ဘယ်တော့မှ ခေတ်မတိမ်တဲ့ ဖက်ရှင်တစ်ခုက Jeans ဖက်ရှင်ပါ။ Jeans Pant ဟာ လူငယ်တွေ အကြိုက်ဆုံး ဘောင်းဘီအမျိုးအစားတွေထဲက တစ်ခုဖြစ်ပြီး လူငယ်တွေရဲ့ ခါးမှာ လွတ်လပ်ပေါ့ပါးမှုရဲ့အမှတ်တံဆိပ်အဖြစ် ဒီနေ့အထိ ရှိနေပါတယ်။ ကိုယ့်အဝတ်ဗီရိုမှာ နောက်ထပ် အားဖြည့်ဖို့ Jean ဘောင်းဘီတစ်ထည် ဝယ်တာ့မယ်ဆိုရင် ဒီအချက်တွေကို ကြည့်ပြီးမှ ဝယ်ဖို့ အကြံပြုချင်ပါတယ်။

(၁) Legs

Photo: ashleyweston

ဂျင်းဘောင်းဘီ ဝယ်မယ်ဆိုရင် ဘောင်းဘီခြေထောက် ဘယ်လောက်ရှည်သင့်သလဲဆိုတာကို ကြည့်ရမှာပါ။ ဘောင်းဘီခြေထောက်မှာ Full Break ဆိုပြီး ခြေဖနောင့်နဲ့ ဖမိုးအုပ်တဲ့ ဒီဇိုင်း ၊ ခြေကျင်းဝတ်ပတ်လည်အုပ်နေတဲ့ Half Break ဒီဇိုင်း ၊ Shoes ထိပ် ထိရုံ No Break ဒီဇိုင်း ဆိုပြီး ရှိပါတယ်။ဘောင်းဘီအောက် အရှည်ဟာဖနောင့်ဖုံးတဲ့အထိ ဆိုရင်လည်း အောက်ကိုပုံကျနေပြီး ခြေကျင်းဝတ်လောက်ပဲ ရှိနေရင်လည်း ကလေးဆန်နေမှာ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီ ခြေထောက်တစ်ခုရဲ့ အရှည်ဟာ Half Break ပဲ ရှိသင့်ပြီး တကယ်လို့ အရမ်းရှည်နေရင်တော့ ဆိုင်မှာ ပြုပြင်သင့်ပါတယ်။

(၂) Tights

Photo: ashleyweston

နောက်တစ်ချက်က ဘောင်းဘီတစ်ထည် ဘယ်လောက် ကြပ်သင့်/ချောင်သင့်သလဲ ဆိုတာပါပဲ။ Fitting ဖြစ်ဖို့ ဆိုရင် အရင်ဆုံး ဝတ်ကြည့်လိုက်တာ မှန်ပါတယ်။ ဘောင်းဘီအကျယ်ဟာ ဝတ်ပြီး ဆွဲဆန့်ထားချိန်မှာ အနည်းဆုံး ၀.၅ လက်မ ကနေ ၁ လက်မအတွင်း ချောင်ချောင်ချိချိ ဖြစ်နေဖို့ လိုပါတယ်။ ဘောင်းဘီဝယ်ရင် စမ်းဝတ်ပြီး လမ်းလျှောက်တာ ၊ ထိုင်ကြည့်တာတွေ လုပ်ကြည့်သင့်ပါတယ်။ ဒါမှ ကိုယ်နဲ့ သက်တောင့်သက်သာ ဖြစ်ရဲ့လား သိနိုင်မှာပါ။

(၃) Waist

Photo: ashleyweston

ဂျင်းဘောင်းဘီဝယ်ရင် ခါးဆိုဒ်မကိုက်လို့ ခါးပတ်သုံးရတာမျိုး မဖြစ်စေပါနဲ့။ ကိုယ်နဲ့ ကွက်တိဖြစ်တဲ့ ဆိုဒ်ရွေးပါ။ ဒါပေမယ့်လည်း အရမ်းတင်းကြပ်နေတာမျိုးလည်း မဖြစ်စေပါနဲ့။ ခါးချောင်ပြီး အောက်ကို လျှောကျနေတာမျိုးလည်း မဖြစ်အောင် သတိထားပါ။ ဒါမှမဟုတ် ဘောင်းဘီဝတ်ပြီး ထိုင်/ထ လုပ်ကြည့်ရင်လည်း ခါးအနေအထား အဆင်ပြေမပြေ သိနိုင်ပါတယ်။