သင့် မျက်နှာနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်ကောင်းကောင်းတစ်လက်ကို ရှာဖွေနေပါသလား။ အရည်အသွေးကောင်းတဲ့ နေကာမျက်မှန်တစ်လက်ကတော့ အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

နေကာမျက်မှန် ဝယ်ယူတဲ့အခါမှာလည်း မိမိမျက်နှာကျနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှ သင့်မျက်နှာနဲ့ ကွက်တိကျပြီး စတိုင်လ်ကျနေမှာဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ နေကာမျက်မှန်မျိုးကို ဘယ်လိုရွေးချယ်ရမလဲ။

လေးထောင့်ကျတဲ့ မျက်နှာပိုင်ရှင်

man square face shape wears sunglasses

မျက်နှာလေးထောင့်ကျတဲ့ အမျိုးသားများကတော့ ဘောင်အမဲကွပ်ထားတဲ့ နေကာမျက်မှန်မျိုးကို ရွေးချယ်သင့်ပါတယ်။ ရှောင်ကြဉ်သင့်တဲ့မျက်မှန်ကတော့ အဝိုင်းပုံသဏ္ဍာန်နေကာမျက်မှန်တွေပဲဖြစ်ပါတယ်။

မျက်နှာဝိုင်းသော အမျိုးသားများ

round face shape man wearing sunglasses

မျက်နှာဝိုင်းတဲ့သူတွေကတော့ နေကာမျက်မှန်အဝိုင်းနဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ခန္ဓာကိုယ်အလေးချိန်ပေါ် မူတည်တာကြောင့် အချို့သူများက မျက်နှာဝိုင်းပေးမယ့် မေးရိုးလေးထောင့်စပ်စပ်ဖြစ်နေတာကို ဂရုပြုသင့်ပါတယ်။

အသည်းပုံသဏ္ဍာန် အမျိုးသားများအတွက်

heart shape face man wearing sunglasses

အသည်းပုံသဏ္ဍာန် မျက်နှာပိုင်ရှင်များကို တြိဂံဇောက်ထိုးပုံသဏ္ဍာန် မျက်နှာပိုင်ရှင်များလို့လည်း မှတ်ယူနိုင်ပါတယ်။ လီယိုနာဒို ဒီကာပရီယိုငယ်စဉ်ကလည်း အသည်းပုံသဏ္ဍာန်မျက်နှာကျမျိုးပါ။ ထိုမျက်နှာပိုင်ရှင်များကတော့ စတုရန်းပုံနေကာမျက်မှန်မျိုးကို ရွေးချယ်သင့်ပါတယ်။

ဘဲဥပုံသဏ္ဍာန် မျက်နှာကျပိုင်ရှင်များ

man oval shaped-face

ဒီမျက်နှာကျပိုင်ရှင်များကတော့ ကံကောင်းသူတွေပဲဖြစ်ပါတယ်။ နေကာမျက်မှန်က ဘယ်လိုပုံသဏ္ဍာန်မျိုးမဆို လိုက်ဖက်တဲ့ မျက်နှာပိုင်ရှင်တွေပဲဖြစ်ပါတယ်။

မျက်နှာရှည်သော အမျိုးသားများ

men face shape oblong

ဒီလိုမျက်နှာပိုင်ရှင်တွေကတော့ မျက်မှန်အပေါ်ကိုင်းကိုသာ ဘောင်ကွပ်ထားပြီး ကျန်အနားသုံးနားကို ဘောင်ဖြုတ်ထားတဲ့ မျက်မှန်မျိုးနဲ့ ပိုလိုက်ဖက်ပါတယ်။

စာဖတ်သူတို့လည်း မိမိမျက်နှာကျနဲ့ လိုက်ဖက်နဲ့ နေကာမျက်မှန်မျိုးကိုသာ ရွေးချယ်ဝယ်ယူရင်း ဖက်ရှင်ကျနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: Allaboutvision.com