြစ်တတ်ပါတယ်။ ဒါက သင့်အနေနဲ့လိုချင်တဲ့စိတ်နဲ့ပဲ ချက်ချင်းဝယ်လိုက်လို့ပါ။ ဒါ့ကြောင့် သင်ဈေးဝယ်ဖို့ကိုစာရင်းလုပ်ပြီးတာနဲ့ သွားမဝယ်သေးဘဲရက်အနည်းငယ်ခြားပြီးမှ သွားဝယ်ပါ။ ဒီကြားထဲ စာရင်းထဲကပစ္စည်းတွေကို သင့်အနေနဲ့တကယ်လိုအပ်လားဆိုတာ စဉ်းစားဖို့လိုပါတယ်။
(၄) သင်ဘာတွေဝယ်တတ်လဲ ပြန်စစ်ပါ
Source : Telegraph
လူတော်တော်များများက အစားအစာတွေ၊ တကိုယ်ရည်သုံးပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေကိုလိုအပ်တာ ထက်ပိုမိုဝယ်ယူတတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်မှာ ဒီပစ္စည်းတွေကိုမကြာခဏလျော့ဈေးနဲ့ ရောင်းချတတ်လို့ပါ။ ဒါ့ကြောင့် သင်ဝယ်ဖူးတဲ့ပစ္စည်းတွေကိုပြန်စစ်ကြည့်ပြီး မလိုအပ်တာတွေကိုနောက်ထပ်မ ဝယ်မိဖို့ သတိထားပါ။