အချိန်ခဏလေးအတွင်းမှာ ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကို မထိန်းနိူင်ကြလို့ စီးပွားပျက်ကြတဲ့လူတွေ အသက်သေဆုံးခဲ့ကြရတဲ့လူတွေ အများကြီးပါပဲ။ တစ်ချို့လူတွေက စိတ်ဆိုးဒေါသထွက်တာ အင်မတန်မြန်ပါတယ်။ လေးတိုးတာကအစ ဒေါသထွက်တဲ့လူတွေ ရှိပါတယ်။ ဒီဒေါသစိတ်ကြောင့် သင့်ကိုယ်သင် မဖျက်စီးလိုက်ပါနဲ့။ အတက်နိုင်ဆုံး ဒေါသကိုထိန်းပါ။ ဒီနေ့ kwee page ကဒေါသထိန်းနည်းလေးတွေ ပြောပြပေးသွားမှာပါ။
မိမိကိုယ်ကို ဆုံးမပါ/နှစ်သိမ့်ပါ

Source: Northeasterm University
မိမိကိုယ်ကို ဆုံးမပါ/နှစ်သိမ့်ပါ။ ဒီဒေါသဖြစ်နေတဲ့ စိတ်ကြောင့် ကိုယ့်မှာ ဘာအကျိုးထူးရသွားလဲ ပြန်စဉ်းစားကြည့်ပါ။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အရာရာဟာ ပြန်ပြီးအဆင်ပြေသွားပါလိမ့်မယ်ဆိုပြီး မှတ်ယူလိုက်ပါ။
ဒေါသဖြစ်နေချိန် တစ်ယောက်ထဲနေပါ

Source: Hootsuite Blog
ဒေါသဖြစ်နေချိန်မှာ လူတွေနဲ့ စကားမပြောဘဲ တစ်ယောက်တည်း ထဲနေပေးကြည့်ပါ။ မျက်စိကို မှိတ်ထားပြီး ကိုယ့်စိတ်ကို အေးချမ်းတဲ့ နေရာတစ်နေရာ ရောက်သွားတယ်လို့ ပုံဖော်ကြည့်ပါ။ ဒီလိုမှမဟုတ်ရင်လည်း အေးချမ်းတည်ငြိမ်တဲ့ ဂီတလေးတွေဖွင့်ပြီး နားထောင်ပေးပါ။
လှုပ်လှုပ်ရှားရှားနေကြည့်ပါ

Source: BetterHelp
အိမ်အလုပ်လုပ်တာ (သို့) လမ်းလျှောက်တာတွေ လုပ်ကြည့်ပါ။ ချွေးလေးထွက်ပြီး တင်းနေတဲ့ ကြွက်သားလေးတွေက ပြေလျော့သွားရင် ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ ဒေါသစိတ်တွေ နည်းနည်းတော့ ပျောက်သွားမှာပါ။ လမ်းမလျှောက်ချင်တဲ့သူတွေအတွက် ကိုယ့်ရဲ့ ကြွက်သားတွေကို ပြေလျော့သွားစေဖို့ လေ့ကျင့်ခန်းလုပ်ပေးတာ၊ အကြောဆန့်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။
တခြားလူတွေနဲ့ စကားမပြောပါနဲ့

Source: Patrick King Consulting
အတက်နိုင်ဆုံး တခြားလူတွေနဲ့ စကားမပြောဖြစ်အောင် နေပေးပါ။ ဒေါသထွက်နေတဲ့အချိန်မှာ တခြားသူတစ်ယောက်နဲ့ စကားပြောရင် အမှားတွေ ပါသွားတက်ပါတယ်။ ဒါကြောင့် လူတွေနဲ့ စကားပြောတာထက် တစ်ယောက်ထဲ အေးအေးဆေးဆေး နေတာ ပိုကောင်းပါတယ်။
