ပူအိုက်တဲ့ နွေရာသီကိုရောက်လာပြီဆိုရင် ကိုယ့်အတွက် အအေးဆုံးနဲ့ အသက်သာဆုံးဖြစ်မယ့် အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ဖို့ ဦးနှောက်ခြောက်စရာဖြစ်လာပါပြီ။

နေ့တာရှည်လျားတာကြောင့် ပျော်ရွှင်စရာကောင်းတဲ့ ကစားနည်းတွေ၊ ပျော်ပွဲစားတွေ၊ စတဲ့အချိန်လေးတွေ ပြုလုပ်ဖို့အတွက် ကိုယ့်ကိုအပေါ့ပါးဆုံးဖြစ်စေမယ့် အဝတ်အထည်တွေကို သေချာရွေးဝတ်တတ်ဖို့ လိုအပ်လာပြီပေါ့။

လူကလှုပ်လှုပ်ရှားရှားနဲ့ ချွေးတဒီးဒီးကျနေမှာကို အဝတ်အစားအထူကြီးတွေ ဝတ်မယ်ဆိုရင်တော့ ဘယ်လိုမှ သင့်တော်မှုလည်းရှိမှာမဟုတ်တော့ပါဘူး။

ဒါဆိုရင် ဘယ်လိုနေရာတွေကို ဘယ်လိုဖက်ရှင်မျိုးလေးတွေ ဝတ်ရမလဲဆိုတာ အခုပဲ ဆက်ကြည့်လိုက်ရအောင်ပါ။

၁။ ကမ်းခြေ

ရာသီဥတု ပူပြင်းလွန်းလို့ အအေးဓာတ်လေးရစေဖို့အတွက် လေတဖြူးဖြူးလေးတိုက်နေတဲ့ ကမ်းခြေကို အလည်သွားတော့မယ်ဆိုရင်တော့ ဒီလိုမျိုး အရောင်စိုစိုပြေပြေလေးနဲ့ ပေါ့ပါးတဲ့ ဘောင်းဘီတိုလေးတွေ သယ်သွားလိုက်ပါ။ ဒ့ါအပြင် သက်သောင့်သက်သာရှိမယ့် တီရှပ်လေးနဲ့ ခြေလှမ်းတွေသွက်နေစေမယ့် ခြေညှပ်ဖိနပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ နေလောင်မှာကြောက်ရင်တော့ Hoodie လေးတွေကိုလည်း မမေ့ပါနဲ့ဦးနော်။

၂။ အိမ်လည်သွားချိန်

သူများအိမ်တွေက ဖိတ်ခေါ်မှုကြောင့် အလည်သွားတော့မယ့်အခါတွေမှာ သပ်သပ်ရပ်ရပ်လေးလည်း ဖြစ်အောင် ကြည့်လို့လည်းကောင်းအောင် လီနင်သား ဒါမှမဟုတ် ချည်သားရှပ်အင်္ကျီလေးတွေ ရွေးချယ်ဝတ်ဆင်ပေးပါ။ လီနင်သားတွေက ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတာကြောင့် ပေါ့ပါးလွတ်လပ်နေမှာဖြစ်ပါတယ်။

၃။ ဒိတ်လုပ်တဲ့အခါ

အများကြားမှာလည်း ပေါ်လွင်နေပြီးတော့ အမြဲကြည့်ကောင်းနေစေဖို့အတွက် ဒီလိုဖက်ရှင်မျိုးလေးတွေကို ဝတ်ဆင်ပေးလိုက်ပါ။ အရမ်းကြိုးစားအားထုတ်ထားတာမျိုးကိုလည်း သိသာစေမှာမဟုတ်သလို သက်သောင့်သက်သာလည်း ရှိမှာဖြစ်ပါတယ်။

၎။ တေးဂီတပွဲတွေသွားတဲ့အခါ

ဂျင်းဘောင်းဘီ၊ ဗြောင်တီရှပ်တစ်ထည်နဲ့ အရောင်သိပ်မတောက်တဲ့ စနီကာဖိနပ်တွေကို အင်မတန်လိုက်ဖက်ညီစွာ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ မိန်းကလေးတွေရဲ့အကြည့်မှာ မျောပါသွားတော့မှာပေါ့။

Source: stitchfix.com

Featured Image Source: Dissolve