အသည်းကွဲဝေဒနာဆိုတာ ပြောတော့သာပေါ့ပေါ့လေးဆိုပေမယ့် တကယ်ခံစားရသူအတွက်တော့ အတော်လေးဆိုးပါတယ်။ အသည်းမကွဲဖို့ ကာကွယ်ဆေးမရှိပေမယ့် အသည်းကွဲတဲ့အခါ အချိန်တိုအတွင်း ပြန်လည်ကုစားနိုင်မယ့် နည်းလမ်းလေးတွေကိုတော့ ပြောပြပေးနိုင်ပါတယ်။

(၁) ရင်ဖွင့်ပါ

men talking and holding cups of coffee

Photo : Crello

အသည်းကွဲနေချိန်မှာ ခံစားချက်တွေမြိုသိပ်ထားတာထက် ထုတ်ဖော်ရင်ဖွင့်လိုက်တာက သင့်ကိုပိုပြီး သက်တောင့်သက်သာရှိစေမှာပါ။ အဆုံးသတ်သွားတဲ့ relationship နဲ့ပတ်သတ်ပြီး သင်ခံစားနေရတာတွေ ၊ အဖြစ်အပျက်တွေ ၊ ပြောချင်တဲ့စကားတွေကို သင်ယုံကြည်ရတဲ့ မိသားစု သူငယ်ချင်းတွေကို ပြောပြရင်ဖွင့်ပြီး နှစ်သိမ့်မှု အကြံပြုမှုတွေ ခံယူသင့်ပါတယ်။

(၂) အပြင်များများထွက်ပါ

Handsome young sportsman looking away while working out in park

Photo : Crello

လေ့လာတွေ့ရှိချက်များအရ တစ်ပတ်ကို ၂ နာရီခန့်အပြင်ထွက်ခြင်းဟာ သင်ရဲ့စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတိုးတက်စေနိုင်တယ်လို့ဆိုပါတယ်။ အဓိကအားဖြင့် အသည်းကွဲနေချိန်မှာ အိမ်တွင်းအောင်းနေတာထက် အပြင်များများထွက်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းအောင်လုပ်သင့်ပါတယ်။ အနည်းဆုံး ပန်းခြံထဲပုံမှန်လမ်းလျောက်ထွက်ရင်တောင်မှ သင့်စိတ်ကိုလန်းဆန်းတက်ကြွလာစေမှာပါ။

(၃) စာအုပ်ဖတ်ပါ/ Podcasts နားထောင်ပါ

Freelancer in headphones with notebook looking away on sofa

Photo : Crello

စာအုပ်ဖတ်ပြီးအချိန်ကုန်ဆုံးဟာ သင့်ရဲ့စိတ်အာရုံတွေပြန့်လွင့်မသွားအောင် စုစည်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ အလားတူ Podcasts နားထောင်ရတာလည်း အထီးကျန်မှုကိုလျော့ကျစေပြီး စိတ်ခံစားမှုကိုပိုမိုကောင်းမွန်လာအောင် ကူညီပေးပါလိမ့်မယ်။ ဒါကြောင့်အသည်းကွဲနေချိန်မှာ ဟိုဟိုဒီဒီအတွေးများနေတာထက် စာအုပ်ကောင်းတစ်အုပ်ဖတ်ပါ Podcast Topic ကောင်းကောင်းလေးတွေနားထောင်ကြည့်လိုက်ပါ။

(၄) ရှေ့ဆက်ပါ

Thoughtful young businessman sitting in armchair

Photo : Crello

သင့်လက်ရှိ အခြေအနေအားလုံးကို လက်ခံလိုက်ပါ။ လက်ခံလိုက်ပြီးတစ်ပြိုက်နက် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို လွှတ်ချထားခဲ့လိုက်ပါ။ ရှေ့ဆက်ပြီးသင်လျောက်လှမ်းရမယ့် ဘဝကအရှည်ကြီး ကျန်ပါသေးတယ်။ အဆိုးဆုံးဆိုတဲ့အခြေအနေတွေအားလုံးကို ကျော်ဖြတ်ပြီး ကောင်းမွန်စွာရှေ့ဆက်ကြရတာပဲမဟုတ်လား။ ဒီတော့ သင့်အနေနဲ့လည်း အကောင်းဆုံးရှေ့ဆက်နိုင်ဖို့ ပြင်ဆင်ရပါမယ်။

နောက်ထပ်အကြံပြုချင်တဲ့အချက်လေးတွေကတော့ ကိုယ့်ကိုယ်ကို အရင်ကထက် ဂရုစိုက်ပါ ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ ၊ သဘာဝတရားကြီးနဲ့ထိတွေ့ပါ ၊ သူငယ်ချင်းအရင်းကြီးတွေနဲ့ မကြာမကြာတွေ့ဆုံပါ ၊ ရယ်မောစေမယ့်အရာတွေများများလုပ်ပါ ၊ ပြီးခဲ့တာတွေအားလုံးကိုမေ့ထားလိုက်ပါ ဒါဆိုသင့်အနေနဲ့ အချိန်အတိုအတွင်းမှာ ပုံမှန်စိတ်ခံစားမှုနဲ့ ကောင်းမွန်တဲ့ ဘဝသစ်ကိုစနိုင်ပါလိမ့်မယ်။

Featured Photo Source : Pathways to Wellness