ဖိအားများပြီး အနားမရနိုင်ဘဲ တရစပ်လုပ်နေရတဲ့ အလုပ်တွေကို လုပ်တဲ့သူတွေဟာ Burnout ဖြစ်လာတတ်ပါတယ်။ ခြေကုန်လက်ပန်းကျပြီး ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်ရတဲ့ Burnout Effects ကြောင့်ပဲ တစ်ချို့သူတွေဟာ လစာကောင်းတဲ့ အလုပ်ကနေ ထွက်သွားတာတွေ ရှိပါတယ်။

တကယ်က Burnout မဖြစ်ခင်မှာ ကြိုပြီး ကုစားကာကွယ်လို့ရပါတယ်။

(၁) ကိုယ်ခန္ဓာက အချက်ပြလာတာကို သတိထားပါ

Soruce: pixabay

Burnout ဖြစ်ခြင်းရဲ့ အရှင်းဆုံးလက္ခဏာက အချိန်တိုင်း ပင်ပန်းတယ်လို့ ခံစားနေရတာပါပဲ။ ပင်ပန်းတဲ့ပုံစံကလည်း လူရော စိတ်ရော နုံးခွေသွားတဲ့ ပုံစံမျိုးနဲ့ကို ပုံကျလာတာ ဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ အလွန်မှာ ဆက်တိုက်ဆိုသလို ဖိအားတွေပဲ ခံစားရတော့မှာပါ။

အာရုံစိုက်လို့မရတော့ဘူး ၊ ပြဿနာတွေကို လွှတ်ချချင်စိတ်ပဲဖြစ်ပြီး စိတ်ကလည်း ခဏတိုင်းဆိုသလို ပေါက်ကွဲလုတဲတဲ ဖြစ်နေတာမျိုး ဖြစ်ပါတယ်။ ဒီကတည်းက ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို အနားပေးတာ စတင် လုပ်သင့်ပါတယ။်

(၂) ဖုန်းအသုံးပြုမှု လျှော့ပါ

Source: Unsplash

လူတွေရဲ့ နေ့စဉ်ဘဝမှာ ဖုန်းအသုံးပြုမှုဟာ အထိန်းအကွပ်မဲ့တဲ့အထိ ဖြစ်လာကြပြီ ဖြစ်ပါတယ်။ တစ်နေ့ကို လူတစ်ယောက်ရဲ့ နေ့စဉ် စမတ်ဖုန်းအသုံးပြုမှုဟာ အနည်းဆုံး ၃ နာရီကနေ ၅ နာရီခန့် အထိ ရှိနေပါတယ်။ Screen အကြည့်များခြင်းဟာ ဖိအားရှိတဲ့ လူတစ်ယောက်ကို ပိုဆိုးစေပါတယ်။

လူမှုကွန်ရက်နဲ့ ဖုန်းအသုံးပြုမှု များခြင်းကြောင့် ခေတ်သစ်လူမှုဘဝဟာ ပိုပြီး မွန်းကြပ်စရာ ဖြစ်လာနေပါတယ်။

(၃) စိတ်ကို ရှင်းအောင် ထားပါ

Source: unsplash

ဖိအားတွေကို ကိုယ်တွယ်ရာမှာ အရင်ဆုံး စိတ်ရှင်းနေဖို့က အရေးကြီးပါတယ်။ နေ့စဉ် ပုံမှန် တရားထိုင်ခြင်း အကျင့်ရှိတဲ့သူဟာ ဖိအားကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါတယ်။ အလုပ်များနေချိန်မှာ အသက် ပြင်းပြင်းရှုပြီး စိတ်ကို အနားပေးဖို့ မမေ့ပါနဲ့။

(၄) နေ့လည်ခင်း အနားယူပါ

Source: Pixabay

Break Time အချိန်တစ်ခုကို ပုံမှန်ထားပါ။ အကောင်းဆုံးကတော့ အလုပ်တွေ ၊ ဖုန်းတွေနဲ့ စိတ်ရှုပ်စရာတွေ မပါတဲ့ နေ့လည်ခင်း အချိန်တစ်ခုမှာ လက်ဖက်ရည်ဆိုင်မှာ ခေါင်းဆေးတာမျိုး ၊ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတာမျိုး လုပ်သင့်ပါတယ်။

(၅) စိတ်ဝင်စားစရာ အစီအစဉ်သစ်တွေ ရေးဆွဲပါ

Soruce: Pixabay

ရိုးအီနေတဲ့ နေ့စဉ်ဘဝထဲက ထွက်ဖို့ လိုပါတယ်။ Burnout ဖြစ်မှ အလုပ်ကနေ အနားယူတာထက် ကောင်းတာတစ်ခုက ငြီးငွေ့စရာ အချိန်ဇယားကို စိတ်ဝင်စားစရာ အစီအစဉ်သစ်တွေနဲ့ အစားထိုးတာပဲ ဖြစ်ပါတယ်။