ဖက်ရှင်ဟာ အသက်အရွယ်နဲ့ လိုက်ပြီး အပြောင်းအလဲ လုပ်ပေးရပါတယ်။ အသက် ၂၀ တစ်ဝိုက်မှာ ဝတ်ခဲ့တဲ့ ဖက်ရှင်တစ်ချို့ကို အသက် ၃၀ – ၄၀ မျိုးမှာ ဝတ်ဖို့ မသင့်တာမျိုး ရှိချင်လည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်ပြောပြပေးသွားမှာက သက်လတ်ပိုင်းလို့ ခေါ်တဲ့ အသက် ၂၅ နှစ်ကနေ ၄၀ အတွင်း အမျိုးသားတို့အတွက် ဖက်ရှင်အကြံတစ်ချို့ ဖြစ်ပါတယ်။

(၁) အကွက်ရိုးတွေ ဝတ်ပါ

Photo: g3fashion

အရွယ်ရလာပြီဆိုရင် Multi-Pattern လို့ခေါ်တဲ့ ရောင်စုံအကွက်စုံဒီဇိုင်းတွေ ဝတ်တာမျိုး ရှောင်ပါ။ မျက်လုံးထဲ ရိုးရှင်းသွားမယ့် တီရှပ် ၊ ရှပ်နဲ့ Pant အကွက်တွေ ဝတ်သင့်ပါတယ်။

(၂) Solid Color တွေ ရွေးပါ

Photo: g3fashion

အရောင်အနေနဲ့ အငြိမ်အရင့်ကာလာမျိုးက သက်လတ်ပိုင်းနဲ့ လိုက်ပါတယ်။ ဥပမာ- Navy Blue ရောင် ရှပ်ကို မိုးပြာရောင် Denim Jean နဲ့ တွဲဝတ်တာမျိုးပါ။ အရောင်ခပ်တောက်တောက်ဆိုရင်လည်း အရောင်ပြေးရင့်ရင့်မျိုးပါတာတွေ ဝတ်တာဟာ လူကို ပိုတည်ငြိမ်စေပြီး ကြည့်လို့လည်း ပိုကောင်းစေပါတယ်။

(၃) သပ်ရပ်ပြီး စမတ်ကျမှု ဦးစားပေးပါ

Photo: g3fashion

သက်လတ်ပိုင်းဆိုတာ အလုပ်နဲ့ အကိုင်နဲ့ အရွယ်ပါ။ ဒီအရွယ်မှာ ဝတ်တဲ့ ဖက်ရှင်ဟာ Smart Casual မျိုး ဖြစ်ရင် ပိုသင့်တော်ပါတယ်။ ဘောင်းဘီဆိုရင် အပြာရင့်ဂျင်း ၊ Beige Pant ဒါမှမဟုတ် Chino ဖက်ရှင်တွေ ဝတ်သင့်ပြီး အင်္ကျီအနေနဲ့ T-Shirt ပြောင် ဒါမှမဟုတ် ပိုလိုရှပ် နဲ့ ရှပ်လက်ရှည်ပြောင်ဒီဇိုင်းလေးတွေ ရွေးချယ်သင့်ပါတယ်။

(၄) Accessories လေးတွေ ဝယ်ထားပါ

Photo: g3fashion

ဖက်ရှင်တစ်ခုကို ပံ့ပိုးပေးနေတဲ့အရာတွေက အများကြီး ရှိပါတယ်။ ဒီထဲမှာ နေကာမျက်မှန် ၊ Sneaker ၊ နာရီ ၊ Wallet ၊ Leather ခါးပတ် စတဲ့စတဲ့ Accessories တွေလည်း ချန်ထားခဲ့လို့ မဖြစ်ပါဘူး။ နေ့တိုင်း ဝတ်ရမယ့် Casual အလိုက် တွဲဝတ်ရတာ ရှိသလို ပါတီနဲ့ လုပ်ငန်းမီတင်တွေ ပွဲတွေအတွက် သက်သက် ဝတ်ရတာတွေလည်း ရှိပါတယ်။ ပွဲနဲ့ နေရာကို လိုက်ပြီး မှန်မှန်ကန်ကန် ဝတ်တတ်စားတတ်ဖို့က အရေးကြီးပါတယ်။ ပုံမှန် Lifestyle မှာတော့ Sporty Shoes ဝတ်ပြီး နေလို့ရပေမယ့် အရေးကြီးပွဲမှာ Formal Shoes ဝတ်ရပြီး ခါးပတ်ကိုလည်း Shoes အရောင်အတိုင်း ဖြစ်ဖို့ ဂရုစိုက်တာမျိုး ဖြစ်ပါတယ်။