တစ်နေ့လုံးလုပ်ငန်းခွင်မှာ ပင်ပန်းခဲ့တဲ့သင့်အတွက် အိပ်စက်အနားယူချိန်ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ကောင်းမွန်စွာအိပ်စက်အနားယူပြီး နောက်တစ်နေ့အတွက် အင်အားတွေ မွေးမြူရတာလည်းဖြစ်ပါတယ်။ ဒီတော့ သင့်အတွက်အကောင်းဆုံးအဖော်မွန်ဟာ သင့်အိပ်ခန်းပဲဖြစ်ပါတယ်။ အကောင်းဆုံးအဖော်မွန်ကို ဖန်တီးကြမယ်လေ။
ရှေးရိုးရာပုံစံအိပ်ခန်း

Source: Furniture Store Los Angeles
အိပ်ခန်းအပြင်အဆင်ကို ရှေးခေတ်ဒီဇိုင်းတွေနဲ့ ပြင်ဆင်ကြမယ်။ ဂန္တဝင်ဆန်တဲ့ ရိုးရာပုံစံမျိုးလေး ပြင်ဆင်ကြည့်လိုက်ပါ။ သက်သောင့်သက်သာရှိပြီး ရိုးရှင်းပေ့ါပါးတဲ့ ခံစားချက်မျိုးကိုရနိုင်ပါတယ်။
နွေးထွေးတဲ့ပုံစံအိပ်ခန်း

Source: gaenice
ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် နွေးထွေးတဲ့အိပ်ခန်းလေးလိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ညောင်းညာကိုက်ခဲမှုတွေကို ပြေပျောက်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းတွေကို ပေးစွမ်းနိုင်ပါလိ့မယ်။
စိတ်လက်ပေ့ါပါးတဲ့ပုံစံအိပ်ခန်း

Source: yesrail.com
အိပ်ခန်းထဲဝင်လိုက်တာနဲ့ စိတ်ဖိစီးမှုတွေပြေပျောက်နိုင်ဖို့အတွက် အိပ်ခန်းရဲ့ဆေးရောင်ကို ရွေးချယ်ဖို့လိုပါတယ်။ အခန်းတွင်းအရောင်က မှိန်မှိန်ဖျော့ဖျော့အရောင်တွေကို သုံးပေးသင့်ပါတယ်။ အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေပြီး အိမ်မက်လှလှတွေလည်း မက်နိုင်ပါလိ့မ်မယ်။
