မိန်းကလေးတွေအမြင်မှာ ဆွဲဆောင်မှုရှိပြီး ဖက်ရှင်ကျကျ ဝတ်စားတက်သူတစ်ယောက်ဖြစ်ချင်ပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက် ဖြစ်ပါတယ်။ ကွီးတို့ကို ဆွဲဆောင်မှုရှိစေပြီး စတိုင်လ်ကျတဲ့ သူတစ်ယောက်ဖြစ်အောင် ပြောင်းလဲပေးနိုင်မယ့် ဖက်ရှင်အကြံပြုချက်လေးတွေကို ပြောပြပေးသွားမှာပါ။ ကဲဒါဆို ဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) ရိုးရိုးရှင်းရှင်း ဝတ်ဆင်ပါ

Chino & Khaki Pants
Photo : Next Luxury

ပေါ့ပါးလွတ်လပ်ပြီး ရိုးရှင်းတဲ့ဖက်ရှင်က အမျိုးသားတွေအတွက် ဆွဲဆောင်မှုအရှိဆုံးပါပဲ။ ဖက်ရှင်နဲ့ပတ်သတ်ပြီး ဟိတ်ဟန်ကြီးတဲ့ Suit တွေ ၊ Formal Dress တွေထက်စာရင် ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းတဲ့ ပေါ့ပါးသပ်ရပ်တဲ့ စတိုလ်မျိုးက မိန်းကလေးတွေအမြင်မှာ ပိုပြီးဆွဲဆောင်မှုရှိစေမှာ ဖြစ်ပါတယ်။ Smart ကျတဲ့ T-Shirt တစ်ထည် ၊  Chinos ဘောင်းဘီနဲ့ နာရီကောင်းကောင်းတစ်လုံး ဝတ်ဆင်ထားရင်ပဲ လုံလောက်ပါပြီ။

(၂) ဘော်ဒီအချိုးအစားနဲ့အညီဝတ်ပါ

chris evans

Photo : DMARGE

ကိုယ့်ရဲ့ ဘော်ဒီအချိုးအစားနဲ့ ကိုက်ညီတဲ့ဖက်ရှင်မျိုးကိုပဲ ရွေးချယ်ဝတ်သင့်ပါတယ်။ Fitting ကျတယ်ဆိုတာ ကျပ်လွန်းနေတာမျိုးမဟုတ်ပဲ ဘော်ဒီအချိုးအစားကို ပေါ်လွင်စေတဲ့ ဖက်ရှင်မျိုးကို ဆိုလိုတာပါ။ ခန္ဓာကိုယ်နဲ့ အချိုးအစာကျတဲ့ ဖက်ရှင်မျိုးက တောင့်တင်းကြံ့ခိုင်တဲ့ပုံစံပေါက်စေပြီး ကြွက်သားအဖုအထစ်တွေကို ပေါ်လွင်စေတာကြောင့် ဒီလိုဖက်ရှင်မျိုးဝတ်ဆင်ထားမယ်ဆိုရင် မိန်းကလေးတွေရဲ့မျက်လုံးက သင့်ဆီပဲရောက်နေမှာ သေချာပါတယ်။

(၃) သေချာမီးပူတိုက် ဝတ်ပါ

 handsome young man getting dressed on his wedding day

Photo : iStock

အဝတ်အစားတွေကို မီးပူမတိုက်ရသေးပဲ တွန့်ကြေနေတဲ့အနေအထားမျိုး လုံးဝမဝတ်ပါနဲ့။ အဝတ်အစားတွေ တွန့်ကြေနေခြင်းက ဆွဲဆောင်မှုလျော့စေပြီး ပင်ကိုယ်ရုပ်ရည်သွင်ပြင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ မိန်းကလေးတွေ အမြင်မှာကြော့ရှင်းပြီး ကြည့်လိုက်တာနဲ့သန့်ပြန့်နေတဲ့ အသွင်မျိုးရချင်ရင်တော့ အဝတ်အစားတွေကိုသေချာလျော်ဖွတ် မီးပူထိုးပြီးမှ ဝတ်ရမှာဖြစ်ပါတယ်။

(၄) အရောင်တွေ မထပ်ပါစေနဲ့

Pink T-Shirts

Photo : The Trend Spotter

များသောအားဖြင့် အမျိုးသားအများစု ဝတ်လေ့ရှိတဲ့ ဖက်ရှင်ကာလာတွေက အနက် ၊ မီးခိုး ၊ နက်ပြာ၊ အညို နဲ့ အဖြူရောင်တွေ များပါတယ်။ ဖက်ရှင်အရောင်တွေက ဒါတွေပဲထပ်တလဲလဲဝတ်နေရင် ငြီးငွေ့စရာကောင်းနေမှာပါ။ အရောင်တွေ မထပ်အောင် အမျိုးမျိုးပြောင်းဝတ်မှလည်း မတူတဲ့အမြင်တစ်မျိုးနဲ့ ဆွဲဆောင်မှုရှိနေမှာ ဖြစ်ပါတယ်။ အခုလိုပူအိုက်တဲ့အချိန်တွေမှာ အရောင်လွင်လွင်လေးတွေ ၊ နောက်ပြီး ပန်းနုရောင် ၊ အဝါဖျော့ဖျော့နဲ့ သံလွင်သီးရောင်စတဲ့ အရောင်ဆန်းလေးတွေလည်း ပြောင်းလဲဝတ်ဆင် ကြည့်သင့်ပါတယ်။

(၅) ဖလန်နယ်တွေဝတ်ပါ

man Flannel Shirt

Photo : Top Trends Guide

ယောင်္ကျားဆန်ပြီး ခန့်ညားတဲ့ အသွင်ကိုပုံဖော်နိုင်တာကတော့ ဖလန်နယ်အင်္ကျီတွေပါပဲ။ ဖလန်နယ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီ အတွဲအစပ်ကတော့ အမျိုးသားတိုင်းမှာ ရှိထားသင့်တဲ့ ဖက်ရှင်တစ်မျိုးလို့ ဆိုရမှာဖြစ်သလို ယောင်္ကျားဆန်ပြီး ဆွဲဆောင်မှုရှိစေတာကြောင့် မိန်းကလေးတွေရဲ့စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ အကောင်းဆုံးဖက်ရှင်လည်းဖြစ်ပါတယ်။

Featured Photo : Out and About Magazine