ဒီနေခေတ် ဖက်ရှင်နယ်ပယ်မှာ Smart Casual ဆိုတဲ့ အသံက ကျယ်လောင်လာပြီ ဖြစ်ပါတယ်။ Smart Casual ဟာ သက်တောင့်သက်သာ ဝတ်စားဆင်ယင်မှုကိုမှ ဝတ်ဆင်သူနဲ့ ပိုပြီး Fitting ကျပြီး သပ်ရပ်မှုရှိတဲ့ Dress Code တစ်မျိုးပါ။ ပရော်ဖက်ရှင်နယ် Dress Code တို့ Business Casual တို့လောက်တော့ Formal မကျတဲ့ ပေါ့ပါးသပ်ရပ်တဲ့ ဖက်ရှင်လို့ ပြောရင် ရမှာပါ။

Photo: luxe digital

Suit လိုမျိုး ဝတ်စုံပြည့်လည်း မဝတ်ချင်သူတွေနဲ့ Tracksuit ဝတ်ထားတာထက်လည်း စမတ်ကျချင်သူတွေအတွက်တော့ Smart Casual က ဆန်းသစ်မှု ရှိတဲ့ ဖက်ရှင်တစ်ခုလို့ ဆိုနိုင်ပါတယ်။ Smart Casual ထဲမှာ လူပြောအများဆုံး ဝတ်စားဆင်ယင်မှုကတော့ အဖြူရောင် ရှပ် ၊ သပ်ရပ်တဲ့ Jeans ၊ ဘလေဇာကုတ်နဲ့ အညိုရောင် Loafer တို့အတွဲပဲ ဖြစ်ပါတယ်။

ပိုပြီး Formal ကျချင်ရင်တော့ ချည်သားဘောင်းဘီ ဒါမှမဟုတ် Chino pants ၊ ကော်လာပါ ရှပ် ၊ ကြိုးချည်စရာမလိုတဲ့ စမတ်ရှုးစ်တစ်ရံနဲ့ အပေါ်ဝတ် ဂျက်ကတ်တစ်ထည် လိုပါတယ်။ Informal စတိုင် ဝတ်ရင်လည်း စမတ်ကျပြီး သန့်ရှင်းတဲ့ Jeans Pant ဆိုရင် ရပါတယ်။ Informal Smart Casual ဖြစ်တဲ့အတိုင်း လယ်သာဂျက်ကတ်ဖြစ်စေ သိုးမွေးချည်ထိုး suit ဖြစ်စေ ဝတ်နိုင်ပါတယ်။

တကယ်လို့ ရာသီဥတုကြောင့် အပေါ်ဝတ် ဂျက်ကတ်မသုံးချင်ဘူးဆိုရင် တီရှပ်ကိုမှ အရည်အသွေးကောင်းပြီး ဆိုဒ်ကျတဲ့ Plain T-Shirt မျိုး ဝတ်သင့်ပါတယ်။ ဒီနေရာမှာ ပိုလိုရှပ်ဗြောင်လေးတွေက ရွေးချယ်စရာပါ။ ပိုလိုရှပ်ကို ကြယ်သီးတစ်လုံးဖြုတ်ပြီး ပေါ့ပေါးတဲ့ စတိုင်ဖြစ်အောင် အသက်သွင်းနိုင်ပါတယ်။

Photo: luxurysocietyasia

တကယ်လို့ တီရှပ်လက်ရှည် ဝတ်ချင်တယ်ဆိုရင်လည်း ခပ်ပါးပါး Jumper စတိုင် T-Shirt မျိုး ရွေးချယ်သင့်ပြီး အောက်က ဖိနပ်ကိုတော့ Trainers Shoes တွေမျိုး ပေါ့ပေါ့ပါးပါးဖြစ်အောင် တွဲဝတ်သင့်ပါတယ်။ သိထားရမှာက Smart Casual ဝတ်ရင် Pattern တွေ Logo နဲ့ Slogan တွေ ပါတဲ့ တီရှပ်မျိုး ရှောင်ပါ။ တတ်နိုင်သလောက် အရောင် ၊ ပုံစံနဲ့ အရည်အသွေးဟာ သပ်ရပ်ပြီး ရှင်းသန့်နေဖို့ လိုပါတယ်။