စိတ်ဖိစီးမှုဆိုတာ လူတွေနဲ့မကင်းနိုင်တဲ့အရာတစ်ခုလို ဖြစ်လာနေပါပြီ။ အထူးသဖြင့် အလုပ်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုရကြတာများပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ စိတ်ဖိစီးမှုကင်းတဲ့ လုပ်ငန်းခွင်တစ်ခုဘယ်လိုဖန်တီးယူရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
စားပွဲပေါ်မှာ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းလေးတွေ ထားပါ

Source: All Perfect Stories
အကယ်၍အလုပ်က စိတ်ဖိစီးမှုတွေ ဖြစ်စေတယ်ဆိုရင် စားပွဲပေါ်မှာ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းလေးတွေ ထားပါ။ ဒီပစ္စည်းတွေက သင့်အတွက် အဓိပ္ပာယ်တစ်ခုခုရှိစေတဲ့ ပစ္စည်းမျိုးဖြစ်ရပါမယ်။ ဥပမာ မိသားစုဓာတ်ပုံ၊ ချစ်ရတဲ့သူရဲ့ဓာတ်ပုံ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာလက်ရာ တစ်ခုခု စသဖြင့် ထားပေးခြင်းက စိတ်ဖိစီးလျှော့ကျစေပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ

Source: The Ladders
တစ်နေ့တာမှာ အလုပ်တာဝန်တွေအရမ်းမျာနေရင်တောင် (၁၅) မိနစ်လောက်တော့ အချိန်ပေးပြီး လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာမျိုးလေးလုပ်ပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက အလုပ်ခွင်စိတ်ဖိစီးမှုကို ကင်းစေမယ့် အကောင်းဆုံးသော နည်းလမ်းတွေထဲကတစ်ခုပါ။
အနှောင့်အယှက်တွေကို လျစ်လျူရှု့ပါ

Source: v
အလုပ်ထဲမှာ သင်ဆီမကြာခဏလာပြီး စကားလာပြောနေတဲ့ လုပ်ဖော်ကိုင်ဖက်ရှိကောင်းရှိနေပါလိမ့်မယ်။ ဒါမှမဟုတ် ဆူညံတဲ့ လှေကားနားမှာ အလုပ်လုပ်နေရတာလည်းဖြစ်နိုင်ပါတယ်။ အကယ်၍ ဒီအနှောင့်အယှက်ဖြစ်စရာတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာသိနေရင် စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပါတယ်။
အိပ်ရေးဝအောင်အိပ်ပါ

Source: CNN.com
အိပ်စက်ချိန်မလုံလောက်တာကလည်း စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့အချက်တွေထဲက တစ်ခုပါ။ ဒါကြောင့် ညတိုင်း အနည်းဆုံး အိပ်ချိန် ၈ နာရီရှိနေစေဖို့ ဂရုစိုက်စေချင်ပါတယ်။ ဒါကြောင့် ညဉ့်နက်အထိဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ ညဉ့်နက်ခံပြီး အလုပ်လုပ်တာမျိုးကိုရှောင်ပါ။
အမြဲမပြတ်လေ့လာသင်ယူပါ

Source: Thrive Global
နေ့ရက်တိုင်းမှာ အမြဲမပြတ်သင်ယူနေတဲ့သူတွေက စိတ်ဖိစီးမှုကင်းတတ်ကြပါတယ်။ ဒါ့ကြောင့် အလုပ်ခွင်နဲ့ပတ်သက်တဲ့ ပညာရပ်တစ်ခုကိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ဝင်စားရာ ပညာရပ်တစ်ခုကိုပဲဖြစ်ဖြစ် အမြဲမပြတ်သင်ယူနေပါ။ လေ့လာသင်ယူမှုတိုင်းက အကျိုးဖြစ်ထွန်းစမြဲဆိုတာကို မမေ့ပါနဲ့။
