ချွေးအလွန်အကျွံထွက်ခြင်း Hyperhidrosis ပြဿနာဟာ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတစ်ယောက်ဟာ ချွေးဂလင်းပေါင်း ၂ သန်း ကျော် ရှိတာကြောင့် ကောင်းကောင်း မထိန်းသိမ်းနိုင်ရင် ချွေးထွက်လွန်ခြင်းနဲ့ ဆက်စပ်တဲ့ ပြဿနာတွေ ကြုံရမှာပါ။
ချွေးထွက်လွန်ခြင်းကြောင့်ပဲ ခန္ဓာကိုယ်အစိုဓါတ်နည်းသွားပြီး အနံဆိုးကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပါတယ်။ အဝတ်အစားတွေလည်း ချွေးစီးမှုကြောင့် စိုပြီး နေရခက်သလို ချွေးကြောင့်ပဲ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ချိုင်းချွေးထွက်တာတွေကို ဘယ်လိုထိန်းချုပ်လို့ ရမလဲဆိုတာကို အကြံပေးသွားမှာ ဖြစ်ပါတယ်။

(၁) ရေများများသောက်ပေးပါ

Source: juiceonline.com

အဓိကကတော့ ခန္ဓာကိုယ် အပူချိန်မြင့်လွန်းရင် ချွေးဂလင်းတွေဟာ ခန္ဓာကိုယ် ပြန်အေးအောင် ချွေးထုတ်ပေးပါတယ်။ ဒီတော့ ရေဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေ စားတာ ၊ ရေများများသောက်တာနဲ့ ခန္ဓာကိုယ်ကနေ ချွေးထွက်လွန်ခြင်းကို ထိန်းပေးပါ။ ခန္ဓာကိုယ် အပူချိန် ထိန်းညှိဖို့အတွက် တစ်နေ့ကို အနည်းဆုံး ရေ ၈ ဖန်ခွက် သောက်ပေးမယ်ဆိုရင် ရေကြောင့် ခန္ဓာကိုယ် အပူလွန်ကဲတာကို ထိန်းချုပ်ပေးပြီး ချွေးမထွက်ဖြစ်အောင် ကာကွယ်ပေးသွားမှာပါ။

(၂) ချွေးနံ့သက်သာစေမယ့် ဆေးပြောင်းသုံးကြည့်ပါ

Source: Elkem Silicones

ချိုင်းလိမ်းဆေး Deodorants တွေဟာ ချွေးနံ့သက်သာစေပေမယ့် ချွေးအထွက်လွန်ခြင်းကိုတော့ မတားဆီးပေးနိုင်ပါဘူး။ ဒီအစား ချွေးထွက်တာကို ကာကွယ်ပေးမယ့် Antiperspirant တစ်မျိုးမျိုး ပြောင်းသုံးပါ။ Antiperspirant တွေဟာ ချွေးဂလင်းတွေရဲ့ လုပ်ဆောင်ချက်ကို တားဆီးပေးနိုင်ပြီး ချွေးကြောင့် ဘက်တီးရီးယားတွေ မပေါက်ဖွားနိုင်အောင် တားမြစ်ပေးပါတယ်။

(၃) ပေါင်ဒါတစ်မျိုးမျိုး လိမ်းပေးပါ

Source: The New York Times

ချွေးထွက်လွန်ခြင်းဟာ ယားနာဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် အလွယ်ကူဆုံးနည်းကတော့ ချိုင်းနေရာမှာ ပေါင်ဒါတစ်မျိုးမျိုး လိမ်းပေးဖို့ လိုပါတယ်။

(၄) အရမ်းကြပ်တာတွေ မဝတ်ပါနဲ့

Source: D’Marge

ကိုယ့်ကို သက်တောင့်သက်သာ ဖြစ်စေဖို့ ကိုယ်နဲ့ အံဝင်ခွင်ကျတဲ့ ဝတ်စုံပဲ ဝတ်ပါ။ အဝတ်အစားကိုလည်း ချွေးစုပ်နိုင်တဲ့ ၊ အရောင်ရင့်ရင့် ဝတ်စုံတွေ ဝတ်ဖို့ လိုပါတယ်။ လိုအပ်မယ်ဆိုရင် အဝတ်အစား အပိုဆောင်ထားသင့်ပါတယ်။

(၅) အစားအသောက်ပြောင်းပါ

Source: Peach Valley Cafe

Fast Food နဲ့ အပူအစပ်စာတွေ စားတာ ရပ်တန့်ပြီး ခရမ်းချဉ်သီး ၊ သခွား ၊ ဖရဲသီးနဲ့ ပဲတို့လို လတ်ဆတ်ပြီး ရေဓါတ်မြင့်တဲ့ Diet ကို ပြောင်းစားပေးပါ။

(၆) အလေ့အကျင့် ပြောင်းပါ

Source: Yoga Journal

နေ့တိုင်း ရေချိုးပေးပါ။ ချွေးထွက်များသူတွေဟာ လက်ကိုင်ပုဝါနဲ့ တစ်သျှူးတွေ ဆောင်သင့်သလို တရားထိုင်ခြင်းလိုမျိုး စိတ်ဖိစီးမှုကို သက်သာစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ချွေးထွက်များခြင်းဟာ ကြောက်စိတ် ၊ စိုးရိမ်ပူပန်စိတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လိုအပ်မယ်ဆိုရင် ဆေးဝါးအကူအညီရယူသင့်ပါတယ်။