Shirt ကော်လာတွေက ဆံပင်လိုပါပဲ။ ပုံစံသစ် မပြောင်းမချင်း သိပ်မထူးဘူး ထင်ကြပါတယ်။ တကယ်တော့ Shirt Collar အမျိုးအစားတွေ အများကြီးရှိပါတယ်။ နေရာပေါ်လိုက်ပြီး သူအမျိုးအစားနဲ့သူ မှန်ကန်တဲ့ Shirt Collar ရွေးဝတ်နိုင်မှ ထိရောက်တဲ့ဖက်ရှင်စတိုင်ဖြစ်မှာပါ။ ဒါကြောင့် Shirt Collar အမျိုးအစားတွေနဲ့ ဝတ်သင့်တဲ့ပုံစံတွေအကြောင်း မျှဝေပေးချင်ပါတယ်။
(၁) Button Down Collar

Photo: Batch Men’s
Button Down Collar တွေဟာ ပိုလိုကစားသူတွေအတွက် တီထွင်ခဲ့တာလို့ ဆိုစမှတ်ရှိပါတယ်။ ပိုလိုကစားနေတုန်း လေတိုက်ပြီး ကော်လာတွေ တဖတ်ဖတ် လာမရိုက်အောင် ထွင်ထားတာပါ။ သက်တောင့်သက်သာရှိပြီး စမတ် Casual ကျကျ ဝတ်ချင်သူတွေနဲ့ အလိုက်ဆုံး ကော်လာဒီဇိုင်း ဖြစ်ပါတယ်။
(၂) Spread Collar

Photo: apposta
Spread Collar လို့ ခေါ်တဲ့ ကော်လာအပြန့်သားတွေက Smart Casual အနေနဲ့ရော လုပ်ငန်းရှင်တွေအတွက် Business Meeting တွေ တက်ရာမှာပါ ဝတ်နိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ နက်ခ်တိုင်နဲ့ တွဲဝတ်နိုင်သလို နက်ခ်တိုင်မပါလည်း အဆင်ပြေတဲ့ ဒီဇိုင်းပါ။ Blazer ကုတ်အပါးနဲ့ အဝတ်များတဲ့ ဖက်ရှင်လည်း ဖြစ်ပါတယ်။
(၃) Cuban Collar

Photo: dandy in thebronx
ပေါ့ပေါ့ပါးပါး အားလပ်ရက်တွေနဲ့ အပန်းဖြေခရီးတွေမှာ Cuban Collar ရှပ်အင်္ကျီလက်တိုလေးတွေ ဝတ်ကြပါတယ်။ Cuban Collar တွေက ဘေးပြန့်ကော်လာသားဖြစ်ပြီး ပုံမှန်ကော်လာတွေထက် လည်ပင်းပေါက် ပိုကျယ်ပါတယ်။ ညအိပ်ဝတ်စုံ Pyjamas အင်္ကျီအတော်များများကလည်း Cuban Collar နဲ့ လာပါတယ်။
(၄) V-Neck

Photo: spy
V-Neck က ကော်လာအမျိုးအစားထဲမှာ မပါဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း V-Neck Collar လို့ အရပ်ထဲမှာ သုံးနေတာကြောင့် V လည်ပင်းပေါက် ကော်လာအချိုးအကြောင်းလည်း ပြောချင်ပါတယ်။ များသောအားဖြင့် V-Neck ရှပ်တွေကို မျက်နှာဝိုင်းသူ ၊ မျက်နှာပုံကျယ်သူတွေ ဝတ်သင့်ပါတယ်။ V-Neck ဆိုပေမယ့် ကော်လာလိုင်းဟာ ၃ လက်မထက်ပိုပြီး ရင်မဟိုက်သင့်ပါဘူး။
(၅) Turtleneck

Photo: stylecheer
လိပ်လည်ပင်းပုံ Turtleneck ဒီဇိုင်းတွေက ဆောင်းတွင်းဝတ် ဆွယ်တာတွေမှာ အတွေ့များပါတယ်။ လည်ပင်းနွေးတော့ တစ်ကိုယ်လုံး အအေးဓါတ်သက်သာအောင်ဆိုတဲ့ ဒီဇိုင်းပါ။ လည်ပင်းနေရာမှာ ကော်လာအခေါက်အတွန့်တွေ ပါဝင်ပြီး Hoodies တွေမှာလည်း Turtleneck ဒီဇိုင်းနဲ့လာတာ ရှိပါတယ်။ ကျား/မ မရွေး ဝတ်ကျတဲ့ ကော်လာဒီဇိုင်းလည်း ဖြစ်ပါတယ်။
Featured Photo: stylecheer
