စိတ်ကောက်နေတဲ့ ချစ်သူကောင်မလေးကို ဘယ်လိုချော့ရမလဲမသိတဲ့ ဘော်ဒါတွေအတွက် နည်းလမ်းကောင်းတချို့မျှဝေပေးချင်ပါတယ်။

(၁) နွေးထွေးမှုပြပါ

Source : The Independent

နွေးထွေးတဲ့အပြုအမူလေးတွေက စိတ်ဆိုးနေတဲ့စိတ်တွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် သင့်ချစ်သူကောင်မလေးစိတ်ကောက်နေတယ်ဆိုရင် နဖူးလေးနမ်းတာ လက်လေးကိုင်ထားတာ ဖက်ထားတာ စသည်ဖြင့် နွေးထွေးမှုပြတဲ့ အမူအရာလေးတွေပြုလုပ်လိုက်ပါ။ စိတ်ကောက်ပြေသွားမှာသေချာပါတယ်။

(၂) တောင်းပန်လိုက်ပါ

Source : Freepik

ကိုယ်ကအမှား တစ်ခုခုကျူးလွန်ထားမိရင် ကိုယ်ရအမှားအတွက် အပြစ်ကို ဝန်ခံလိုက်တာက စိတ်ကောက်ပြေစေဖို့အတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ်မှားလိုက်တဲ့အရာအတွက် ဝန်ခံလိုက်မယ် တောင်းပန်လိုက်မယ် ဆိုရင် ကောင်မလေးအနေနဲ့ ဒေါသစိတ်ပြေသွားပြီး အချိန်တိုတွင်းမှာ ပုံမှန်အနေအထားကိုပြန်ရောက်သွားမှာပါ။

(၃) နားထောင်ပေးပါ

Source : Business Insider

ကောင်မလေးတစ်ယောက်စိတ်ဆိုးနေပြီဆိုရင် သူမှာအကြောင်းအရင်းတစ်ခုရှိပါတယ်။ ဒါကိုသိအောင်လုပ်ပါ။ သူမဘယ်အရာကိုစိတ်ဆိုးနေလဲ ဘာကြောင့်စိတ်ကောက်နေမေးကြည့်ပါ။သူမရဲ့ ခံစားချက်ကိုသေချာဂရုစိုက်နားထောင်ပေးတာက သူမဖြစ်နေတဲ့ ဒေါသတွေကိုနားလည်နိုင်ပြီးစိတ်ကောက်ပြေဖို့ နည်းလမ်းရှာတွေ့ဖို့ ပိုလွယ်သွားမှာဖြစ်ပါတယ်။