တီဗွီစီရီးတစ်ခုအနေနဲ့ ပရိသတ်အားပေးမှုရထားတဲ့ Peaky Blinders စီးရီးဟာ မသိရင် ဖက်ရှင်ကားတစ်ကားလို့တောင် မှတ်ရလောက်အောင် ဖက်ရှင်အကြောင်း နည်းယူစရာတွေ ပါတဲ့ ရုပ်ရှင်စီးရီးတစ်ခုဖြစ်ပါတယ်။ ၁၉ ရာစုအကုန် ၂၀ ရာစုအဆန်းပိုင်းက အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်က Peaky Blinders ဆိုတဲ့ ပြစ်မှုကျူးလွန်တဲ့လူငယ်ဂိုဏ်တစ်ဖွဲ့အကြောင်း ရိုက်ထားတာ ဖြစ်ပေမယ့် ဒီရုပ်ရှင်စီးရီးမှာ သုံးသွားတဲ့ ဖက်ရှင်လေးတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အနည်းဆုံးတော့ အဓိကဇာတ်ကောင် တွမ်မီရှယ်လ်ဘီရဲ့ စီးကရက်သောက်တဲ့စတိုင် ၊ သူတို့ခေတ်က ဆံပင်ပုံစံနဲ့ သူဆောင်းတဲ့ Flat Cap ဦးထုပ်တွေဟာ အခုချိန်မှာ ပြန်ပြီး ခေတ်စားလာနေပါတယ်။ Peaky Blinders ထဲမှာပါတဲ့ စိတ်ဝင်စားစရာ ဖက်ရှင်လေးတွေ ကြည့်ရအောင်ပါ။
(၁) Prada Flat Cap

Photo: esquire
Peaky Blinders ထဲမှာ ထင်ရှားတဲ့ ဖက်ရှင်တစ်ခုက Prada Flat Cap ပါ။ Great Britain နဲ့ အိုင်ယာလန်တို့မှာ အဆောင်းများတဲ့ ကတ်ဦးထုပ်မျိုး ဖြစ်ပါတယ်။ သိုးမွေးသား ကတ်ဦးထုပ်ဒီဇိုင်းဖြစ်ပြီး ၁၉၂၀ နောက်ပိုင်း အင်္ဂလန်မှာ ခေတ်စားခဲ့တာပါ။
(၂) Emma Willis Tie

Photo: manofmany
အစောပိုင်းမှာ ပြောခဲ့သလိုပါပဲ။ Peaky Blindersတွေဟာ စတိုင်ကြောင့် နာမည်ကြီးသွားပါတယ်။ ဒီထဲမှာ Flat Caps တွေအပြင် Emma Wills တံဆိပ် ပိုးနက်ခ်တိုင်လည်း ပါပါတယ်။
(၃) Mulberry Tie Bar

Photo: manofmany
တောမတ်စ်ရှယ်လ်ဘီရဲ့ ရှပ်နက်ခ်တိုင်မှာ တွေ့ရတဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခုပါ။ အမျိုးသားဖက်ရှင်ကုမ္ပဏီ Mulberry က ထုတ်ထားတဲ့ ငွေရောင်သတ္ထုနက်ခ်တိုင်ကလစ်ဖြစ်ပါတယ်။
(၄) Thom Sweeney Waist coat

Photo: esquire
နာမည်မှာ ပြောထားတဲ့အတိုင်း တွမ်ဆွီနေးဝတ်တဲ့ Waistcoat ဖြစ်ပါတယ်။ အခုလို ဆောင်းရာသီမျိုးမှာ သိပ်အေးတဲ့ ဒေသတွေမှာ ရိုးရိုးကုတ်အပြင် Waistcoat လေးခံဝတ်ထားရင် ပိုပြီး ဖက်ရှင်မိမှာသေချာပါတယ်။
(၅) Thom Sweeney Jacket & Overcoat

esquire
Peaky Blinders ကားထဲမှာ အထင်ရှားဆုံးဖက်ရှင်တွေက ကုတ်တွေ ဖြစ်ပါတယ်။ တွမ်ရှယ်လ်ဘီဆိုရင် Overcoat ကို အနက်ရောင်ဝတ်လေ့ရှိပါတယ်။ သိုးမွေးထည်တွေ ဖြစ်ပြီး ဂန်းစတားတွေကို ပိုပြီး ခန့်ထည်စေအောင် ပံ့ပိုးတဲ့ ဖက်ရှင်လည်း ဖြစ်ပါတယ်။
(၆) Charles Hubert Watch

Photo: gentlemansgazette
၁၉ ရာစုအကုန်က လူသုံးမများတဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခုက အိတ်ဆောင်နာရီပါ။ Peaky Blinder တွေက Waistcoat မှာ ကြိုးတပ် အိပ်ဆောင်နာရီလေးတွေ တပ်ထားလေ့ရှိပါတယ်။ Pocket Watch တွေက ဈေးသင့်ပါတယ်။ အခုချိန်မှာလည်း Pocket Watch လေးတွေနဲ့ ဖက်ရှင်မိအောင် ဆင်လို့ရပါတယ်။
(၇) Thom Sweeney Pants & Shirt

Photo: gentlemansgazette
Thom Sweeney တံဆိပ် အမျိုးသားဝတ် Pant တွေက Peaky Blinders ကားထဲမှာ လူကြီးလူကောင်းတစ်ခုရဲ့ ဖက်ရှင်အဖြစ် ပါဝင်ပါတယ်။ နောက်တစ်ခုက ဖြုတ်တပ်နိုင်တဲ့ ကော်လာပါတဲ့ Club Collar ရှပ်အင်္ကျီပါ။ တွမ်မီရဲ့ အကြိုက်ရှပ် ဖြစ်ပြီး ထောင်လိုက်အစင်းစိတ်စိတ်လေးတွေနဲ့ လာပါတယ်။
(၈) Grenson Boots

Photo: gentlemansgazette
Peaky Blinders စတိုင် Dress Shoes ကလည်း ဒီရုပ်ရှင်မှာ သတိထားသင့်တဲ့ ဖက်ရှင်တစ်ခုပါ။ အညို ဒါမှမဟုတ် အနက်ရောင် လယ်သာနဲ့ လာပါတယ်။ Boots ဆိုတဲ့အတိုင်း ဒေါက်ပါပြီး ခန့်ပါတယ်။ ဒီ Boot ဟာ ၁၉၂၀ ပြည့်လွန်နှစ်တွေက ဂန်းစတားတစ်ယောက်ကို အများအမြင်မှာ အကောင်အကြီးကြီး ဖြစ်စေနိုင်တဲ့ ဖက်ရှင်တစ်ခုဆိုလည်း မမှားပါဘူး။
