ကိုယ့်ကိုကြည့်လိုက်တာနဲ့ အမြဲစမတ်ကျတဲ့ လူကြီးလူကောင်းဆန်တဲ့ စတိုလ်မျိိုးဖြစ်ပါသလား။ ဒါဆိုရင်တော့ အမျိုးသားတို့အတွက် Gentleman ဆန်ဆန်ဝတ်စားတက်ဖို့ သိထားရမယ့် အခြေခံအချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) Suit တွေကို ကိုယ်တိုင်ချုပ်ဝတ်ပါ
Photo : The Christopher
စမတ်ကျပြီး လူကြီးလူကောင်းဆန်စေတဲ့ ဖက်ရှင်ကိုပြောပါဆိုရင်တော့ Suit တွေက မပါမဖြစ်ပါပဲ။ Suit ဝတ်ဆင်ရာမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ တိုင်းချုပ်ထားတဲ့ ဝတ်စုံမျိုး ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ခန္ဓာကိုယ်နဲ့ ကိုက်ညီမှုရှိပြီး ကွက်တိကျနေမှလည်း ပြီးပြည်စုံတဲ့ စတိုင်လ်ကျမျိုး ရစေမှာပါ။
(၂) ဖိနပ်တွေကို သေချာဂရုစိုက်စီးပါ
Photo : Masterclass
စမတ်ကျဖို့လို့ပြောလိုက်တာနဲ့ အဝတ်အစားအပြင် ထည့်စဉ်းစားဖို့လိုတာကတော့ ဖိနပ်တွေပါပဲ။ ဖိနပ်တွေဟာ သင့်ရဲ့ဖက်ရှင်အသွင်အပြင်ကို ပြီးပြည့်စုံသွားအောင် ပံ့ပိုးပေးမှာဖြစ်ပါတယ်။ Suit တွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ လည်သာဖိနပ်တွေစီးတဲ့အခါ သန့်ရှင်းတောက်ပြောင်နေအောင် တိုက်ချွတ်ပြီးမှ စီးပါ။
(၃) သန့်ရှင်းသပ်ရပ်မှုရှိအောင်ထိန်းသိမ်းပါ
Photo : Next Luxury
အဝတ်အစားတွေ ဝတ်တဲ့အခါ သန့်ရှင်းသပ်ရပ်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။ ဈေးကြီးတဲ့ ဝတ်စုံတွေဝတ်နေပါအုန်းတော့ အစွန်းအထင်းတွေ ၊ တွန့်ကြေနေတာမျိုးဖြစ်နေရင် သင့်ရဲ့ စမတ်ကျမှုကို အားနည်းသွားစေမှာဖြစ်ပါတယ်။ ဒါကြောင့်အဝတ်စားတွေကို မဝတ်ခင်မှာသေချာလျှော်ဖွတ်မီးပူတိုက် ဝတ်ဖို့လိုသလို ဝတ်ထားစဉ်မှာလည်း အစွန်းအထင်းနဲ့ တွန့်ကြေမှုမရှိအောင် ဂရုတစိုက်ဝတ်သင့်ပါတယ်။
Featured Photo : The Fun Empire