သူငယ်ချင်းဘော်ဒါတွေ စုံရင်အရက်ဘီယာသောက်တက်တဲ့အကျင့်က ယောကျ်ားလေးတော်တော်များများမှာရှိကြပါတယ်။ တစ်ချို့ကတော့ သောကြာနေ့မှာ ဝိုင်းဖွဲ့ သောက်စားလေ့ရှိကြပါတယ်။ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ဆိုရင် သောကြာလို ညမျိုးမှာ သောက်စားတာက ကိစ္စမရှိပါဘူး။ တစ်ချို့တွေက သောကြာညလည်းသောက်၊ စနေညလည်းသောက်၊ တနင်္ဂနွေညပါ သောက်ကြလေ့ရှိတယ်။ ဒီလိုဆိုရင်တော့ တနင်္လာနေ့ ရုံးတက်အလုပ်ဆင်းဖို့အတွက် ပြဿနာဖြစ်လာပါပြီ။ အရက်နာကျပြီး ခေါင်းမထောင်နိုင် ဖြစ်နေပြီဆိုရင် အလုပ်သွားဖို့အတွက် အဆင်ပြေမှာ မဟုတ်တော့ပါဘူး။ ဒီနေ့ kwee page က အရက်နာကျခြင်းကို သက်သာစေမယ့် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

ညဘက် အိပ်ရေးဝဝ အိပ်ပါ

Source: Goop

အိပ်ရေးမဝခြင်းက အရက်နာကျခြင်းကို ပိုပြီးဆိုးစေပါတယ်။ ဒါကြောင့် သောက်တာများသွားပြီဆိုရင် တခြားလူတွေကို ရစ်မနေပဲနဲ့ အိပ်ရေးဝအောင် အိပ်ပေးပါ။

ရေဓာတ်ပြည့်ဝနေပါစေ

Source: HBW Insight – Informa

ညဘက်သောက်တာများသွားပြီဆိုရင် နောက်နေ့အိပ်ယာနိုးတာနဲ့ ရေများများသောက်ပေးပါ။ အရက်ဘီယာ သောက်ခြင်းက ရေဓာတ်ခန်းခြောက်စေပါတယ်။ ဒါကြောင့် အရက်သောက်နေ့စဉ်အတွင်းမှာလည်း ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေများများသောက်ပေးခြင်းက အရက်နာကျခြင်းကို အထိုက်အလျှောက်သက်သာစေပါတယ်။

အစာစားပေးပါ

Source: Sheeba magazine

အရက်နာကျခြင်းက ဗိုက်ထဲမှာ အစာမရှိတဲ့အချိန်တွင် အရက်သောက်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် အရက်ဘီယာမသောက်ခင် အစာစားထားဖို့ လိုအပ်ပါတယ်။ သောက်နေစဉ်အတွင်းမှာလည်း စားပေးရင် ပိုကောင်းပါတယ်။ နောက်နေ့မနက်ခင်း အိပ်ယာနိုးတာနဲ့ မနက်စာစားပေးဖို့လည်း မမေ့ပါနဲ့။

ဂျင်းစားပေးပါ

Source: Springboard Recovery

တစ်ချို့လူတွေက အရက်ဘီယာသောက်ပြီး အန်လေ့ရှိကြတယ်။ ဒီလိုအန်နေပြီဆိုရင် သောက်နိုင်တဲ့ ပမာဏထက် များသွားပြီလို့ သတ်မှတ်နိုင်ပါတယ်။ ဒါဟာလည်း အရက်နာကျခြင်းပါပဲ။ ဒီလို မဖြစ်စေဖို့အတွက် ဂျင်းဆောင်ထားပါ။ မသောက်ခင် ဂျင်းစားထားပေးပါက အရက်သောက်ပြီး အန်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။