အနောက်တိုင်း ဝတ်စုံသည် ဖက်ရှင်လိုက်စားသော အမျိုးသားများရဲ့အဝတ်ဘီဒိုထဲမှာ တစ်စုံလောက် ရှိသင့်တဲ့ အဝတ်အစားတစ်မျိုးဖြစ်ပါတယ်။ အနောက်တိုင်းဝတ်စုံသည် Formal ဆန်လွန်းတဲ့အတွက်ကြောင့် သင့်အနေနဲ့ ဝတ်နေကျမဟုတ်ဘူးဆိုရင် စိတ်ကျဉ်းကြပ်တာမျိုး ခံစားရနိုင်ပါတယ်။

အနောက်တိုင်းဝတ်စုံကို Formal ဆန်ဆန် မဝတ်ချင်ဘူး။ လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ချင်တဲ့သူတွေအတွက် ဖက်ရှင် Tips တချို့ ဝေမျှပေးချင်ပါတယ်။

သိုးမွှေးဆွယ်တာနဲ့ တွဲဝတ်ပါ

suit fashion for men

သိုးမွှေးဆွယ်တာနဲ့ ထပ်ဝတ်ရတာဖြစ်တဲ့အတွက်ကြောင့် ချမ်းအေးတဲ့ရာသီဥတုတွေအတွက် သင့်တော်ပါတယ်။

တီရှပ်နဲ့ တွဲဝတ်ပါ

suit fashion for men

ဒီဖက်ရှင်ကတော့ လူငယ်တော်တော်များများ အဝတ်များတဲ့ ဖက်ရှင်တစ်မျိုးပါ။

 စွပ်ကျယ်နဲ့ တွဲဝတ်ပါ

suit fashion for men

သင့်ရဲ့တက်တူးတွေ (သို့) ကြွက်သားတွေကို ထုတ်ကြွားချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်က အသင့်တော်ဆုံးပါပဲ။

ဘွတ်ဖိနပ်နဲ့ တွဲဝတ်ပါ

suit fashion for men

ဒီလိုတွဲဝတ်အခါ သင့်ရဲ့ဖိနပ်အရောင်ကို ခါးပတ်အရောင်နဲ့ လိုက်ဖက်အောင် တွဲဝတ်ဖို့လိုပါတယ်။

Sneakers ဖိနပ်နဲ့ တွဲဝတ်ပါ

suit fashion for men

ဒီဖက်ရှင်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် စတိုင်လ်ကျနေစေမှာပါ။

ခါးပတ်မပါဘဲ ဝတ်ကြည့်ပါ

suit fashion for men

သင့်ရဲ့ဘောင်းဘီက သင့်ခါးနဲ့ ကွတ်တိပဲဆိုရင်တော့ ခါးပတ်မပါဘဲ ဝတ်ကြည့်ပါ။ ပိုမိုလွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်မျိုး ပိုင်ဆိုင်ရပါလိမ့်မယ်။

Source: Dmarge.com