သင်သည် ဖိနပ်တွေ အများကြီး ဝယ်စုရတာကို ဝါသနာပါတဲ့သူတစ်ယောက်လား။ ဖိနပ်တွေ အများကြီး ဝယ်စုတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဖိနပ်တွေကို မပျက်စီးအောင် သေချာဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် ရှူးဖိနပ်များ၊ သားရေဖိနပ်တွေကို သေချာဂရုစိုက်သင့်ပါတယ်။ ကိုယ်က ဈေးကြီးပေးဝယ်ထားပြီးခါမှ တစ်ခေါက်နှစ်ခေါက်ပဲ စီးရပြီးတော့ ပျက်စီးသွားမယ်ဆိုရင် နှမြောစရာကောင်းပါတယ်။

ဒါ့ကြောင့် မိမိရဲ့ရှူးဖိနပ်များကို ဝယ်တုန်းကအတိုင်း သစ်လွင်တောက်ပနေအောင် သန့်ရှင်းရေးပြုလုပ်နိုင်မယ့် နည်းလမ်း (၃) မျိုးကို ဝေမျှပေးချင်ပါတယ်။

နည်းလမ်း (၁)

how to clean leather shoes for men

သားရေပျော့ဖိနပ်တွေအတွက်တော့ ဒီနည်းလမ်းကို အသုံးပြုရပါမယ်။ အရင်ဦးဆုံး သန့်ရှင်းရေး မလုပ်ခင်မှ ဖိနပ်ကြိုးများကို အရင်ဖယ်ရှားလိုက်ပါ။

how to clean leather shoes for men

ထို့နောက် ဖိနပ်မှာကပ်နေတဲ့ ဖုန်မှုန့်နှင့် အမှိုက်များကို ဖယ်ရှားဖို့ရန်အတွက် နူးညံ့သောဘရက်ရှ်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ။

how to clean leather shoes for men

ထို့နောက် သားရေဖိနပ်တိုက်သော ဆေးရည်ကို အခြားဘရက်ရှ်တစ်ခုပေါ် ညှစ်ထည့်လိုက်ပါ။ ထို့နောက် ဖိနပ်ပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။

how to clean leather shoes for men

ထို့နောက် ဖိနပ်ပေါ်တွင် ကျန်ရစ်ခဲ့သော ဆီများကို ဖယ်ရှားဖို့ရန်အတွက် ဖိနပ်ပေါ်တွင် ပေါင်ဒါမှုန့်လေး ဖြူးကာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပေးလိုက်ပါ။ ပေါင်ဒါ မရှိပါကလည်း ပြောင်းမှုန့်ကို အသုံးပြုနိုင်ပါတယ်။ ထို့နောက် ၇ နာရီ၊ ၈ နာရီအထိ ထားထားလိုက်ပါ။

how to clean leather shoes for men

သတ်မှတ်ချိန်ပြည့်မှ ပုဝါတစ်ထည်ဖြင့် ပွတ်တိုက်ပေးလိုက်မယ်ဆိုရင် သင့်ရဲ့သားရေဖိနပ်သည် အသစ်အတိုင်း တောက်ပနေမှာပါ။

နည်းလမ်း (၂)

သားရေကြမ်းဖိနပ်အတွက်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ အရင်ဦးဆုံး နူးညံ့သောဘရက်ရှ်ဖြင့် ဖိနပ်ကို အရင်ဆုံး သန့်စင်ပေးလိုက်ပါ။

how to clean leather shoes for men

ထို့နောက် ဖိနပ်ပေါ်တွင် စွန်းထင်းနေသော စွန်းရာ၊ ခြစ်ရာများကို ခဲဖျက်ဖြင့် ဖျက်ပေးရပါမယ်။

how to clean leather shoes for men

ထို့နောက် ဖိနပ်ပေါ်တွင် ပြောင်းမှုန့်များ ဖြူးက စက်ဝိုင်ပုံသဏ္ဍာန် ပွတ်တိုက်လိုက်ပါ။ ပွတ်တိုက်ပြီးနောက် ၂ နာရီ၊ ၃ နာရီခန့် ထားထားလိုက်ပါ။

how to clean leather shoes for men

ထို့နောက် သင့်ဖိနပ်က ရေစိုခံဖိနပ်ဆိုရင်တော့ Silicone-Based စပရေးလေးဖြန်းပေးလိုက်ပါ။ ရေစိုမခံဘူးဆိုရင်တော့ ရိုးရိုးပုဝါဖြင့်သာ သုတ်ပေးရပါမယ်။

နည်းလမ်း (၃)

how to clean leather shoes for men

မာကျောသော သားရေဖိနပ်အတွက်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုရပါမယ်။ ဖိနပ်ကြိုးကို အရင်ဦးဆုံး ဖယ်ရှားထားလိုက်ပါ။ ဆပ်ပြာအပျော့စားနှင့် ရေတို့ကို သမအောင် ရောမွှေပြီးနောက် ပုဝါတစ်ထည်ကို ဆပ်ပြာရည်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ဖိနပ်ပေါ်တွင် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။

ဖိနပ်ကြိုးလည်း ညစ်ပတ်နေတယ်ဆိုရင်တော့ ဆပ်ပြာရည်ထဲ သပ်သပ်စိမ်ထားကာ လျှော်ရပါမယ်။

how to clean leather shoes for men

ထို့နောက် မဲညစ်ကာ ပေရေနေသောနေရာတစ်ဝိုက်ကို သန့်ရှင်းဖို့ရန်အတွက် ဂွမ်းကြပ်တံကို လက်သန့်ဆေးရည်ထဲနှစ်ပြီးနောက် ညစ်ပတ်နေသောနေရာတစ်ဝိုက်ကို သန့်စင်ပေးလိုက်ပါ။

how to clean leather shoes for men

ထို့နောက် မိနစ်အနည်းငယ်ခန့် အခြောက်ခံထားပါ။ ထို့နောက် ပုဝါတစ်ထည်ပေါ်တွင် သဘာဝအဆီဆွတ်ကာ သန့်ရှင်းတောက်ပြောင်သွားအောင် ပွတ်တိုက်ပေးလိုက်ပါ။

အခုဖော်ပြပေးသွားတဲ့ နည်းလမ်း (၃) မျိုးတည်းက သင် ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Source: Wikihow.life