တီရှပ်တွေဟာ သက်တောင့်သက်သာနဲ့ Stylish ဖြစ်ပြီး ဝတ်ဖို့ လွယ်တဲ့ လူငယ်ကြိုက်ဖက်ရှင် ဖြစ်ပါတယ်။ တီရှပ်တွေကို Gym သွားတာ ၊ ကမ်းခြေလျှောက်လည်တာကနေ သူငယ်ချင်းတွေနဲ့ အပြင်မှာ တွေ့ဖို့ သွားတာအထိ ဝတ်နိုင်ပါတယ်။ နေရာစုံမှာ ပေါ့ပေါ့ပါးပါး ဝတ်သွားလို့ရတဲ့ တီရှပ်တစ်ထည်ကို ဝယ်တော့မယ်ဆိုရင် ဒီအချက်တွေ ထည့်စဉ်းစားဖို့ လိုပါတယ်။

(၁) Fit

Photo: Unblast

စတိုင်ကျဖို့အတွက် Fitting ဆိုတဲ့ စကားလုံးက အရေးကြီးပါတယ်။ တီရှပ်တစ်ခု အနေတော်ဖြစ်မဖြစ်ဆိုတာ ဆိုဒ်/ ပုခုံးသားကျမှုနဲ့ လက်မောင်းအနေအထားပါ ထည့်တွက်ရပါတယ်။ လက်နှစ်ဘက်ဟာ လက်မောင်းတစ်ဝက်လောက်ပဲ ရှိသင့်ပါတယ်။ အင်္ကျီအောက်ခြေဟာ ခါးနဲ့ ပေါင်ထိပ်အကြားမှာ ရှိသင့်ပါတယ်။

(၂) လည်ပင်းပေါက်

Photo: Groupon

တီရှပ်တွေဟာ လည်ပင်းပေါက် ၂ မျိုးနဲ့ လာပါတယ်။ Crew လို့ခေါ်တဲ့ လည်ဝိုက်နဲ့ V-Neck လို့ခေါ်တဲ့ ဗွီပုံစံလည်ပင်းနဲ့ပါ။ နှစ်ခုစလုံးက မျက်နှာနဲ့ ကိုယ်ခန္ဓာအချိုးအစားအလိုက် ဝတ်သင့်တဲ့ ဖက်ရှင်ဒီဇိုင်း ဖြစ်ပါတယ်။ လည်ဝိုက်တွေဟာ မရိုးတဲ့ ဒီဇိုင်းဖြစ်ပြီး နည်းနည်း‌ကိုယ်လုံးပြားသတွေနဲ့ လိုက်ပါတယ်။ လည်ပင်းရှည်ပြီး မျက်နှာသွယ်သူတွေအတွက် လည်ဝိုက်တီရှပ်တွေက ကိုယ်ခန္ဓာကို ပိုအချိုးကျစေပါတယ်။
V-Neck တွေကတော့ နည်းနည်း ပိုပြီး Formal ကျတယ်လို့ ဆိုရမှာပါ။ အရပ်ပုသူတွေ ဝတ်ရင် ပိုပြီး ရှည်လာတယ်လို့ မြင်စေလို့ ဝတ်သင့်ပါတယ်။ မျက်နှာဝိုင်း/ကျယ်သူတွေလည်း ဝတ်သင့်ပါတယ်။

(၃) ချည်သား

Photo: Freepik
များသောအားဖြင့် တီရှပ်ဝယ်ရင် ၁၀၀% ဝါချည်ပဲ ဝတ်သင့်ပါတယ်။ ချည်သားတွေက သဘာဝကျပြီး ပေါ့ပါး သလို အေးလည်း အေးပြီး ဝတ်လို့လည်း ကောင်းပါတယ်။ ပိုလိုင်စတာတွေလည်း ရွေးသင့်ပေမယ့် ဓါတုချည်မျှင်ကတော့ နည်းနည်း ဝတ်ရတာ သက်တောင့်သက်သာ မရှိပေမယ့် ချွေးစုပ်လို့ အားကစားလုပ်ချိန် ဝတ်ဖို့ကောင်းပါတယ်။
သစ်သားပျော့ဖတ်ကနေ ထုတ်တဲ့ Rayon သားတွေကတော့ ဝတ်ရတာ ပျော့ပြောင်းပေမယ့် ဆိုဒ်ကြီးလာပြီး အင်္ကျီကျယ်သွာဖို့ လွယ်ပါတယ်။ ဂျာဆီသားတွေကတော့ ဝါနဲ့ ဓါတုချည်စပ်သားတွေပါ သက်တောင့်သက်သာရှိပါတယ်။

(၄) ဒီဇိုင်း

Photo: WSJ

တီရှပ်တွေကို အမျိုးအစားနှစ်ခု ခွဲလို့ရပါတယ်။ Classic နဲ့ Graphic ပါ။ Classic ဒီဇီုင်းတွေဟာ ရိုးရိုး Solid Color နဲ့ လာပါတယ်။ စစ်တပ်နဲ့ သင်္ဘောသားတွေ အောက်ခံအဖြစ် ဝတ်တဲ့ အဖြူရောင် ၊ နက်ပြာ ၊ မီးခိုးရောင် နဲ့ အနက်ရောင်တွေ ဖြစ်ပြီး Skin Tone အလိုက် အနီရောင် ၊ အစိမ်းရောင်ကနေ ခရမ်းရောင်အထိ ထွက်ပါတယ်။
Graphic ဒီဇိုင်းတွေကတော့ ပုံစံမျိုးစုံထွက်ပြီး အဓိကကတော့ လူငယ်ဆန်ဆန် ခေတ်မီတဲ့ ဒီဇိုင်းပါ။ Graphic ဒီဇိုင်းမှာ စာသား Slogan တွေ ၊ နာမည်ကြီးပုဂ္ဂိုလ်ပုံတူတွေနဲ့ အဖွဲ့အစည်းနဲ့ အသင်းအပင်းနဲ့ ဆိုင်တဲ့ သရုပ်ဖော်ပုံတွေ ပါပါတယ်။ အသက် ၂၀-၂၅ ဆိုရင် Graphicတီရှပ်တွေ ဝတ်တာ ပိုသင့်ပြီး နည်းနည်း လူလတ်ပိုင်းဆိုရင်တော့ Classic ရွေးဝတ်သင့်ပါတယ်။