ပိုက်ဆံအိတ်တစ်လုံးရဲ့ စွမ်းအားကို လူအများစုက လျှော့တွက်ထားကြပါတယ်။ အတော်များများက ပိုက်ဆံအိတ်ဆိုရင် ပိုက်ဆံထည့်ဖို့လောက် အဆင်ပြေရင်ကို အလုပ်ဖြစ်တယ်လို့ ထင်ထားကြတာပါ။ တကယ်တော့ ပိုက်ဆံအိတ် ဝယ်မယ်ဆိုရင် အဝယ်မမှားအောင် အခုပြောမယ့် အချက် ၄ ချက်ကို ထည့်ပြီး စဉ်းစားသင့်ပါတယ်။

သပ်ရပ်တဲ့ ပိုက်ဆံအိတ်မျိုး ရွေးပါ

Photo: thenewwallet

ပိုက်ဆံအိတ်တစ်လုံးဟာ ရိုးရှင်းနိုင်သမျှ ရိုးရှင်းတဲ့ အသုံးအဆောင်ဖြစ်သင့်ပါတယ်။ ရိုးရှင်းသပ်ရပ်တဲ့ Minimalist စတိုင် ပိုက်ဆံအိတ်တစ်လုံးဟာ Formal ပွဲတက်အနေနဲ့ရော ပုံမှန် ရိုးရိုးသုံး Casual အနေနဲ့ပါ သုံးနိုင်ပါတယ်။ ပိုက်ဆံအိတ်ရွေးမယ်ဆိုရင် တတ်နိုင်သမျှ ကာလာဗြောင်ကို တစ်ရောင်တည်း Unicolor ဖြစ်တာ ဝယ်သင့်ပါတယ်။

ဆိုဒ်မှန်ပါစေ

Photo: thenewwallet

Over-Sized Wallet တွေ ဝယ်တာမျိုး ရှောင်ပါ။ အရမ်းကြီးတဲ့ ပိုက်ဆံအိတ်က တကယ်လည်း အသုံးလိုချင်မှ လိုမှာပါ။ နောက်တစ်ခုက ပိုက်ဆံအိတ်ဖောင်းဖောင်းတွေဟာ အရုပ်လည်း ဆိုးပါတယ်။ ကိုယ့်ဘောင်းဘီအိတ်မှာ ထည့်လို့ အဆင်မပြေရင် အဲဒီပိုက်ဆံအိတ်က သင့်ကို စိတ်ဒုက္ခပေးပါလိမ့်မယ်။

မှန်ကန်တဲ့ ကာလာ ရွေးပါ

Photo: thenewwallet

ပိုက်ဆံအိတ်တစ်လုံးဟာ ရိုးရှင်းပြီး သပ်ရပ်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အရေးကြီးတာက ကာလာ ဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အကိုင်နဲ့ လိုက်ဖက်တဲ့ အရောင်ဝယ်နိုင်ရင် ပိုကောင်းပါတယ်။ တကယ်လို့ သင်က ဘဏ်မှာ ၊ ရုံးမှာ အလုပ်လုပ်နေတယ်ဆိုရင် အနက် ဒါမှမဟုတ် အဖြူလိုမျိုး Dark Colors တွေ ရွေးသင့်ပြီး ဖန်တီးမှုနဲ့ အလုပ်လုပ်နေတဲ့ ဗိသုကာနဲ့ ဒီဇိုင်နာတွေဆိုရင် ကာလာ Patterns ပိုစုံစုံလင်လင် ရွေးချယ်သင့်ပါတယ်။

အရည်အသွေးကောင်းတာ ဝယ်ပါ

Photo: thenewwallet

ပိုက်ဆံအိတ်ဝယ်တာကို ရေရှည်ရင်းနှီးမြှပ်နှံတစ်ခုအဖြစ် တွေးပြီး အရည်အသွေးကောင်းဖို့ ဦးစားပေးသင့်ပါတယ်။ အမျိုးအစားကောင်းပြီး နှစ်ဆယ်နဲ့ ချီပြီး အသုံးခံတဲ့ ပိုက်ဆံအိတ်ဝယ်ထားတာဟာ နောင်တနည်းစေပါလိမ့်မယ်။
ဒီဇိုင်းနဲ့ အမျိုးအစားအပြင် နောက်ထပ် စဉ်းစားသင့်တာက သုံးထားတဲ့ ပစ္စည်းပါ။ လယ်သာလား ၊ ချည်လား ၊ Polyester လား ၊ ကင်းဗတ်စ်လား ။ ကိုယ့်အကြိုက်ဆုံး အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။