ခုခေတ်မှာ လူတွေဟာရုပ်ပိုင်းဆိုင်ရာအားသာချက်တွေ အပေါ်မှာ အာရုံစိုက်လာကြပါတယ်။ အကျိုးဆက်အနေနဲ့ ဝခြင်း၊ပိန်ခြင်းတွေဟာ မိန်းကလေးတွေအတွက်ပဲ စိတ်ပူစရာမဟုတ်တော့ပါဘူး။ ကျွန်တော်တို့ယောကျ်ားလေးတွေအတွက်လဲ အလေးထားရမယ့်အပိုင်းတစ်ခုဖြစ်လာပါပြီ။ မိန်းကလေးတွေအတွက်သာမက ယောကျ်ားလေးတွေအတွက်ပါ ဝခြင်းတရားဟာ အတားအဆီးတစ်ခုဖြစ်လာပါတယ်။ ဒါမဲ့ဝတိုင်းစိတ်ပျက်အားလျော့ပြီး smart မကျနိုင်ဘူးလိူ့ထင်ပါသလား။ဒီလိုတော့ မထင်လိူက်ပါနဲ့ ဝတာနဲ့ smartကျတာ အဝေးကြီးဆိုတာကို သက်သေပြဖို့ ခန္ဓာကိုယ်ထွားတဲ့အမျိုးသားတွေအတွက် fashion tips တွေဝေမျှလိုက်ပါတယ်။
(၁) ပိန်သွယ်စေမယ့် trick တွေဆောင်ထားပါ
ကိုယ့်Bodyရဲ့လိုတာထပ်ဝတယ်လို့ထင်ရစေမယ့် ဥပမာဗိုက်လိုနေရာမျိုးတွေကို ဖုံးစေမယ့် ကုတ် or အရောင်ရင့်မျိုးဝတ်ဆင်ပေးခြင်းက ရှိရင်းထပ်ပိန်သွယ်တယ်ထင်ရစေမှာပါ။ နောက်ပြီးV shape နဲ့ ဒေါင်လိုက်အစင်းပါတဲ့ patternမျိုးကို အဓိကထားဝတ်ဆင်ရပါမယ်။ဒီpatternတွေကသင့်ကို အများအမြင်မှာပိန်သွယ်စေမှာအသေချာပါပဲ။
(၂) ကာလာရွေးချယ်မှုကိုသတိထားပါ
ကိုယ့်ရဲ့Bodyကို ရှိရင်းစွဲထပ်ပိုပြီး ကြီးထွားတယ်ထင်ရစေမယ့် အရောင်တောက်တောက်တွေဝတ်ဆင်ခြင်းကို အထူးရှောင်ကျဉ်ရပါမယ်။ အလိုက်ဖက်ဆုံးဖြစ်စေမယ့်အရောင်တွေကတော့ neutral color တွေဖြစ်တဲ့နေဗွီပြာ၊နက်ပြာ၊အနက်နဲ့မီးခိုးတို့ပဲ ဖြစ်ပါတယ်။ ဒီလိုအရောင်တွေကို ကိုယ့်ရဲ့ပုံမှန်ထပ်ပိုပြည့်နေတဲ့ bodyအချိုးအစားမှာ ဝတ်ဆင်ပေးသင့်ပါတယ်။
(၃) Sizeမှန်ကန်အောင်ရွေးချယ်ပါ
ဝတဲ့သူတွေအနေနဲ့ ကိုယ်နဲ့ကွက်တိကျတဲ့ sizeရဖို့ အင်မတန်အရေးကြီးပါတယ်။ တစ်ဆိုဒ်သေးရင်လဲ ကိုယ့်ရဲ့ဝတဲ့ features တွေကိုပိုထင်သာမြင်သာရှိစေနိုင်ပြီး၊ တစ်ဆိုဒ်လောက်ကြီးသွားပြန်ရင်လဲ ထွားထွားကြီးနဲ့ကြည့်ရဆိုးစေနိုင်ပါတယ်။ ဒါကြောင့်အကောင်းဆုံးကတော့ fittingကျစေမယ့် tailor တစ်ယောက်စီမှာ ကိုယ်တိုင်းနဲ့အတိအကျချုပ်ဝတ်ဖို့ပဲဖြစ်ပါတယ်။
(၄) ပိတ်စအသားကိုသေချာရွေးပါ
အင်္ကျီတစ်ခုcuttingကျပြီး fittingဖြစ်ဖို့ ပိတ်စရဲ့အသားပေါ်မှာလဲ မူတည်နေပါတယ်။ အရမ်းထူ၊အရမ်းပါးတဲ့ ပိတ်သားမျိုးရှောင်ကြဉ်ရပါမယ် ဥပမာအနေနဲ့ polyesterလို အသားမျိုးဖြစ်ပါတယ်။ သဘာဝကရပြီး အသားအေးစေမယ့်ပိတ်စ ဥပမာ-cottonလိုမျိုးက အလိုက်ဖက်ဆုံးဖြစ်စေမှာပါ။