ယောကျာ်းလေးတွေအတွက် Fashion ကျကျ၊ Style မိမိနဲ့ လူတောတိုးစေတာ Suit And Tie ပဲဖြစ်ပါတယ်။ Suit ကို ရွေးချယ်ဝတ်ဆင်ရမှာ ထင်သလောက်မခက်ခဲလှပါဘူး။ Tailor ကိုယ်တိုင်က တိုင်ပင်ချုပ်လုပ်ပေးတဲ့အတွက် အစအဆုံးအဆင်ပြေလေ့ရှိပါတယ်။ ဒါပေမယ့် Necktie ရွေးချယ်တဲ့အခါမှာ တစ်ပွဲတိုးလောက်အတွက်သာအဆင်ပြေနိုင်ပေမယ့် အဲဒီတစ်ပွဲတိုးဝတ်ဆင်ပြီးတဲ့ Necktie တွေကို ပြန်လည်ဝတ်ဆင်ဖို့ဆိုတာ ကိုယ့်အတွက် မျက်နှာပန်းမလှစေပါဘူး။ ဒီအတွက် Necktie အသစ်တွေကို လိုလိုပိုပို ဝယ်ယူထားသင့်ပါတယ်။

ဒီလိုမျိုးဝယ်ယူမယ်စဉ်းစားတဲ့အခါ Necktie တွေကို ဘယ်လိုမျိုးရွေးချယ်ပြီး ဝယ်ယူရမလဲဆိုတာ စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ ဒီအတွက် စိတ်ပူစရာမလိုပါဘူး။ Necktie ဝယ်တဲ့အခါ အခြေခံနည်းလမ်း ၆ ခုရှိပါတယ်။ ရိုးရှင်းပြီးလွယ်ကူတဲ့အတွက် တစ်ယောက်တည်း Shopping ထွက်တဲ့အခါ ရွေးချယ်ဝယ်ယူနိုင်စေမှာဖြစ်ပါတယ်။

Source: istock

အနားသတ်ကိုကြည့်ပါ

Quality ကောင်းတဲ့ Necktie တစ်ခုကိုရရှိဖို့အတွက် အနားသပ်ချုပ်လုပ်ထားတဲ့ချုပ်ရိုးချုပ်သားကိုကြည့်ပါ။ ၁၀၀ရာခိုင်နှုန်း သိုးမွှေးစစ်စစ်နဲ့ ချုပ်လုပ်ထားဖို့လိုအပ်ပါတယ်။ တစ်ခါတစ်ရံရွှေရောင်ချည်တို့နဲ့ ချုပ်လုပ်တဲ့ Necktie လေးတွေလည်းရှိတတ်ပါတယ်။

အသားကိုကိုင်ကြည့်ပါ

Necktie အစစ်တစ်ခုရဲ့ အသားက ပိုးသားဖြစ်နေရပါမယ်။ ချုပ်လုပ်ထားတဲ့အသားကို ကိုင်ကြည့်ပါ။ သူ့ရဲ့ အသားကို ခံစားကြည့်ပါ။ ပိုးသားစစ်နေဖို့လိုအပ်ပါတယ်။ ပိုးသားစစ်မစစ်ဘယ်လိုသိနိုင်လဲဆိုရင် ပိုးသားအစစ်ဟာ သိပ်သည်းစထူပါတယ်။ ကိုင်ကြည့်လိုက်တဲ့အခါ ပိတ်စအသားဟာ နူးနူးအိအိလေးဖြစ်နေပါလိမ့်မယ်။ အခြားအစတွေထက်ပိုပြီးချောနေပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ပိုးသားမစစ်လို့ပါပဲ။

Source: Yahoo

ထုတ်ပိုးထားပုံကိုကြည့်ပါ

Necktie တွေကို ရောင်းချတဲ့အခါမှာ Hand Rolling လုပ်ပြီး ရောင်းချလေ့ရှိတာကို အားလုံးပဲ သတိထားမိမှာပါ။ ဒီလိုပြုလုပ်ထားခြင်းက ချုပ်လုပ်ထားတဲ့ ပိတ်စဟာ မခေါက်မကျိုးနိုင်တဲ့ ပိတ်စနဲ့ ပြုလုပ်ထားတယ်ဆိုတာကို လက်တွေ့သက်သေပြတဲ့အနေနဲ့ရောင်းချထားခြင်းဖြစ်ပါတယ်။ ဒီအတွက် Necktie တွေကိုဝယ်ယူတဲ့အခါ Hand Rolling မပြုလုပ်ထားတဲ့ ပစ္စည်းတွေကို မဝယ်ယူမိဖို့သတိထားပေးပါ။

အတွင်းချုပ်ရိုးသားကို စစ်ပါ

Necktie တစ်ခု ပုံစံကျဖို့အတွက် အတွင်းချုပ်ရိုးသားက အရမ်းကို အရေးပါပါတယ်။ အတွင်းချုပ်ရိုးသားမကျစ်လျစ်ခဲ့ဘူးဆိုရင် Necktie ကို ချုပ်လုပ်ထားတဲ့အသားနဲ့ ချုပ်ရိုးချုပ်သားက ဘယ်လောက်ပဲကောင်းနေပါစေ ပုံမကျစေပါဘူး။ ဒါ့အပြင် တာရှည်မခံစေပါဘူး။

အရှည်ကို ရွေးချယ်ပါ

Necktie တစ်ခုရဲ့ အရှည်တစ်ခုဟာ ခါးပတ်တစ်ခုအရှည်ရဲ့ ၂လက်မခွဲမှ ၄လက်မအထိ အရှည်အလျားရှိပါတယ်။ Necktie ကို ဝတ်ဆင်တဲ့အခါ တင်းလည်းမတင်း၊ ကျပ်လည်းမကျပ်နေစေရပါဘူး။ အနေတော်လောက်လေးသာ ဝတ်ဆင်ပေးမှာ Smart ကျနေမှာဖြစ်ပါတယ်။

Source: szarmant.pl

Pattern တွေကို သေချာစွာရွေးချယ်ပါ

အရာအားလုံးခေတ်မှီလာတဲ့အခါ ဒီဇိုင်းနဲ့ ဖက်ရှင်တွေကလည်း ခေတ်မှီလာပါတယ်။ ဒီအထဲမှာမှ Necktie ဟာလည်း Classic Pattern တွေ အပြင် Fashion Pattern တွေပါ ရောင်းချလာကြပါတယ်။ တစ်ခုသတိထားပေးရမှာက ပွဲလမ်းသဘင်သွားတဲ့အခါမှသာ Fashion Pattern ကို ဝတ်ဆင်ပေးပါ။ Classic Pattern ကိုတော့ Business Meeting ရှိတဲ့အခါမျိုးမှ ဝတ်ဆင်ပေးပါနော်။

အပေါ်မှာပြောပြခဲ့တဲ့အချက်တွေက ကိုယ်ကိုယ်တိုင် Necktie ဝယ်ယူတဲ့အခါဖြစ်ဖြစ် လက်ဆောင်ပေးတဲ့အခါမျိုးမှာဖြစ်ဖြစ် အသုံးဝင်စေမယ့်နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။