တစ်ယောက်ယောက်နဲ့ တွေ့ဖို့ ချိန်းထားတယ်။ ဘာဝတ်သွားရမလဲလို့ ခေါင်းစားနေရင် အခုပြောမယ့် Date အမျိုးအစားအလိုက် ဝတ်သွားသင့်တဲ့ ဖက်ရှင်တွေက အကူအညီပေးပါလိမ့်မယ်။
(၁) Dinner Date

Photo: onpointfresh
ညစာစားပွဲတက်စရာ ရှိတယ်ဆိုရင် Smart Casual ဖြစ်အောင် ဝတ်သွားတာ အကောင်းဆုံးပါပဲ။ တချို့လည်း ဘော်ဒါတွေနဲ့ လွတ်လွတ်လပ်လပ် ပြန်ဆုံတဲ့ Casual Date လည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သားသားနားနားဖြစ်ပြီး သိပ်မပြင်ထားဘဲနဲ့ ကိုယ့်ရဲ့ နေ့စဉ်စတိုင်ကို မြင်သာမယ့် ဖက်ရှင်ဖြစ်ဖို့တော့ လိုပါတယ်။ ဆိုလိုတာက Dinner Date ဖက်ရှင်ကို ကြည့်လိုက်တာနဲ့ ကိုယ့်စရိုက် ၊ ကိုယ့်အကြိုက်နဲ့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုဘဝကို မှန်းကြည့်လို့ရတဲ့ ဖက်ရှင်ဖြစ်ဖို့ပါ။
ရုံး/ကုမ္ပဏီက လူတွေနဲ့ ညစာစားရမှာဆိုရင် နည်းနည်း Formal ကျတာမျိုး ဝတ်ပါ။ အခြေခံအားဖြင့် Oxford Shirts အစင်းနဲ့ Smart Trouser ဘောင်းဘီမျိုး ဝတ်သွားပါ။ ကုတ်အင်္ကျီယူမယ်ဆိုရင် သိုးမွေးကုတ်အနက်မျိုး ဝတ်သွားနိုင်ပါတယ်။ ညစာစားနေချိန်မှာ ရှပ်အင်္ကျီလက်ခေါက်ပြီး ကိုယ့်နာရီကိုလည်း ထုတ်ကြွားနိုင်ပါတယ်။
(၂) Drink Date

Photo: onpointfresh
သောက်ပွဲစားပွဲအတွက် ချိန်းထားတာလေး သွားမယ်ဆိုရင် ပေါ့ပေါ့ပါးပါး Casual ပဲ ဝတ်သွားပါ။ ရာသီဥတုမပူရင် Plain T-Shirt လေးနဲ့ ရိုးရိုးရှင်းရှင်း Sneaker စတိုင်ဆိုရင် အဆင်ပြေပါတယ်။ နည်းနည်းအေးရင်ပဲ ဖြစ်ဖြစ် စတိုင်ထုတ်ချင်ရင်ဖြစ်ဖြစ် Formal လည်း မကျ Casual လည်း မဖြစ်တဲ့ လယ်သာဂျက်ကတ်တစ်ထည် ကောက်စွပ်သွားနိုင်ပါတယ်။
(၃) Movie Date

Photo: onpointfresh
Movie Date ဆိုရင် အနည်းဆုံး ရုပ်ရှင်ရုံထဲမှာ ၂ နာရီလောက် ထိုင်ရမှာမို့ သက်တောင့်သက်သာရှိတဲ့ ဘောင်းဘီမျိုး ဝတ်သွားဖို့ လိုပါတယ်။ Jeans ဆိုရင် Slim Fit ဒါမှမဟုတ် Regular Fit မျိုး ဝတ်ပါ။ Jeans ဒါမှမဟုတ် Leather Jacket တစ်ထည် ယူသွားပါ။ စမတ်ပိုကျချင်ရင် Blazer ကုတ်အင်္ကျီနဲ့ Chinos Pant ဝတ်သွားပါ။
(၄) Active Date

Photo: onpointfresh
ပေါ့ပေါ့ပါးပါး Active Date တွေမှာဆိုရင် လှုပ်ရှားမှုတွေ ပါလာပီမို့ သက်တောင့်သက်သာရှိပြီး လှုပ်ရှားရလွယ်တဲ့ ဖက်ရှင်ကို စဉ်းစားရမှာပါ။ ဖိနပ်ဆို Sneaker ၊ ဘောင်းဘီဆို Jeans ၊ အင်္ကျီဆို T-Shirt ပြောင်ဝတ်နိုင်ပါတယ်။ အရောင်ကတော့ ကိုယ်ကြိုက်သလို ဆင်လို့ ဖြစ်ပါတယ်။
(၅) Home Date

Photo: onpointfresh
Home Date ကတော့ ဘာမှ သိပ်ပြီး ထူးထူးခြားခြား လုပ်စရာ မလိုပါဘူး။ Hoodie လို့ ပေါ့ပေါ့ပါးပါး ဖက်ရှင်နဲ့တင် အဆင်ပြေပါတယ်။ ဒါမှမဟုတ်လည်း သပ်ရပ်သန့်ရှင်းတဲ့ T-Shirt နဲ့ Chino ဘောင်းဘီဆိုရင် အကောင်းဆုံးပါပဲ။
