ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ချင်တဲ့ ယောကျာ်းများအတွက် အရေးကြီးဆုံးအချက်သည် ဘာများဖြစ်မလဲ။ ငွေအရင်းအနှီးတစ်ခုတည်းနဲ့တော့ အောင်မြင်တဲ့ လုပ်ငန်းတစ်ခု မတည်ထောင်နိုင်ပါဘူး။ ကိုယ့်ရဲ့လုပ်ငန်းအပေါ် ချစ်တဲ့စိတ်၊ ကိုယ့်လုပ်ငန်းကို ဒီ့ထက်ပိုတိုးတက်အောင်မြင်လာအောင် ကြိုးစားချင်တဲ့စိတ်တွေလည်း လိုအပ်ပါသေးတယ်။

ကိုယ့်လုပ်ငန်းက တစ်စထက် တစ်စ ပိုမိုကြီးထွားအောင်မြင်လာဖို့အတွက် မဖြစ်မနေ သိထားသင့်တဲ့အချက်များလည်း ရှိပါသေးတယ်။

စိတ်ဖိစီးမှုများကို လျော့ချပြီး ကိုယ့်လုပ်ငန်းအပေါ်သာ အာရုံစိုက်ထားပါ

tips for men for a startup business

အလုပ်ကြီးကြီး သေးသေး အလုပ်တိုင်းကတော့ စိတ်ဖိစီးမှု ရှိတတ်ကြပါတယ်။ ထိုစိတ်ဖိစီးမှုတွေအပေါ်မှာပဲ အာရုံရောက်မနေဘဲ ကိုယ် လုပ်စရာရှိတဲ့အလုပ်အပေါ်မှာသာ အာရုံစူးစိုက်ထားပါ။ ကိုယ့်ဘက်က အမြဲတမ်း တက်တက်ကြွကြွရှိနေမှသာလျှင် ကိုယ့်ဝန်ထမ်းများသည်လည်း ကိုယ့်နည်းတူ အလုပ်အပေါ် အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

အစီအစဉ်တကျ လုပ်ဆောင်တတ်ပါစေ

tips for men for a startup business

လုပ်ငန်းရှင်တစ်ယောက်သည် အရာရာမှာ စည်းစနစ်ကျကျ လုပ်ဆောင်တတ်ဖို့လိုပါတယ်။ ကိုယ်သည် စရိုက်မတူညီကြတဲ့ ဝန်ထမ်းပေါင်း မြောက်မြားစွာကို အုပ်ချုပ်နေရတာဖြစ်တဲ့အတွက်ကြောင့် လူအယောက်စီတိုင်းနဲ့ လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံတတ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ်က ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မှသာလျှင် ကိုယ့်ရဲ့ဝန်ထမ်းများသည်လည်း ကိုယ့်ကို လေးစားမှာဖြစ်ပြီး အလုပ်လုပ်ရတာ ပိုမိုခရီးတွင်ပါလိမ့်မယ်။

Deadlines ကို သေသေချာချာသတ်မှတ်ထားပါ

tips for men for a startup business

ဘယ်နေ့မှာတော့ အပြီးပေးရမယ်။ ဒီလအတွက် ရောင်းအားက ဘယ်နှရာခိုင်နှုန်းထိ တက်လာအောင် လုပ်မလဲ စတဲ့ တစ်လချင်းစီအတွက် ပန်းတိုင်များ ချမှတ်ပေးထားခြင်းအားဖြင့် ကိုယ့်ဝန်ထမ်းတစ်ယောက်ချင်းစီသည် သူတို့ဘာကို အာရုံစိုက်ကာ လုပ်ဆောင်ရမလဲဆိုတာကို သိမြင်ရပါလိမ့်မယ်။

သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ရတဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခုဖန်တီးပါ

tips for men for a startup business

ကိုယ့်ဝန်ထမ်းများနဲ့ ရင်းနှီးခင်မင်စွာ နေထိုင်ပါ။ စည်းကင်းတင်းကြပ်ထားခြင်းအားဖြင့် စိတ်မကျဉ်းကြပ်စေဘဲ ကိုယ့်အလုပ်ကို မထိခိုက်သရွေ့ သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း ဦးစားပေးရပါမယ်။ သူတို့ရဲ့ ဆိုရှယ်မီဒီယာများပေါ်တွင်လည်း မျက်ခြေမပြတ်စောင့်ကြည့်ပြီး ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုပြီး ပိတ်ပင်တာမျိုးလည်း မပြုလုပ်ပါနဲ့။

ကိုယ့်ဝန်ထမ်းများကို လုံလောက်တဲ့ထောက်ပံ့မှု ပေးပါ

tips for men for a startup business

သင့်ဝန်ထမ်းများသည် လုပ်ငန်းခွင်မှာ အလုပ်လုပ်ရတာ မပျော်တော့ဘဲ စိတ်ဖိစီးမှုများလာတဲ့အခါ အလုပ်လုပ်ရတာ မပျော်ရွှင်ကြတော့ပါဘူး။ ဒါ့ကြောင့် ဝန်ထမ်းများကို ပျော်ရွှင်အောင် ထားပါ။ ဥပမာအနေနဲ့ ထမင်းစားခန်းထဲတွင် ကျန်းမာရေးနဲ့ ညီညွှတ်သော သစ်သီးဝလံများ ထားပေးခြင်း၊ နားနေခန်း သပ်သပ် ဖန်တီးပေးထားခြင်းအားဖြင့် အလုပ်နားချိန်တွင် ထိုအခန်းထဲ၌ စိတ်အေးလက်အေး အနားယူခြင်းအားဖြင့် စိတ်ပင်ပန်းမှုများကို လျော့ချနိုင်ပါတယ်။

Source: Entrepreneur.com

Featured Image Source: Ashtoncollege.ca