အထီးကျန်ခြင်းဆိုတာ လူတိုင်းနီးပါး ကြုံတွေ့နေရတဲ့ အရာတစ်ခုပါ။ အထူးသဖြင့် အသက်ကြီးလာတဲ့အချိန်မှာတိုက်ခန်းလေးထဲမှာပဲ တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းကြရပါတယ်။ ဒီလိုမျိုး တစ်ယောက်တည်းနေရတာဟာ စဉ်းစားလိုက်ရင် လွယ်ကူသယောင်ရှိပေမယ့် တကယ်လက်တွေ့နေကြည့်တဲ့ အခါမှာတော့ စိတ်ခေါ်မှုတစ်ခုဖြစ်လာမှာပါ။

အခု kwee page က အထီးကျန်ခြင်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

သူငယ်ချင်းတွေကိုဖိတ်ခေါ်ပါ

Source: TripCanvas Thailand

“တစ်ယောက်ထဲနေရတာနဲ့ အမြဲတမ်းသင်တစ်ယောက်တည်း ဖြစ်နေရမယ်လို့ မဆိုလိုပါဘူး” ဆိုပြီး လိုင်စင်ရ အတိုင်ပင်ခံ David Bennett က Elite Daily ကိုပြောထားပါတယ်။ “လူတွေအများကြီး အထီးကျန်နေရတယ်ဆိုတာကို မင်းသိရင် အံ့ဩကောင်းအံ့ဩသွားနိုင်ပါတယ်။ ဒါကြောင့်မလို့ ပထမခြေလှမ်းအနေနဲ့ သူတို့ကို မင်းဆီအလည်ခေါ်ပါ” လို့သူက ထပ်မံအကြံပေးထားပါတယ်။

ဘာပွဲတွေမှ လုပ်စရာမရှိဘူးဆိုရင်တော့ သူငယ်ချင်းတွေကို ဖိတ်ခေါပြီး ဗီဒီရိုဂိမ်းကစားတာ၊ ရုပ်ရှင်အတူကြည့်တာ စသဖြင့် အသင်းအဖွဲ့လိုက် လုပ်လို့ရတဲ့ အရာတွေလုပ်ဖို့လည်း သူကပြောပါသေးတယ်။

အိမ်အပြင်ထွက်ပေးပါ

Source: National Park Service

အိမ်ထဲမှာပဲ စားလိုက်၊ အိပ်လိုက်၊ ရုပ်ရှင်ကြည့်လိုက် လုပ်နေတာက အထီးကျန်တယ်ဆိုတဲ့ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။

“အခန်းထဲမှာ တစ်ယောက်တည်းနေတာကြာလာတဲ့အခါ အထီးကျန်တာနဲ့ ထောင်ချောက်ထဲမိသလို ခံစားချက်မျိုးတွေ စတင်ခံစားလာရတတ်ပါတယ်။ အဲ့ဒီအစား ပန်းခြံထဲ လမ်းလျှောက်တာ အပြင်ထွက်ပြီး လူတွေနဲ့ တွေ့ဆုံစကားပြောတာ အလုပ်တွေပြီးအောင်လုပ်တာ အစရှိတာတွေ လုပ်ပေးသင့်တယ်လို့” David Bennett ကပြောထားပါတယ်။

မနက်စာ (သို့) နေ့လည်စာကို အပြင်ထွက်စားပါ

Source: Nevada Appeal

မနက်စာ (သို့) နေ့လည်စာကို သင်နှစ်သက်တဲ့ ကော်ဖီဆိုင် (သို့) ထမင်းဆိုင်တွေမှာ မကြာခဏသွားစားခြင်းဖြင့် အလုပ်သမားတွေ (သို့) သင့်လိုပဲလာရောက်စားသုံးသူတွေနဲ့ မိတ်ဖွဲ့ဖို့အတွက် အခွင့်အရေး ရလာနိုင်ပါတယ်။ သိပ်မကြာခင်မှာပဲ အဆက်အသွယ်တွေ အများကြီး ရရှိလာနိုင်ပါတယ်။

လိုအပ်နေတဲ့သူတွေကို အချိန်ပေးပါ

Source: Leeds Sport – University of Leeds

ကိုယ်တိုင်အပြင်ထွက်ပြီး တခြားသူတွေကို အကူအညီပေးခြင်းက အထီးကျန်တာနဲ့ တစ်ကိုယ်တည်းဖြစ်နေတဲ့ခံစားချက်ကို တွန်းလှန်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြေားထားပါတယ်။ ဒီအရာဟာ သင့်ကိုယ်သင်နဲ့ သင့်အခက်အခဲတွေကို အာရုံစိုက်မှုလျော့နည်းစေကာ သင့်ရဲ့အကူအညီကိုလိုအပ်နေတဲ့ တခြားတယောက်ဆီစိတ်ရောက်ပြီး သင့်ကိုယ်သင်လည်း အရေးပါတဲ့သူအဖြစ် ခံစားလာရစေပါတယ်။