အခြားသူတစ်ယောက်ကို အားကျမိနေတဲ့ ခံစားချက်မျိုး (သို့) ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုသို့ ရောက်ရှိချင်တဲ့ ခံစားချက်မျိုး ခံစားမိနေပါသလား။

ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ခံစားချက်တွေနဲ့ ဘဝမှာ မပျော်မရွှင် ခံစားနေရတယ်ဆိုရင် ဒီနည်းလမ်းများနဲ့ သင့်ရဲ့ဘဝကို တိုးတက်အောင်မြင်အောင် ပြောင်းလဲနိုင်ပါတယ်။

အခွင့်အရေးများကို အရယူပါ

tips for men to be successful

နေ့ရက်တိုင်းမှာ ဘဝကြီးသည် ကျွန်တော်တို့အတွက် စိန်ခေါ်မှုများ၊ အခွင့်အရေးများနှင့် ဒုတိယကြိုးစားခွင့်များကို ပေးအပ်လျက်ရှိပါတယ်။ ထိုအရာများကို မြင်အောင် ကြည့်တတ်ဖို့ပဲလိုပါတယ်။ မျက်စိ ရှင်ရှင်ထားပြီး ရလာသမျှ အခွင့်အရေးများကို အမိအရဖမ်းဆွဲထားလိုက်ပါ။

မိမိကိုယ်ကို ချစ်ပါ

tips for men to be successful

သင်သည် ကိုယ့်ကိုယ်ကိုယ် ချစ်ရဲ့လား။ မိမိကိုယ်ကိုယ်မိမိ ဂုဏ်ယူမိတဲ့အခိုက်အတန့်များ ဘယ်လောက်များများ ကြုံတွေ့ဖူးပါသလဲ။

သင့်ကိုယ်သင် မချစ်တဲ့အခါ သင့်ကိုယ်သင်လည်း ယုံကြည်မှာမဟုတ်တော့ဘဲ ကိုယ့်ရဲ့အိပ်မက်တွေကိုလည်း ဖြည့်ဆည်းနိုင်မှာမဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့အရည်အချင်းကို ယုံကြည်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ချင်တယ်၊ ကိုယ့်ရဲ့အိပ်မက်များကို အကောင်အထည်ဖော်ချင်တယ်ဆိုရင် သင်သည်လည်း သူများတွေထက် သာလွန်ကောင်းမွန်ကြောင်းကို လက်ခံထားဖို့လိုအပ်ပါတယ်။

အကောင်းမြင်စိတ်ရှိပါ

tips for men to be successful

ကိုယ့်ကို စိတ်အားငယ်စေချင်လို့ ပတ်ဝန်းကျင်က ပုတ်ခတ်ပြောဆိုလာတဲ့အခါ ခံနိုင်ရည်ရှိဖို့လည်း လိုသလို လျစ်လျူရှုတတ်ဖို့လည်း လိုအပ်ပါတယ်။ အဆိုးမြင်သမားများရဲ့ဝေဖန်မှုများ၊ တစ်စုံတစ်ရာချွတ်ချော်ပြီး ရှုံးနိမ့်သွားမှာကို ကြောက်ရွံ့ခြင်းတို့ကို ကျော်ဖြတ်ကာ အကောင်းမြင်စိတ်မွေးမြူလိုက်ပါ။ သင့်မှာ အကောင်းမြင်စိတ်ရှိနေသရွေ့ ဘာမဆိုကျော်ဖြတ်နိုင်မှာပါ။

သင့်နှလုံးသားရဲ့အသံကို နားထောင်ပါ

tips for men to be successful

ဘဝကို ဘယ်လိုပြောင်းလဲရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို သိနိုင်ဖို့အတွက်ဆိုရင် သင့်နှလုံးသားရဲ့စေညွှန်ရာကို နားထောင်ဖို့လိုပါလိမ့်မယ်။ ကိုယ် နှစ်သက်တဲ့အရာတွေကိုသာ ပြုလုပ်ပါ။ ဘယ်အရာကိုမဆို စတင်ပြီးတဲ့နောက်မှာ လမ်းတစ်ဝက်နဲ့ ချန်မထားခဲ့ဘဲ ဆုံးခန်းတိုင်သည်အထိ ပြုလုပ်ဖို့လိုအပ်ပါတယ်။ အောင်မြင်ဖို့ဆိုသည်မှာ အပြောကလွယ်သလောက် လုပ်ဖို့ခက်ခဲပါတယ်။ အဆုံးသတ်မှာတော့ အောင်နိုင်သူသာ နောက်ဆုံးအပြုံးပန်းကို ဆင်မြန်းနိုင်မှာပါ။

မိမိကိုယ်ကို အလုပ်တွေ အလွန်အကျွံခိုင်းပြီး ဖိအားမပေးပါနဲ့

tips for men to be successful

မပျင်းမရိနဲ့ အလုပ်လုပ်ဖို့လိုအပ်လည်း လိုအပ်သလို အလွန်အကျွံ အလုပ်မခိုင်းဖို့လည်း လိုအပ်ပါတယ်။ အလွန်အကျွံ ဖိအားပေးတဲ့အခါ အချိန်ကြာလာသည်နှင့်အမျှ စိတ်မပျော်မရွှင်ဖြစ်လာကာ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ပါဘူး။ ကောက်ရိုးမီးလို ဟုန်းခနဲထတောက်ပြီး မီးငြိမ်းသွားတာထက်စာရင် တမြေ့မြေ့နဲ့ လောင်ကျွမ်းပြီး ပန်းတိုင်ဆီအရောက်သွားလိုက်ပါ။

Source: Lovepanky.com

Featured Image Source: Ceoworld.biz