သင့်မှာဒေါသကြီးတက်တဲ့ ချစ်သူကောင်မလေးမျိုးပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီဆောင်ပါးလေးက သင့်မဖြစ်မနေဖတ်သင့်တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ဒေါသကြီးတက်တဲ့ မိန်းကလေးတွေဟာ အကိုင် အတွယ်မတက်ရင် သူလည်းမပျော်ရွှင်ရမှာဖြစ်သလို ကိုယ်လည်းစိတ်ညစ်ရပါလိမ့်မယ်။ ဒါကြောင့် ချစ်သူကောင်မလေးဒေါသထွက်နေချိန်တိုင်းမှာလုပ်ဆောင်သင့်တဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။
(၁) သေချာနားထောင်ပေးပါ
Source : Stocksy United
ဒေါသထွက်နေတဲ့သူမှာသေချာပေါက်ဒေါသထွက်စရာအကြောင်းအရင်းတစ်ခုတော့ရှိမှာပါ။ကိုယ့်ကြောင့်ဒေါသထွက်နေတာပဲဖြစ် တခြားအရာတွေကြောင့်ပဲဖြစ်စေ တစ်ခုခုတော့ရှိပါတယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်နေပါစေ သူမရဲ့ခံစားချက်ကို သေချာဂရုတစိုက်နားထောင်ပေးပါ။ဒီလိုပြုမူခြင်းဟာ သူမအပေါ်အလေးထားရာ ဂရုစိုက်ရာရောက်သလို ဒေါသစိတ်တွေလည်း အနည်းနဲ့အများပြေလျော့စေပါတယ်။
(၂) ငြင်းခုန်မှုတွေရှောင်ပါ
Source : Love specialist astrologer
ဒေါသထွက်နေချိန်မှာ အပြန်အလှန်ငြင်းခုန်ခြင်းဟာ အဖြေမထွက်နိုင်တဲ့အပြင် ပြဿနာကိုလည်းပိုမိုကြီးထွားသွားစေနိုင်ပါတယ်။ဒါကြောင့်သူမရဲ့ ဒေါသစိတ် တွေပြေလည်ရာပြေလည်ကြောင်းဖြစ်စေမယ့် စကားကိုသာ ရွေးချယ်ပြောသင့်ပါတယ်။သူတပြန်ကိုယ်တပြန် စကားနာထိုးပြီး အမှားအမှန်ကိုခွဲခြားငြင်းခုန်နေခြင်းဟာ ဒေါသထွက်နေသူအဖို့ပိုပြီးဒေါသမီးလောင်ကျွမ်းစေမှဖြစ်သလို အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်သိအထိဖြစ်သွားနိုင်ပါတယ်။
(၃) အချိန်ပေးလိုက်ပါ
Source : Stocksy United
ဘယ်လိုနည်းနဲ့မှချော့မရတဲ့ အငိုသန်တဲ့ ကလေးတွေတောင်အချိန်တန်ရင် အငိုတိတ်သွားကြတာပါပဲ။ဒေါသစိတ်ဆိုတာလည်း ပြေပျောက်ဖို့ အချိန်အပိုင်း အခြားတစ်ခုတော့လိုအပ်ပါတယ်။ ဒါကြောင့်သူမဒေါသထွက်ပြီး စကားမပြောချင်တဲ့အခါ ၁၀မိနစ် ၁၅ မိနစ်ခန့် ခဏလောက် စိတ်ပြေသွားတဲ့အထိ ထားလိုက်ပါ။သူမရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး ဒေါသစိတ်ပြေမှသာ အရင်လို စကားပြောတာ ပွေ့ဖက်တာမျိုးတွေပြုလုပ်သင့်ပါတယ်။
(၄) နှစ်သိမ့်ပေးပါ
Source : ParentMap
မိန်းကလေးရဲ့စိတ်ဟာအပြင်ပန်းအရမောကြောခက် ထန်နေပါလိမ့်မယ်။ဒါပေမယ့် သူတို့ရဲ့အတွင်းစိတ် ဓာတ်ခံကတော့ပျော့ပြောင်းနူးညံ့ကြပါတယ်။သူမဒေါ သစိတ်တွေဖြစ်လာတိုင်း ကိုယ်အနေနဲ့ စိတ်ပျက်တဲ့အမူအရာမျိုးမပြပဲ အရင်းနှီးဆုံးသူငယ်ချင်းမိတ်ဆွေ တစ်ယောက်အနေနဲ့ အကောင်းဘက်ကနေမြင်ပြီး နှစ်သိမ့်ပေးတာမျိုးပြုလုပ်သင့်ပါတယ်။ဒါဆိုရင်သူမရဲ့ဒေါသစိတ်တွေလည်းပြေပြီး မူလနူးညံ့စိတ်ဓာတ်ကို ပြန်ရစေမှာဖြစ်ပါတယ်။