အိမ်တစ်လုံး ဖန်တီးတဲ့အခါမှာ ခေတ်မှီပြီး Luxury ဆန်ရမယ်ဆိုတဲ့ စကားလုံး နှစ်လုံးကို အခုနောက်ပိုင်းမှာ အများဆုံး သုံးလာကြပါတယ်။ အဆင့်အတန်းမြင့်တဲ့ နေအိမ်တစ်လုံးပိုင်ဆိုင်ပြီး ကိုယ့်ရဲ့အိမ်တွင်းအပြင်အဆင်သည် အရေးကြီးဆုံးအခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့အိမ်တွင်း အပြင်အဆင်ကို သေသေချာချာ ပြင်ဆင်ထားမှသာလျှင် ခမ်းနားကြီးကျယ်လှပတဲ့ Luxury အိမ်တစ်လုံး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ထိုကဲ့သို့ အိမ်မျိုး ပိုင်ဆိုင်ဖို့ရန်အတွက်  ဘယ်လိုနည်းလမ်းတွေကို သိထားသင့်သလဲ။

အရောင်ကို သေချာရွေးချယ်ပါ

How to Create Modern Luxury House with Luxury Interior Design

မော်ဒန်အရောင်တွေကတော့ မီးခိုးရောင်၊ အနက်ရောင်၊ အဖြူရောင်၊ အညိုရောင်နှင့် အသားအရောင်တို့ဖြစ်ပါတယ်။ Luxury ဆန်တဲ့အရောင်များကတော့ အနီရောင်၊ ခရမ်းရောင်၊ အပြာရောင်နဲ့ ဥဿဖရားရောင်တို့ပဲဖြစ်ပါတယ်။ ရွှေရောင်နှင့် Rose Gold ရောင်တို့ကိုလည်း Luxury အရောင်ထဲ ထည့်လို့ရပါတယ်။

ထိုမော်ဒန်အရောင်နဲ့ Luxury အရောင်တို့ကို ရောနှောအသုံးပြုတဲ့အခါ မော်ဒန်အရောင်နှင့် Luxury အရောင်တို့ကို ၃ အချိုး ၂ သာ အသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာ သင့်အခန်းနံရံကို အဖြူရောင် သုတ်ထားတယ်ဆိုရင် ဆိုဖာကို အနီရောင် အသုံးပြုတာမျိုးဖြစ်ရပါမယ်။

ပိတ်စအသားအမျိုးအစားကို သေချာရွေးချယ်ပါ

How to Create Modern Luxury House with Luxury Interior Design

ဧည့်ခန်းရှိ ခန်းဆီးလိုက်ကာများ၊ အိပ်ခန်းရှိ အိပ်ရာခင်းများ၊ စောင်များ အသုံးပြုတဲ့အခါမှာလည်း ပိတ်စအသားအမျိုးအစားကို သေချာရွေးချယ်ရပါမယ်။ Modern Luxury ခံစားချက်မျိုး ရယူချင်တယ်ဆိုရင်တော့ ချည်သား၊ လီနင်သား၊ ပိုးထည်တို့ကို ရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။

သပ်ရပ်သန့်ရှင်းမှုကို ဦးစားပေးပါ

How to Create Modern Luxury House with Luxury Interior Design

Luxury ဆန်တဲ့အိမ်တစ်လုံးမှာ အဓိကအကျဆုံးက သန့်ရှင်းသပ်ရပ်မှုပဲဖြစ်ပါတယ်။ ကိုယ့်အိမ်က ဘယ်လောက်ပဲ ကြီးကျယ်နေပါစေ ဖုန်အလိမ်းလိမ်းတက်နေမယ်ဆိုရင်တော့ Luxury ဆန်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။

မျက်စိရှင်းအောင် ပြုလုပ်ပါ

How to Create Modern Luxury House with Luxury Interior Design

အိမ်ထောင်ပရိဘောဂပစ္စည်းများနဲ့ ပြည့်နှက်နေမယ်။ မျက်စိမရှင်းဘဲ သင့်အခန်းတစ်ခုလုံးက ပစ္စည်းပစ္စယမျိုးစုံနဲ့ နေရာယူထားမယ်ဆိုရင်တော့ သင့်အိမ်သည် Luxury Theme ကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ အသုံးမလိုတဲ့ပစ္စည်းများကို မဝယ်ပါနဲ့။ ကိုယ့်ရဲ့အိမ်ခန်းရှိ ပစ္စည်းများအားလုံးကို အနည်းဆုံးဖြစ်အောင် ပြုလုပ်ရပါမယ်။ အခုနောက်ပိုင်းမှာ Minimalist ပုံစံမျိုးတွေက ခေတ်စားလာတာဖြစ်ပြီး အရိုးရှင်းဆုံးကသာ အလှပဆုံးဖြစ်ပါတယ်။

သဘာဝပစ္စည်းများကို ဦးစားပေးရွေးချယ်ပါ

How to Create Modern Luxury House with Luxury Interior Design

အိမ်ထောင်ပရိဘောဂများ ရွေးချယ်တဲ့အခါ Eco-Friendly ဖြစ်တဲ့ ပစ္စည်းများကို ရွေးချယ်သင့်ပါတယ်။ သဘာဝကို ထိန်းသိမ်းစောင့်ရှောက်ရာကျပြီး ကိုယ့်ရဲ့အိမ်ခန်းအပြင်အဆင်သင့်လည်း Level တစ်ခုအထိ မြင့်သွားစေပါတယ်။

အခန်းတွင်း အလင်းရောင်ကို သေချာချိန်ညှိပါ

How to Create Modern Luxury House with Luxury Interior Design

အခန်းတွင်း အလင်းရောင်သည်လည်း အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ အလင်းများလွန်းရင်လည်း မျက်စိစူးစေပြီး အလင်းနည်းလွန်းရင်လည်း သင့်အခန်းက မှုန်မှုန်မှိုင်းမှိုင်းနဲ့ ကြည့်ရဆိုးစေပါတယ်။ အလင်းအမှောင်ကိုတော့ ကိုယ်ကိုယ်တိုင်က တတ်ကျွမ်းပါက ကိုယ်တိုင်ပြုလုပ်နိုင်ပြီး ကိုယ်က အလင်းအမှောင် သေချာမကစားတတ်ပါက အမှန်တကယ် တတ်ကျွမ်းနားလည်ပြီး ယုံကြည်စိတ်ချရသူထံ အပ်နှံသင့်ပါတယ်။

ဒါဆိုရင်တော့ သင့်ရဲ့အိမ်တွင်းအပြင်အဆင်က ခေတ်မှီပြီး Luxury ဆန်တဲ့ အပြင်အဆင်မျိုးကို ရရှိသွားမှာဖြစ်ပါတယ်။

Source: Weiken.com

Featured Image Source: Archello.com