ပရိဘောဂပစ္စည်းတစ်ခု ဝယ်ယူမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ ဘယ်အချက်ကို အရင်စဉ်းစားမိပါသလဲ။ အချို့ကလည်း ကြာရှည်ခံမှုကို ဦးစားပေးကြပြီး အချို့ကလည်း သက်သောင့်သက်သာဖြစ်မှု၊ လှပပြီး သဘာဝဆန်မှု (သို့) အဆင့်အတန်းမြင့်မြင့်နဲ့ အကောင်းစားဇိမ်ခံပရိဘောဂများ စသည်ဖြင့် ကိုယ့်ရဲ့ ဘက်ဂျက်ပေါ်လိုက်ပြီး အမျိုးမျိုး ပြောင်းလဲသွားပါလိမ့်မယ်။

ဘယ်လိုအချက်တွေပေါ်မှာပဲ မူတည်နေပါစေ သင့်အနေနဲ့ ပရိဘောဂပစ္စည်းများကို ရွေးချယ်ဝယ်ယူတဲ့အခါ အခုဖော်ပြပေးမယ့်အချက်တွေကိုတော့ မဖြစ်မနေ ထည့်သွင်းစဉ်းစားပြီးမှသာလျှင် ဝယ်ယူသင့်ပါတယ်။

Theme တစ်ခု ရွေးချယ်လိုက်ပါ

How to Choose The Right Furniture to Create a Luxurious House

မော်ဒန်ဘက် သွားချင်တာလား (သို့) ရှေးဟောင်းဆန်တဲ့ Theme မျိုးလား (သို့) လွတ်လပ်ပေါ့ပါးတဲ့ Theme မျိုးလားဆိုတာ အရင်ဆုံးဖြတ်ရပါမယ်။

ဆိုဒ်ရွေးချယ်မှုလည်း မှန်ကန်ပါစေ

How to Choose The Right Furniture to Create a Luxurious House

သင့်အခန်းကို ကျယ်ဝန်းတဲ့ပုံပေါက်စေချင်ရင် ဆိုဒ်သေးတဲ့ပရိဘောဂပစ္စည်းများကို ရွေးချယ်ပါ။ ဆိုဒ်ကြီးတဲ့ ပရိဘောဂမျိုးဆိုရင်တော့ သင့်အိမ်ကို ကျဉ်းသွားသယောင်ဖြစ်စေပါတယ်။

သင့် အိမ် (သို့) တိုက်ခန်း အကျယ်အဝန်းကိုလည်း ထည့်တွက်ပါ

How to Choose The Right Furniture to Create a Luxurious House

အရင်ဦးဆုံး သင့်အခန်းကို တံခါးပေါက်ကနေ စတိုင်းထားပါ။ ထို့နောက် Floor Plan အကြမ်းထည်တစ်ခု ပြင်ဆင်ပါ။ နံရံရဲ့ အရွယ်အစားကိုလည်း သေချာတိုင်းထားပြီး သေချာတာတစ်ခုကတော့ သင့်ရဲ့ပရိဘောဂသည် နံရံထက် တိုနေရမှာဖြစ်ပါတယ်။

ပရိဘောဂများ ဖြည့်ထည့်ပြီးသွားတဲ့အခါမှာလည်း လူသွားလမ်းကို သက်သောင့်သက်သာလျှောက်လို့ရအောင် ဖန်တီးထားဖို့လိုအပ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ခန္ဓာကိုယ်ကြီးကို ကျုံပြီးသွားနေရတာက ရေရှည်ဆို အဆင်ပြေမှာမဟုတ်ပါဘူး။

သင့်ဧည့်ခန်းပုံသဏ္ဍာန်က ဘယ်လိုပုံသဏ္ဍာန်လဲ

How to Choose The Right Furniture to Create a Luxurious House

သင့်ဧည့်ခန်းပုံစံက ဘဲဥပုံလား လေးထောင့်စပ်စပ် ပုံသဏ္ဍာန်လားဆိုတာ သေသေချာချာ သိထားရပါမယ်။ ဘဲဥပုံဧည့်ခန်းဆိုရင် ပရိဘောဂပစ္စည်းများကလည်း လေးထောင့်စပ်စပ်ပရိဘောဂတွေထက် ဝိုင်းစက်တဲ့ ပရိဘောဂတွေနဲ့ ပိုမိုလိုက်ဖက်ပါတယ်။

သင့်ရဲ့ပရိဘောဂတွေက ဘယ်သူ့အတွက် ရည်ရွယ်တာလဲ

How to Choose The Right Furniture to Create a Luxurious House

သင့်ပရိဘောဂပစ္စည်းတွေက အိမ်လည်လာမယ့် ဧည့်သည်တွေအတွက်ဆိုရင်တော့ ပရိဘောဂပစ္စည်းများများစားစား ထည့်ထားဖို့လိုပါလိမ့်မယ်။ သို့တည်းမဟုတ် သင့်တစ်ကိုယ်ရည်သုံးစာနဲ့ အိမ်သားများအတွက်ပဲဆိုရင်တော့ သူတို့အတွက် စဉ်းစားပြီး ဝယ်ယူနိုင်ပါတယ်။

ဘာအမျိုးအစားနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂမျိုးလဲ

How to Choose The Right Furniture to Create a Luxurious House

သင်သည် သစ်သားနဲ့ အချောသတ်ထားတဲ့ ပရိဘောဂမျိုးကို လိုချင်တာလား (သို့) သိပ်သည်းဆ နည်းတဲ့ ဖိုင်ဘာပြားနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂမျိုးကို လိုချင်တာလားဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ သိပ်သည်းကျစ်လျစ်တဲ့ သစ်သားပရိဘောဂတွေကတော့ ပိုမိုအကြမ်းခံပြီး ကြာရှည်လည်း ခံပါတယ်။

ဆိုဖာအစွပ်များ၊ ကူရှင်အစွပ်များကို သေချာရွေးချယ်ပါ

How to Choose The Right Furniture to Create a Luxurious House

သင့်အိမ်မှာ ကလေးတွေ ရှိတယ်ဆိုရင်တော့ ထိုအစွပ်တွေကို အပေခံမယ့်အရောင်ရွေးချယ်တာက အကောင်းဆုံးပါပဲ။

သင့်ရဲ့ အိမ်ထောင်ပရိဘောဂများနဲ့ အခန်းအရောင်နဲ့ လိုက်ဖက်မှုရှိပါစေ

How to Choose The Right Furniture to Create a Luxurious House

သင့်အခန်းနံရံရဲ့အရောင်နဲ့ အပြင်အဆင်တွေက ဘယ်လိုအမျိုးအစားကို သုံးထားသလဲဆိုတာ အရင့်လေ့လာပါ။ ထိုအရောင်နဲ့ဆိုရင် ဘယ်လိုပရိဘောဂအရောင်တွေနဲ့ လိုက်ဖက်မလဲဆိုတာ သေချာစဉ်းစားပြီးမှ အရည်အသွေးကောင်းမွန်ပြီး သက်သောင့်သက်သာရှိတဲ့ ပရိဘောဂများကို ဝယ်ယူရမှာဖြစ်ပါတယ်။

Source: Mydecorative.com

Featured Image Source: Man Of Many